
နေပြည်တော် ဧပြီ ၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူး သင်တန်းသားများ၊ ဗိုလ်လောင်း များနှင့် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင် ကျောင်းရှိ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး စာရေးသင်တန်း သားများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းခန်းမတို့တွင် သီးခြားစီ တွေ့ဆုံ၍ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တပ်မတော် (ကြည်း)
တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမ ၌တွေ့ဆုံ၍လည်းကောင်း အမှာစကား ပြောကြား သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းကြီးများနှင့် လက်ရုံးဝန်ထမ်းတပ်များ အခြေပြုရာ သမိုင်းအစဉ် အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ကြောင်း၊ တပ်မြို့တွင် နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များအနေဖြင့် မိမိတို့တပ်၊ ကျောင်းများကို သာမက မြို့နေလူထု၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း။
အမြဲတမ်းလေ့ကျင့်နေကြရမည်
နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ခေတ်စစ်ပွဲပုံသဏ္ဌာန်သည် ဘက်စုံစစ်ပွဲအသွင် Multi Dimensional Warfare အဖြစ် အင်အားကြီး နိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲ နိုင်ငံငယ်နှင့် ဖွံ့ဖြိုးပြီး နိုင်ငံအချို့အပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအပေါ်တွင်လည်း နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးနှင့် ဝါဒဖြန့်ချိရေး စသည် နယ်ပယ်ပေါင်းစုံဖြင့် ထိုးနှက်လုပ်ဆောင်နေမှုများရှိနေကြောင်း၊ အကြမ်းဖက်မှုကို လိုလားသူ များအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ပြိုလဲဖျက်ဆီးရန် ကြိုးပမ်းလာခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ဘာသာ သာသနာ ဆိုင်ရာ ထိုးနှက်လာခဲ့မှုများကို မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကာ ကာကွယ်နိုင်ရန်လို ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်ဖြူ ကျူးကျော်မှု၊ မူဂျာဟစ် သောင်းကျန်းမှု၊ ကွန်လုံရက် ၄၀ တိုက်ပွဲ၊ မုံကိုး၊ လောက်ကိုင် လွတ်မြောက်နယ်မြေ ဖြစ်ရေး အကြမ်းဖက်တိုက်ခိုက်မှုများကို တပ်မတော် က အမျိုးသားရေး စိတ်ဓာတ်ဖြင့်ပင် ဦးဆောင်မှုဖြင့် ကာကွယ်ခဲ့ကြောင်း၊ အလားတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပျက်ပြားစေရန် အဓမ္မ နိုင်ငံတော်အာဏာရယူရန် ကြိုးပမ်းလာမှုကိုလည်း တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ကာကွယ်ထိန်းသိမ်းပေးခဲ့ရကြောင်း၊ ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာ သိသင့်သိထိုက်၊ တတ်သိ တတ်အပ်သော စစ်မှုအတတ်ပညာများ၊ စစ်လက်နက် ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက် တတ်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လည်း တပ်မတော်သားများအနေဖြင့် အမြဲတမ်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ် ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် နည်းပြ များအနေဖြင့် စေတနာထား၍တတ်မြောက်သည် အထိ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မိမိသိသကဲ့ သို့၊ မိမိတတ်သကဲ့သို့၊ မိမိကျွမ်းကျင်သကဲ့သို့ သင်တန်းသားများအား တတ်သိကျွမ်းကျင်အောင် အိတ်သွန်ဖာမှောက် သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသား တပည့်များကို ဆရာဂုဏ်ပြည့်ဝစွာဖြင့် “ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့” ဆိုသကဲ့သို့ သင်ကြားစောင့်ရှောက် ပေးရမည်ဖြစ်ကြောင်း။
