လက်ရှိဖြစ်ပေါ်နေသည့် ဗီဇပြောင်းရောဂါပိုးသည် ဖြစ်ပွားမှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုများသည့်အတွက်  ပေါ့ဆစွာဖြင့်  နေထိုင်သွားလာမှုများမရှိစေရေး ကျန်းမာရေးအသိပညာပေးသည့်လုပ်ငန်းများကို  တိုးမြှင့်လုပ်ဆောင်

 

 

နေပြည်တော်   ဩဂုတ်  ၃၀


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ   အစည်းအဝေးခန်းမ၌    ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊   ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။                                                                  
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့ သည့် ဇူလိုင်လမှစ၍ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပေါ်လာပြီး ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုထိရောက် စွာ  ဆောင်ရွက်နိုင်ရန်   မိမိကိုယ်တိုင်ဦးဆောင်၍ အစည်းအဝေးများပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားလုံး တက်ညီလက်ညီ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၃ ရက် တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ကူးစက်မှုရှိခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက် မှုရှိခဲ့ကြောင်း၊    စတင်ဖြစ်ပွားသည့်    အချိန်မှစ၍ ဩဂုတ်လအတွင်း     ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်အထိ ကျဆင်းစေရန်အတွက် ပထမအဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလ ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး  စစ်ဆေး တွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည် ကိုတွေ့ရှိရသည့် အတွက် မိမိတို့မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့ကူးစက်မှုနှုန်း များ ကျဆင်းရခြင်းသည် ပြည်သူများ၏ ပူးပေါင်း လိုက်နာ ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများ၏ ညီညီညာညာဖြင့် တက်ညီလက်ညီ   ဆောင်ရွက်ပေးမှုများကြောင့် ဖြစ်ကြောင်း။
ကူးစက်မှုနှုန်းများကျဆင်းလာမည်
ရောဂါကူးစက်မှုနှုန်း        မြင့်မားခဲ့ချိန်တွင် အောက်ဆီဂျင်လိုအပ်မှုများ  ဖြစ်ပေါ်ခဲ့သော်လည်း တစ်ဦးချင်းအလှူရှင်များ၊ အဖွဲ့အစည်းများအလိုက် အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့မှ စီမံ ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင် လိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင် သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပြည်သူများမှ လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့   အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း၊    ကိုဗစ်စည်းကမ်းများ   လိုက်နာမှုနှင့် ပတ်သက်၍ နယ်စပ်တိုင်းဒေသကြီးများနှင့် ပြည်နယ် များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊  တနင်္သာရီတိုင်းဒေသကြီး များ အထူးသဖြင့်   တရုတ်နိုင်ငံ၊  လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်လာ ချိန်တွင် တာဝန်ရှိသူများအား သတင်းပေးပို့မှုမရှိဘဲ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင် ရောဂါကူးစက်ခံရသူများရှိသည်ကို တွေ့ရှိရကြောင်း၊  ထိုသို့ပြန်လည် ဝင်ရောက်လာသူများအား တာဝန်ရှိ သူများအနေဖြင့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည့် စစ်ဆေးမှုများနှင့်     အကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့်   နယ်စပ်ဒေသတွင် ရောဂါ ကူးစက်မှုနှုန်းများ  ကျဆင်းပြီး တစ်နိုင်ငံလုံး  ရောဂါ ကူးစက်မှုနှုန်းများ   ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
