လမ်း၊ တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရေး ဆောင်ရွက်သွားကြရမည်

 

နေပြည်တော်   ဩဂုတ်  ၁၁


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး   အစီအစဉ် (Knowledge   Sharing  Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲ   အမှတ်စဉ်(၁၉)ကို “Project   Delivery  System ” ခေါင်းစဉ်ဖြင့်    ယနေ့မွန်းလွဲပိုင်း က      ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး (နေပြည်တော်) စုပေါင်း ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 


ဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်      ဒေါက်တာ ကံဇော်က  ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏   အဓိကတာဝန်မှာ ဘဏ္ဍာရေးစာရင်း  စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု    စစ်ဆေး ခြင်းနှင့်   လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းတို့ဖြစ်ပြီး စစ်ဆေး ရေးလုပ်ငန်းများကို   နိုင်ငံတကာ စံနှုန်းများနှင့်အညီ   ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အချိန်တွင် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း (Real Time Audit) ကိုပါ စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစစ်ဆေးခြင်းသည်   စီမံ ကိန်းလုပ်ငန်း စတင်သည့်အချိန်မှ ပြီးဆုံးသည့်အချိန်အထိ  ဆောင် ရွက်မှုအဆင့်အလိုက်   စစ်ဆေး ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအနက် လမ်း၊ တံတား တည်ဆောက်ရေး     လုပ်ငန်းစီမံ ကိန်းများမှာ     အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည်သူ့အကျိုးဖြစ်ထွန်းမှု၊ ထိရောက်   အောင်မြင်မှုရှိစေရေး အလေးပေး   ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊      စီမံကိန်း လုပ်ငန်းများ အောင်မြင်ပါမှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။

 


သို့ပါ၍   ယနေ့ဆွေးနွေးပေး မည့် လမ်း၊ တံတားစီမံကိန်းများ အကောင်အထည်ဖော်   ဆောင် ရွက်ရာတွင် ရွေးချယ်ဆောင်ရွက် နိုင်သည့်     လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို လေ့လာမှတ်သားပြီး  သိရှိလိုသည် များကို    မေးမြန်းခြင်း၊   အပြန် အလှန်ဆွေးနွေးခြင်း၊    အကြံပြု ခြင်းများဖြင့်    ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း    ပြောကြား သည်။

 


ထို့နောက်   ဆောက်လုပ်ရေး ဝန်ကြီးဌာန     လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော် သီဟနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်သွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အိအိ မျိုးနှင့် အဖွဲ့က Project Delivery System နှင့်စပ်လျဉ်း၍ ဒီဇိုင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲမည့်အဖွဲ့   ရွေးချယ်ခြင်း (Project   Organization) ၊ လုပ်ငန်းရှင်နှင့်   ကန်ထရိုက်တာ တို့အကြား သဘောတူညီချက်ပုံစံ (Contract Type) နှင့် ကန်ထရိုက် တာ ရွေးချယ်ခြင်း (Contractor Selection) ၊ Lump Sum Contract ၊   Unit   Price  Contract တို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း စီမံကိန်းများကို Case Study များ ဖြင့်   ပြည့်ပြည့်စုံစုံ   ရှင်းလင်း ဆွေးနွေးသည်။

 


ယင်းနောက်     တက်ရောက် လာကြသူများက   အပြန်အလှန် အကြံပြုဆွေးနွေးခြင်း၊ မေးမြန်း ဖြေကြားခြင်းများ   ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။   သတင်းစဉ်