ကျေပွန်အောင်ထမ်းဆောင်
ဆက်လက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင်လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့အသီးသီးက ကျရာအခန်း ကဏ္ဍမှ ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြား ပေးရာ၊ မွမ်းမံလေ့ကျင့်ပေးရာသင်တန်းကျောင်းကြီး များရှိရာ မြို့ဖြစ်၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအားပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ် မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိတို့၏ စိတ်ဆန္ဒအရ ဝင်ရောက်တာဝန် ထမ်းဆောင်နေသူများသာဖြစ် ပြီး တိုင်းရင်းသားအားလုံးနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း၊ မဖြစ်မနေ အဓမ္မစုဆောင်းခြင်းကို ခွင့်မပြုသကဲ့သို့ ကျန်းမာရေး၊ ပညာရေးအရ လိုအပ်သည်များကိုလည်း ကန့်သတ်၍ စီစစ်ရွေးချယ်ခန့်ထားခြင်းခံရသူများ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပြီးချိန်တွင်လည်း လုံလောက်သော အချိန်ရယူ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ခေတ်မီလက်နက်ကိရိယာများ ပြည့်စုံအောင်တပ်ဆင် ပေးလျက်ရှိကြောင်း၊ တပ်ဆင်ပေးထားသော ခေတ်မီ လက်နက်ကိရိယာများကို အပြည့်အဝအသုံးချ၍ တိုက်ပွဲစွမ်းရည်၊ တိုက်ပွဲစွမ်းအား ရရှိအောင် ဖန်တီး နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တစ်ဦးချင်း၏ စွမ်းရည်၊ တစ်ဦးချင်း၏ စွမ်းအားကို စနစ်တကျဖော်ထုတ်နိုင်ပြီး ကြီးမားသောစုစည်း စွမ်းအားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခြေခံကျသော လေ့ကျင့်မှုများကို ရရှိ သော အချိန်တိုင်း အလေးထားလေ့ကျင့်နေကြရန် လိုကြောင်း။
စစ်စည်းကမ်းနှင့်ပတ်သက်၍ တပ်မတော်သား များ၏ အသက်ခန္ဓာသည် စစ်စည်းကမ်းနှင့် အမိန့် နာခံမှုပင်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကို တိကျစွာ လိုက်နာ၍ ပေးအပ်သော အမိန့်ကို နာခံခြင်းဖြင့် ရည်မှန်းချက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ရန်ဟူသော အဓိကတာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ အဓိကကျောရိုး မဏ္ဍိုင်တစ်ခုဖြစ်ပြီး နေထိုင်သွားလာ စားသောက်မှုမှ အစ အသေးစိတ်လုပ်ကိုင် ဆောင်ရွက်မှုအားလုံးကို အခြေခံလေ့ကျင့်ရေးဝင်သည့် ကာလကပင် စနစ် တစ်ခုအဖြစ် သင်ကြားလေ့ကျင့်ပေးပြီး ဖြစ်ကြောင်း၊ ၎င်းအလေ့အကျင့်ကို ဘဝတစ်လျှောက်လုံး အလေ့ အထဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ခေါင်းဆောင်မှုသည် အရေးကြီး
ခေါင်းဆောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းတာဝန် အောင်မြင်ရန်မှာ ခေါင်းဆောင်မှုသည် အရေးကြီး ကြောင်း၊ နိုင်ငံတော် ပြန်တမ်းအဖြစ် ခေါင်းဆောင် ခန့်အပ်မှုနှင့် လက်အောက်အရာရှိ ၊ စစ်သည်များက ခန့်အပ်သည့် ခေါင်းဆောင်မှုသည် မတူညီကြောင်း၊ မိမိ၏ စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင်မှု၊ နေထိုင် ပြောဆိုမှုကိုလိုက်၍ လက်အောက်၏ ယုံကြည် ကိုးစားမှု၊ လေးစားမှုကိုရရှိ၍ ခေါင်းဆောင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်က ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ချက် ကို သိရှိလိုက်နာနေရန်လိုကြောင်း၊ ထို့အပြင် လုပ်ငန်းတာဝန်အရ တပ်မှူးကောင်းစိတ်ဓာတ် ထားရှိရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း မိဘသဖွယ် စိတ်ဓာတ်ဖြင့် မိသားစုကဲ့သို့ နွေးထွေးစွာ ဆက်ဆံကြရန်လိုကြောင်း၊ မိမိကွပ်ကဲနေသော တပ်အရွယ်အစားအလိုက် လက်အောက်ငယ်သား များနှင့်ပတ်သက်၍ ကောင်းမွန်သော အုပ်ချုပ်သူ၊ ကောင်းမွန်သော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူ၊ ကောင်းမွန်သော တရားစီရင်နိုင်သူနှင့် ကောင်းမွန် သော လေ့ကျင့်ရေးမှူးကောင်းများနှင့် တပ်မှူး ကောင်းများအဖြစ် တည်ဆောက်နေထိုင်ရန်လို ကြောင်း၊ သို့မှသာ လက်အောက်က ယုံကြည်အားထား ရသည့် အောင်မြင်သော စစ်ဘက်ခေါင်းဆောင်များ ဖြစ်လာမည်ဖြစ်ကြောင်း။
ဒါ့အပြင် ကျန်းမာကြံ့ခိုင်မှုနှင့်ပတ်သက်၍ ပေးအပ်သော လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များ အောင်မြင်နိုင်ရန် ကိုယ်ခန္ဓာ ကြံ့ခိုင်ကျန်းမာနေရန် နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရန်လည်း လိုအပ် ကြောင်း၊ မိမိကိုယ်တိုင်သာမက မိမိကွပ်ကဲအုပ်ချုပ် သူ အားလုံးသည် ကိုယ်ရောစိတ်ပါ အမြဲကြံ့ခိုင် ကျန်းမာသန်စွမ်းနေအောင် စီမံဆောင်ရွက်နေရန် လိုကြောင်း။
စစ်ပညာကို အသုံးချ၍ ကျေပွန်စွာထမ်းဆောင်
အထူးသဖြင့် တပ်မတော်သားများ၏ လုပ်ငန်း သဘောသဘာဝအရ ခက်ခဲကြမ်းတမ်း၍ ပင်ပန်း ဆင်းရဲသော ရည်မှန်းချက်တာဝန်များ ထမ်းဆောင် နေရသူများဖြစ်၍ အမြဲကိုယ်စိတ်နှစ်ပါး ကျန်းမာ ကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ သည် သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုနေကြသူ များဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထား သူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့် တာဝန် များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာကို အသုံးချ၍ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ တပ်မတော်သား တစ်ဦးချင်းလိုက်နာရမည့် လုပ်ငန်း လမ်းညွှန်ဖြစ်သော ကျင့်ဝတ်အပါး ၂၀ တွင် ပါရှိသည့် ငွေကြေးဆိုင်ရာကျင့်ဝတ်၊ အမျိုးသမီးဆိုင်ရာ ကျင့်ဝတ်၊ မူးယစ်ဆေးဝါးဆိုင်ရာကျင့်ဝတ် စသည် တို့ကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းခြင်း ဖြင့် တပ်မတော်သားဟူသော ဂုဏ်ပုဒ်ကို မြှင့်တင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ရန် စာဖတ်ခြင်းသည် ကြီးမားသော အထောက်အကူပြုမှု ဖြစ်၍ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာနေရန် လိုကြောင်း၊ အဆင့်အတန်းအားလုံး ဖတ်ရှုလေ့လာ နိုင်ရန်ရည်ရွယ်၍ တပ်မတော်အကြီးအကဲအနေဖြင့် တပ်မတော်ပိုင် နေ့စဉ်သတင်းစာနှင့် စာအုပ်၊ စာစောင်များ၊ မဂ္ဂဇင်းနှင့် ဆောင်းပါးများ၊ အထွေထွေ ဗဟုသုတဆိုင်ရာများ ပုံမှန်ထုတ်ဝေ ဖြန့်ချိပေး လျက်ရှိကြောင်း။
တပ်မတော်တည်ဆောက်မှုနှင့် ပတ်သက်၍ တပ်မတော်ကို နိုင်ငံတကာနှင့်ယှဉ်၍ စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ရာ နိုင်ငံတကာ ဥပဒေများဖြစ် သည့် Geneva Convention, ပြည်တွင်းလက်နက် ကိုင် သောင်းကျန်းသူများချေမှုန်းရာတွင် လိုက်နာ ရမည့် ROE စသည်တို့ကိုလည်း သိရှိလိုက်နာရန် လိုကြောင်း၊ အလားတူ လုပ်ငန်းလမ်းညွှန်ဖြစ်သော တပ်မတော်သားများ စောင့်ထိန်းလိုက်နာလျက်ရှိ သည့် ကျင့်ဝတ်အပါး ၆၀ တွင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ ရန်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များသည်လည်း နိုင်ငံတကာက လက်ခံ ထားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကျင့်ဝတ်များနှင့် ကိုက်ညီမှုရှိသည်ကို သိရှိရန် လိုကြောင်း။