 တစ်ရက်စောထိုးရင်တစ်ရက်အကျိုးရှိ
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များရောက်ရှိမှု၊ ထိုးနှံမှုတို့နှင့် ပတ်သက်၍ ပြောကြား ရာတွင် “ဆေးနဲ့ပတ်သက်ပြီး ပြောရရင်တော့ မနေ့ ကအထိ တရုတ်နိုင်ငံကနေပြီးတော့ ဆေး ၆ ဒသမ ၅ သန်းရောက်ပါတယ်၊ လှူတာ ၂ ဒသမ ၅ သန်းရှိ ပါတယ်၊ နောက်ဝယ်တာက ၄ သန်း၊ အားလုံးပေါင်း ၆ ဒသမ ၅ သန်း    ကျွန်တော့်ဆီ ရောက်ပါတယ်၊ တရုတ်က ဆေးပေါ့။ အိန္ဒိယကနေပြီးတော့ လှူတာ ကတော့ ၁ ဒသမ ၇ သန်း  လှူတယ်၊ ၂  သန်းက တော့ဝယ်တာဖြစ်ပါတယ်၊ အားလုံးပေါင်း ၃ ဒသမ ၇ သန်းရောက်ပြီ ဖြစ်ပါတယ်၊ စုစုပေါင်း ၁၀ ဒသမ ၂ သန်းရှိပါတယ်။   ဒါလည်း  မနေ့ကရောက်တဲ့ ဆေးဆိုရင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြည်နယ်နဲ့ တိုင်းတွေကို  တောက်လျှောက်ကို  ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့   ကာကွယ်ရေးဝန်ကြီးဌာနမှာရှိတဲ့ ပို့နိုင်တဲ့  အဖွဲ့အစည်းတွေအားလုံးက  ယာဉ်တွေ ထုတ်ပြီး ကျွန်တော်ပို့ခိုင်းထားပါတယ်၊  ရာသီဥတု ကောင်းရင်လည်း ကောင်းတဲ့အလျောက်ပေါ့။ အဲဒီ တော့   အဓိကကတော့   ကိုယ့်ဆီရောက်လာရင် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ အောက်ခြေအဆင့် အထိရောက်အောင် ပြည်နယ်များက၊ တိုင်းများက လည်း  ဆက်လက်ပြီးတော့  ဆောင်ရွက်ပေးဖို့ပါ၊ ဆောင်ရွက်ပေးဖို့ဆိုတာ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့တွေအနေနဲ့ကတော့ စီမံခန့်ခွဲတာလုပ်ပေါ့၊ ယာဉ်ယန္တရားတွေကတော့ လိုအပ်ရင် ကျွန်တော် တို့ကိုပြောပါ။   ကျွန်တော်တို့   ဒီကနေပြီးတော့ တတ်နိုင်သမျှ  Real   Time  ဖြစ်စေချင်ပါတယ်၊ အချိန်နှင့် တစ်ပြေးညီဖြစ်စေချင်ပါတယ်။ တစ်ရက် စောထိုးရင် တစ်ရက်အကျိုးရှိပါတယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ဒီကျန်းမာရေးနဲ့ပတ်သက်ပြီး‌တော့ ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ချက်တွေကြည့် လို့ရှိရင် ဆေးထိုးထားတဲ့သူတွေက ဆေးမထိုးထားတဲ့ လူတွေထက် ရောဂါကိုခံနိုင်ရည်ပိုရှိတယ်၊  မဖြစ်ဘူး လို့တော့ အရှင်းမပြောပါဘူး။ သို့သော်လည်း ဖြစ်နိုင် ခြေနည်းတယ်၊  ဖြစ်ရင်တောင်မှ    ခံရမှုနည်းတယ်၊ အဲဒီတော့  ဖြစ်တယ်ဆိုရင်လည်း  ဥပမာအားဖြင့် ပြင်းထန်တဲ့ရောဂါနဲ့ပတ်သက်ပြီးဖြစ်ပွားမှုကျတော့ အထိုက်အလျောက်   သူကနည်းနည်း နည်းတာကို တွေ့ပါတယ်။ အောက်ဆီဂျင်ပေးရတာ၊ ဆေးပေးရ တာကိုကအစ သူက သက်သာတာကိုတွေ့ရ တယ်” ဟု ပြောကြားသည်။
အချိန်နှင့်တစ်ပြေးညီထိုးနှံပေး
ယင်းနောက် ယခုထပ်မံရောက်ရှိသည့် ကာကွယ် ဆေးများထိုးနှံပြီးချိန်တွင်   ကာကွယ်ဆေးထိုးနှံ ပြီးသည့်အရေအတွက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှဝယ်ယူထားသည့်   ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေးများလည်း  မကြာမီအချိန်အတွင်း ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး    ဆေးများထပ်မံ ရောက်ရှိချိန်တွင်လည်း   ပြည်သူများအား    အချိန်နှင့် တစ်ပြေးညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။
ရေရှည်အတွက်စဉ်းစားဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရရှိရေး အတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှသာမက အခြားမိတ်ဆွေနိုင်ငံများဖြစ်သည့်  ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှ လည်း လှူဒါန်းပေးမှုများရှိကြောင်း၊ အာဆီယံအဖွဲ့မှ လည်း  လှူဒါန်းပေးသည့်   ပစ္စည်းများ  မကြာမီ ပို့မည်ဟုပြောကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကူညီ ပေးသည့် နိုင်ငံများကိုလည်း မိမိအနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း၊ အဓိကအားဖြင့်   အားလုံးညီညီ ညွတ်ညွတ်ဖြင့်    ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေးသည် အရေးကြီးသည့်အတွက်  မိမိတို့အနေဖြင့်  တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက်   အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များအသုံးပြုမှု စနစ်မကျမှုကြောင့်    အသုံးပြုသူများ   အသက် အန္တရာယ်မဖြစ်ပေါ်စေရေး အသိပညာပေး တိုက်တွန်း ဆွေးနွေးပေးရန်   လိုအပ်ကြောင်း၊    အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်    ပြည်နယ်များ အလိုက်   မိမိတို့နယ်မြေအတွင်း  အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် ရန်လိုကြောင်း၊    အလားတူ  အခြားလိုအပ်သည့် ပစ္စည်းများရရှိစေရေးအတွက်လည်း စီမံဆောင်ရွက် ပေးရန်လိုကြောင်း၊   ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်ရာတွင်    နိုင်ငံတကာ အဆင့်မီရန်   လိုအပ်သဖြင့်   ရေရှည်အတွက် စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။
ကုန်ဈေးနှုန်းများမြင့်တက်လာ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ကန့်သတ် ချက်များရှိ၍ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာ မှုကြောင့်  ကုန်ဈေးနှုန်းများ  မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်း များ မြင့်တက်လာသော်လည်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ အခြေခံစားကုန်များကို ပြည်တွင်း၌ ထုတ်လုပ်သည့် နိုင်ငံဖြစ်ခြင်းကြောင့်  စားသောက် ကုန်ပစ္စည်းများ    အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုများမဖြစ်ပေါ်နိုင်ကြောင်း၊  လက်ရှိ   ကုန်ဈေး နှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ်လုပ်မှု   ကုန်ကျစရိတ်များ         မြင့်တက်ခြင်းကြောင့်ဖြစ် ကြောင်း၊    ပြည်နယ်နှင့်   တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးနှင့်    ပတ်သက်၍    အားပေး ဆောင်ရွက်မှုများရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး  
တွင်လည်း    ဈေးကားများဖြင့်    နေရာအနှံ့တွင် စားသောက်ကုန်များ   ဖြန့်ဝေရောင်းချပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အားရဖွယ် ရှိကြောင်း၊  ပြည်သူများ၏  စားရေးအဆင်ပြေရန် အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့်  ပြည်နယ်များအလိုက်  ပြည်သူများ စားရေးအဆင်ပြေစေရေး ယခုထက်ပိုမို ဆောင်ရွက် ကြရန်အတွက်  တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်းများ          အားလျော့မသွားအောင် ဆောင်ရွက်ကြရန်   လိုကြောင်း။
အားပေးဆောင်ရွက်ရန်လို
စိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးစေရန်အတွက် ဓာတ်မြေဩဇာများရရှိရန် လိုအပ်သဖြင့် ပြည်ပမှ တင်သွင်းနိုင်ရေး   ဆောင်ရွက်လျက်ရှိပြီး   ဒေသများ အလိုက် သဘာဝဓာတ်မြေဩဇာများကို  အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော်ပေး ရန်လိုကြောင်း၊ သဘာဝဓာတ်မြေဩဇာများကို အသုံး ပြု၍ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ကြ ရန်နှင့်  ရှိပြီးသား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး     ပြည်နယ်နှင့်   တိုင်းများအလိုက် တိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း၊   ယခု ကာလတွင် မိုးကောင်းစွာရွာသွန်းပြီး ရာသီဥတုများ ကောင်းမွန်လျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်    စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးချုပ် များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်    