လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်းဖွင့်

 

နေပြည်တော်  ဒီဇင်ဘာ ၁    

 

လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယ မြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ     စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်    (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို   နိုဝင်ဘာ ၂၈   ရက်  နံနက်ပိုင်းက   အခြေခံ ပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲ မှုသင်တန်းကျောင်း  (ရန်ကုန်)  ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

 


ယခုသင်တန်းကို   စီမံခန့်ခွဲ ရေး၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို    တာဝန်ယူ ဆောင်ရွက်ရသည့်   အရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်    ပိုမို မြင့်မားလာစေရန်၊ ဘဏ္ဍာရေးဆိုင် ရာကိစ္စရပ်များကို    တတ်ကျွမ်း နားလည်စွာ ဆောင်ရွက်တတ်စေ ရန်နှင့်  သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊  မူဝါဒ၊   စီမံကိန်း ဆိုင်ရာလုပ်ငန်းများ၊  ကွန်ပျူတာ နှင့်  ICT  လုပ်ငန်းများကို    ပိုမို တတ်ကျွမ်းနားလည်စေရန် ရည် ရွယ်ချက်များဖြင့်    ဖွင့်လှစ်ခြင်း ဖြစ်ပြီး စီမံခန့်ခွဲရေး၊   သင်ကြား သင်ယူမှုဆိုင်ရာ    လုပ်ငန်းများ၊ ဘဏ္ဍာရေးကိစ္စရပ်များ၊   မူဝါဒ၊ စီမံကိန်း၊ ICT၊ ကွန်ပျူတာစသည့် ဘာသာရပ်များကို    ပညာရေး စီမံခန့်ခွဲမှု    သင်တန်းကျောင်း (ရန်ကုန်)   မှ   သင်တန်းနည်းပြ ၁၄ ဦးတို့က ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။     

 


အခမ်းအနားသို့    အခြေခံ ပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ     ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ထွန်း တက်ရောက်၍  အမှာစကား ပြောကြားသည်။

 


အဆိုပါ  သင်တန်းသို့    တိုင်း ဒေသကြီးနှင့်   ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး ၂၂ ဦး၊ ဒုတိယ မြို့နယ်ပညာရေးမှူး ၆၄  ဦးနှင့် ဦးစီးအရာရှိ ၂၁၀  စုစု ပေါင်း သင်တန်းသား သင်တန်းသူ ၂၉၆ ဦး တက်ရောက်ကြကြောင်း နှင့် သင်တန်းကာလမှာ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၆ ရက် ကြာ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်