ပေးအပ်သော တာဝန်များ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး အတွက် မပျက်လေ့ကျင့်နေရန်လိုကြောင်း၊ ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆောင်ပုဒ်များကို လိုက်နာလုပ်ဆောင်ရန်လိုကြောင်း၊ အလားတူ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်မှာလည်း အရေးကြီးကြောင်း၊ နိုင်ငံကို ဖျက်ဆီးလိုသူများသည် ဘက်ပေါင်းစုံမှ သွေးခွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့ အပေါ် တုံ့ပြန်နိုင်ရန် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်လို ကြောင်း၊ အမှားအမှန်ပိုင်းခြားဝေဖန်တတ်မှု၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုဖြစ်စေရန်မှာ စာအုပ်၊ စာပေ လူ့မိတ်ဆွေဆိုသကဲ့သို့ အလိမ္မာစာမှာရှိဆိုသည့် အတိုင်း စာကောင်းပေမွန်များကိုလည်း အခွင့်အရေး ရရှိသည့် အချိန်တိုင်း၌ ဖတ်မှတ်လေ့လာနေရန် လိုပါ ကြောင်း၊ စာဖတ်ခြင်းဖြင့် အတွေးမှန်၊ အသိမှန်များ ရရှိကာ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက်များ မြင့်မားကာ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း။
ဗထူးတပ်မြို့သည် လေ့ကျင့်ရေးကျောင်းကြီး များရှိသကဲ့သို့ ခြေလျင်/ခြေမြန် တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များလည်းရှိကြရာ တပ်ရင်း/တပ်ဖွဲ့ နှင့် မိသားစုများအတွက် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ်ကိုလည်း နေ့စဉ်သမားစဉ် လုပ်ငန်းများနှင့်အတူ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်တွင်လည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့သို့ တပ်နယ် အတွင်းရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစု များကို တိုက်ပွဲဝင်စိတ်ဓာတ်များ၊ စစ်မှုအတတ်ပညာ များ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့်ပေးနေ ရမည်ဖြစ်ကြောင်း။
တစ်ဖက်တစ်လမ်းက အထောက်အကူပြု
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံး လုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ပင်နယန်ကောင်းမွန် စွာ လည်ပတ်မှုဖြင့် ထိန်းကျောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြား ချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက် လုပ်ငန်း များကို ဟန်ချက်ညီ ထိန်းကျောင်းသွားရန်လို ကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွား ရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင် ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အကြီး အကဲ၏ လမ်းညွှန်ချက်အပေါ် တပ်ရင်း/တပ်ဖွဲ့ အသီးသီးက အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအနှံ့အပြား စီးပွား ရေးလုပ်ငန်းများ ထိခိုက်ပျက်ပြားချိန်တွင် တပ်ရင်း/ တပ်ဖွဲ့များမှ ထွက်ရှိသော စိုက်ပျိုး/မွေးမြူရေး ထွက်ကုန်များသည် တပ်တွင်းရှိ အရာရှိ၊ စစ်သည် များအပြင် တပ်ရင်း/တပ်ဖွဲ့အလိုက် စည်းရုံးရေး နယ်မြေဒေသအသီးသီးရှိ ပြည်သူအများစုအတွက် လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုခဲ့ ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ ချမှတ်ထားသော သက်သာချောင်ချိရေးဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက် များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် နေရမည်ဖြစ်ကြောင်း။
စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး တစ်ဦးချင်း၏ တပ်ဖွဲ့အပေါ် ချစ်ခင်သည့် သံယောဇဉ် စိတ်ဓာတ်ရှိရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရန် ရေပက်မဝင်သော စည်းလုံး ညီညွတ်မှုရှိရန် လိုအပ်ပြီး စည်းလုံးညီညွတ်မှုမှ ပေါင်းစည်းအင်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့စိတ်ဓာတ်မှ နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ထွက်နိုင်မည်ဖြစ်ကြောင်း။
စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်
ယနေ့အထိ တပ်မတော်အနေဖြင့် ခိုင်မာသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မှုမှာ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တစ်ဦးချင်းတို့၏ ကျန်းမာကြံ့ခိုင် သော ဇွဲ စိတ်ဓာတ်များကြောင့် ပင်ဖြစ်ကြောင်း၊ စစ်ဆင်ရေးအပါအဝင် လုပ်ငန်းတာဝန်များ အောင်မြင် စွာ ထမ်းဆောင်နိုင်ရန်မှာ စိတ်ဓာတ်ကောင်းမွန် ရန် လိုအပ်ပြီး စိတ်ဓာတ်ကောင်းမွန်ရန်မှာလည်း သက်သာချောင်ချိရေးနှင့် အုပ်ချုပ်ရေးတို့ မျှတ ကောင်းမွန်နေရန်လိုကြောင်း၊ ဒေသရှိ တိုင်းရင်းသား ပြည်သူလူထုက ယုံကြည်ကိုးစားရသော တပ်နယ်၊ နိုင်ငံတော်၊ တပ်မတော်က အားထားရသည့် တပ်နယ် တစ်ခုဖြစ်အောင် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
လက်ရှိတည်ဆောက်ထားသည့် ရေပက်မဝင် သော စည်းလုံးမှုကို ဆက်လက်ခိုင်မြဲအောင် ထိန်းသိမ်းသွားရန်လိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ညီညွတ်မျှတသော အုပ်ချုပ်မှုဖြင့် မိမိ လက်အောက်ငယ်သားများကို ကျောသားရင်သား မခွဲခြားဘဲ စီမံအုပ်ချုပ်ရန်လိုကြောင်း၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိမှုများ မှန်မှန်ကန်ကန် မျှတစွာ ရရှိအောင် တာဝန်ရှိသူများက စိတ်ဝင်တစား လုပ်ဆောင်နေရန်လိုကြောင်း၊ မိမိကွပ်ကဲရသော တပ်အဖွဲ့အစည်းကို ကျစ်လျစ်ခိုင်မာအောင် တည် ဆောက်၍ ထိတွေ့ဆက်ဆံရသော မိဘပြည်သူများ အပေါ် ဆွေမျိုးမိဘသဖွယ် ဆက်ဆံခြင်းဖြင့် နိုင်ငံ တော်ကာကွယ်ရေး မဟာဗျူဟာဖြစ်သည့် ပြည်သူ့ စစ်မဟာဗျူဟာကို အောင်မြင်စွာ ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် မိဘပြည်သူများကို နှိပ်စက် သတ်ဖြတ် အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့ များ၏ ဘေးရန်ကို ကာကွယ်ပေးနိုင်ခြင်းဖြင့် ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်း သားများ၊ ဗိုလ်လောင်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သင်တန်း သားများ၊ ဗိုလ်လောင်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာများကို ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ် က ဒေသထွက်စားသောက်ဖွယ်ရာများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လက်ခံ ရယူသည်။
အားကစားပစ္စည်းများ ပေးအပ်
အလားတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က သင်တန်း သားများအတွက် အားကစားပစ္စည်းများကို ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့် အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်