တောင်သူများထံ    ကွင်းဆင်းအားပေး ဆောင်ရွက်ရန်လိုကြောင်း၊   အားလုံးဝိုင်းဝန်းပြီး အင်ပြည့်အားပြည့် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် နိုင်သည့်   လုပ်ငန်းများဖြစ်ကြောင်း၊    စိုက်ပျိုးရေး လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်၍ စိုက်ပျိုးရေးထုတ်ကုန်များ   ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ရေးများ  အဆင်ပြေပြီး     ဝင်ငွေများ ကောင်းမွန်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများတွင်လည်း  များစွာအထောက်အကူ ပြုလာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ပြန်လည်ဖြေလျှော့မှုများဆောင်ရွက်
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီ အဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယ ဝန်ကြီးများ၊     တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား မှုနှုန်းကျဆင်းလျက်ရှိသည့်အခြေအနေ၊     ရောဂါ  ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည် ပြုလူနာတွေ့ရှိမှုနှုန်း  မြင့်မားလျက်ရှိသည့်   အချို့ မြို့နယ်များကို  နေအိမ်တွင်နေထိုင်ရေး (Stay at Home) ထားရှိ၍ ကူးစက် ဖြစ်ပွားမှုနှုန်းလျော့ကျ စေရေး လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပွားမှုနှုန်းလျော့ကျ လာသည့်   မြို့နယ်များအား  ပြန်လည်ဖြေလျှော့မှု များဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေ၊ ရောဂါ ပိုးကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက်
အုပ်စုများအလိုက်    ခွဲခြားစစ်ဆေးမှု၊   ထိန်းချုပ်မှု များကို အထူးအလေးထား ဆောင်ရွက်နေမှုအခြေ အနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ် များ၊   ရပ်ကွက်များအတွင်းထိ   ရောဂါပိုးကူးစက်မှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေ၊       နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများကို    စနစ်တကျ စစ်ဆေး   လက်ခံပေးလျက်ရှိသည့်အခြေအနေနှင့် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ဆက်လက် ရောက်ရှိလာမည့် အခြေအနေနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် ကာကွယ်ဆေး လစဉ် ၁၀ သန်းခန့် ထပ်မံ ရောက်ရှိလာမည့်အခြေအနေ၊‌ ရောက်ရှိလာမည့် ဆေးဝါးများကို အမြန်ဆုံး  ထိုးနှံပေးနိုင်ရေးအတွက် အသက်အရွယ်အပိုင်းအခြားအလိုက်   သတ်မှတ် ဆောင်ရွက်သွားမည့်အခြေအနေ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိသူများကို          ဦးစားပေးစာရင်းတွင် ထည့်သွင်းထိုးနှံနိုင်ရေး  ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
ဆေးထိုးနှံနိုင်ရေးဆောင်ရွက်
 လက်ရှိ     ရောဂါပိုးအတည်ပြုလူနာများကို ပြည်သူ့ဆေးရုံများ၊  တပ်မတော်ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများ  ရောဂါပိုး ကူးစက်ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် လိုအပ်သည်များ ထောက်ပံ့ပေးအပ်မှုအခြေအနေ၊ ပြည်သူများအားလုံး       ကာကွယ်ဆေးပြည့်ဝစွာ ထိုးနှံနိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ တာဝန်ရှိသူ များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေ၊ ကာကွယ်ဆေးများရောက်ရှိလာပါက တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးသို့ အချိန်မီပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုဗစ် - ၁၉ ကာကွယ်ဆေးများနှင့် ဆက်စပ်ဆေးဝါးများ၊ ပစ္စည်းများ  ပေးပို့လှူဒါန်းရန် ချိတ်ဆက် ဆောင်ရွက်နေမှုအခြေအနေ၊ နယ်စပ် ဒေသများရှိ    ဒေသခံပြည်သူများအား    ကာကွယ် ဆေးထိုးနှံနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေ အနေ။
