လက်ရှိတွင် ကြက်သွန်နီ ဈေးကွက်ငြိမ်နေပြီး တောင်သူများက နွေကြက်သွန်ကို အားထား

 

ရန်ကုန်     ဒီဇင်ဘာ   ၂၈


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ယခု   ၂၀၂၃   ခုနှစ်အတွင်း   ကြက်သွန်နီ  ဈေးကွက်မှာ  တည်ငြိမ်နေပြီး   နွေကြက်သွန်ကို   အားထားနေရကြောင်း ကြက်သွန်နီစိုက်တောင်သူများနှင့် ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။


“၂၀၂၂ ခုနှစ်ကလည်း ဒီလိုပဲ အစောပိုင်းက မြစ်သားထဲက  ငွေကျပ် ၂၈၀၀-၃၀၀၀ လောက်ရှိတယ်။ ဒီနှစ်လည်း ဒီလိုပဲ ပစ္စည်းတွေဈေးတက် ပေမယ့် ဈေးနှုန်းက ငြိမ်ပြီးပြန်ကျသွားတာ”ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိတွင်    မိုးကြက်သွန်အနေဖြင့်  မြစ်သားတစ်ပိဿာလျှင် ဈေးနှုန်း ငွေကျပ် ၂၅၀၀-၂၆၀၀ ရှိပြီး လက်လီအရောင်းဆိုင်များတွင်တစ်ပိဿာလျှင် ငွေကျပ်  ၃၀၀၀မှ  ၄၀၀၀ အထိ ဈေးနှုန်းရှိနေကြောင်း သိရသည်။


“အဓိကက နွေတပေါင်း၊ တန်ခူးမှာပေါ်တဲ့ နွေကြက်သွန်ကို အားပြု တယ်။ ဒီနှစ် နွေကြက်သွန်က စိုက်ပျိုးပြီးကာစပဲရှိတယ်။ တချို့အရာတွေ ကတော့  မှန်းလို့မရသေးဘူး” ဟု    ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။    လက်ရှိကြက်သွန်စိုက်ပျိုးရာတွင်   စိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ငွေကျပ်သိန်းနှစ်ဆယ်ခန့်ရှိကြောင်း  ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။                   

သစ်တော်