လက်ရှိပထဝီဝင်နိုင်ငံရေးတင်းမာမှုများကို ပေါင်းစည်းအားဖြင့်ဖြေရှင်းရန် ဝန်ကြီးချုပ် မိုဒီ တောင်းဆို

 

နယူးဒေလီ     မတ်     ၂


အိန္ဒိယနိုင်ငံ  မြို့တော်နယူးဒေလီ၌  မတ် ၂ ရက်တွင် ကျင်းပသည့်    ဂျီ-၂၀   နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးတွင်         လက်ရှိပထဝီဝင်နိုင်ငံရေး တင်းမာမှုများကို ပေါင်းစည်းမှုဖြင့် ဖြေရှင်းနိုင်ရေး အိန္ဒိယ ဝန်ကြီးချုပ်  နာရန်ဒရာမိုဒီက   တောင်းဆို လိုက်သည်။

 


ဂျီ-၂၀     အစည်းအဝေး၌    ဖွံ့ဖြိုးတိုးတက်မှု၊  ခိုင်မာတောင့်တင်းသည့်  စီးပွားရေးနှင့်  ဘဏ္ဍာရေး  တည်ငြိမ်မှု၊   အကျင့်ပျက်ခြစားမှု၊   အကြမ်းဖက်မှု၊ စားနပ်ရိက္ခာနှင့်  စွမ်းအင်လုံခြုံမှုဆိုင်ရာ ကိစ္စရပ်  များကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာက စောင့်ကြည့် နေကြောင်း မိုဒီက ပြောကြားသည်။

 


အိန္ဒိယသည် ၎င်း၏ ဂျီ-၂၀ ဥက္ကဋ္ဌရာထူးအတွက် “တစ်ခုတည်းသော  ကမ္ဘာမြေ၊ တစ်ခုတည်းသော  မိသားစုနှင့် တစ်ခုတည်းသော အနာဂတ်”ဟူသည့်  ဆောင်ပုဒ်ကို   ရွေးချယ်ထားပြီး  ရည်ရွယ်ချက်နှင့်  အညီ စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ ယနေ့ တွေ့ဆုံဆွေးနွေးမှုများသည် ခိုင်မာသော ဘုံရည် မှန်းချက်များ   အောင်မြင်စည်းလုံးညီညွတ်သည့် စိတ်ဓာတ်ကို  ထင်ဟပ်စေလိမ့်မည်ဟု   မျှော်လင့် ကြောင်း မိုဒီက ပြောကြားသည်။

 


အဆိုပါအစည်းအဝေးတွင် အစားအသောက်၊ ဓာတ်မြေသြဇာနှင့်  လောင်စာဆီလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို  အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ယင်းကိစ္စရပ်များသည်  ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးကြောင်း အစည်းအဝေး သဘာပတိဖြစ်သူ အိန္ဒိယပြည်ပရေးရာဝန်ကြီး    အက်စ်ဂျိုင်ရှန်ကာ က ပြောကြားသည်။ 

                   
ဆင်ဟွာ