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ တစ်နေ့တာ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်မှုနှင့် တစ်နေ့တာအတွက် အောက်ဆီဂျင်လိုအပ်မှု အခြေ အနေ၊ ပြည်ပနိုင်ငံများမှ Liquid  Oxygen  များ တင်သွင်းခဲ့မှုနှင့် လက်ရှိအခြေအနေတွင် တင်သွင်း ရန်  လိုအပ်ချက်လျော့ကျလာမှုအခြေအနေ၊ နေအိမ် တွင် နေထိုင်ရေး (Stay at Home) ထားရှိသည့် မြို့နယ် ၁၂၉ မြို့နယ်မှ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ သည့် မြို့နယ် ၅၃ မြို့နယ်အား ဩဂုတ် ၂၇ ၊ ၂၈ နှင့် ၂၉ ရက်တို့တွင် Spot Check ဖြင့် ရောဂါ ပိုး စစ်ဆေး ခဲ့ရာ ၂၇ ရက်တွင် လူဦးရေ ၆၂၉၂ ဦးကိုစစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၂၀၇၁ ဦး၊ ၁၇ ဒသမ ၀၀ ရာခိုင် နှုန်း၊ ၂၈ ရက်တွင် လူဦးရေ ၁၇၉၃၀  စစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၁၄၇၈ ဦး၊ ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ ၂၉ ရက်တွင် ၃၅၀၇ ဦး စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၇၆၄ ဦး၊ ၅ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည့်အတွက်  ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့ကျ လာသည်ကို  တွေ့ရှိရသည့်အခြေအနေနှင့်   Spot Check     ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ Relief Flight များ      ပြေးဆွဲ၍      လူပုဂ္ဂိုလ်နှင့် ဆေးပစ္စည်းများ  သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေ၊ ပြည်တွင်းလေကြောင်း၊   ရေကြောင်း၊ မော်တော်ယာဉ်နှင့်      မီးရထားခရီးစဉ်များအား စဉ်ဆက်မပြတ်ပြေးဆွဲလျက်ရှိသည့် အခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင်  ပြည်ပနိုင်ငံအသီးသီးမှ ကုန်သေတ္တာနှင့်   စက်သုံးဆီများဝင်ရောက်နေမှု အခြေအနေ၊ ပြည်ပသို့ ကုန်စည်များ  ပို့ဆောင်ပေး နေမှုအခြေအနေနှင့် နယ်စပ်ဂိတ်အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခဲ့သည့်  အခြေအနေ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို Telephone message များမှတစ်ဆင့်  ပေးပို့ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ။
ချိတ်ဆက်ဆောင်ရွက်
ကိုဗစ်- ၁၉  ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပြည်သူများ ထံသို့ လျင်မြန်စွာရောက်ရှိစေရေးအတွက်  FDA   ထောက်ခံမှုမလိုသည့်ပစ္စည်းများအား   ဖြေလျှော့မှု များပြုလုပ်၍  လျင်မြန်စွာ ထုတ်ယူခွင့်ပြုထားသည့် အခြေအနေ၊ FDA ထောက်ခံချက်ရယူရန်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း    လျင်မြန်စွာ ထုတ်ယူရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိ သည့်အခြေအနေ၊   ရောက်ရှိပြီး  ဆေးနှင့်ဆေး ပစ္စည်းများအား ကုမ္ပဏီအချို့မှ ထုတ်ယူရန်ကျန်ရှိ နေမှုနှင့်   အမြန်ဆုံး   လာရောက်ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး  ရန်ပုံငွေမှ သုံးစွဲ ထားရှိမှုအခြေအနေ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့်  ကာလအတွင်း သတင်းနှင့်  ပညာပေးအစီအစဉ်များ ထုတ်လွှင့်နေမှု အခြေအနေနှင့်       ဆက်လက်ဆောင်ရွက်နေမှု အခြေအနေ၊  တိုင်းရင်းသားဘာသာစကားများနှင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိပြီး      ၎င်းတို့၏ တောင်းဆိုလာသည့်    ကျန်းမာရေးပညာဗဟုသုတ များနှင့်  အခြားအစီအစဉ်များကိုလည်း   ပြန်လည် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေ။
တပ်မတော်ဆေးရုံများ၊  တိုင်းစစ်ဌာနချုပ်များ အလိုက်  ပိုးတွေ့လူနာများ၊   တက်ရောက်ကုသမှု အခြေအနေ၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပိုးတွေ့လူနာများတွေ့ရှိမှု၊  တပ်မတော်ဆေးရုံများ အလိုက် Oxygen Plant များမှ   အောက်ဆီဂျင် ထုတ်လုပ်နိုင်မှု၊   သုံးစွဲရန်လိုအပ်မှုအခြေအနေ၊ ရောဂါပိုးတွေ့ရှိမှုများအား စောင့်ကြည့်၍ သုတေသန ပြုလုပ်မှု၊ ဗီဇပြောင်းရောဂါပိုးများ ဆက်လက်တွေ့ ရှိရမှု၊    ကာကွယ်ဆေးအမျိုးအစားများအလိုက် ရောဂါပိုးအား  ကာကွယ်ပေးနိုင်မှု၊ ခုခံနိုင်မှုအခြေ အနေ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ နှာခေါင်း စည်း၊ လက်သန့်ဆေး ရည်၊ တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေ၊ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရောဂါ ကူးစက်ဖြစ်ပွားမှု၊  သေဆုံးမှုအခြေအနေ၊   နိုင်ငံ အတွင်း   မြို့နယ်များအလိုက်   ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေ၊ ရွေ့လျားဈေးကားများဖြင့် ပြည်သူလူထုအား ဈေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးနေမှုနှင့် ဆက်လက်တိုးချဲ့ ရောင်းချပေး သွားမည့် အခြေအနေ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ များတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊   ပြည်ပမှ   ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရောက်ရှိမှုနှင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ အခြေခံ အိမ်သုံးဆေးဝါးများ     ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေ၊ နိုင်ငံအတွင်း   ဆေးဆိုင်များ ဖွင့်လှစ် ရောင်းချနေမှု၊  ဆေးပစ္စည်းများဖြန့်ဖြူးပေးနိုင်မှု အခြေအနေ၊ ဆေးဝါးများအား အလွယ်တကူဝယ်ယူ နိုင်ရေး အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးလျက်ရှိမှု နှင့် ကုမ္ပဏီများ ထပ်မံပူးပေါင်းပါဝင်လာမှု အခြေ အနေ၊    စက်သုံးဆီဈေးနှုန်းများ    မြင့်တက်လာမှု အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်ပပို့ကုန်များ တင်ပို့လျက်ရှိသည့် အခြေအနေနှင့် လိုအပ်သည့် အခြေခံစားကုန်သုံးကုန် ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှုအခြေအနေ။
 စနစ်တကျ စာရင်းပြုစုဆောင်ရွက်
မိမိတို့နိုင်ငံ၏ ကာကွယ်ဆေးရောက်ရှိမှု၊ ထိုးနှံ ပေးနေမှုနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို WHO Website တွင်      ထည့်သွင်းဖော်ပြခဲ့သည့် အခြေအနေ၊ IDP Camp များတွင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး   ဆောင်ရွက်လျက်ရှိသည့်အခြေ အနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံမှု၊    ရောက်ရှိမှု၊     ဆေးရုံ တက်ရောက်ကုသမှုခံယူမှုတို့ကို  စနစ်တကျ စာရင်း ပြုစုဆောင်ရွက်ကြရန်လိုအပ်သည့်   အခြေအနေ များနှင့် ပတ်သက်၍ အကျယ်တဝင့်   ရှင်းလင်း တင်ပြကြသည်။
စဉ်ဆက်မပြတ်လုပ်ဆောင်
ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ မိမိတို့နိုင်ငံသားများအား ပြန်လည် ခေါ်ယူရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့စဉ် မလေးရှား နိုင်ငံမှ Relief   Flight ဖြင့် သွားရောက်ခေါ်ယူခဲ့ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့်      ပေါင်းစပ်၍ အမြန်ဆုံးခေါ်ယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ ယခုအသစ်ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများသည်  တစ်ပုလင်းလျှင် 5 Dose နှုန်း ဖြစ်သဖြင့် ဆေးထိုးနှံရေးဆောင်ရွက်ကြမည့် ကျန်းမာရေးဆိုင်ရာ         တာဝန်ရှိသူများအနေဖြင့် သတိပြုရန်လိုပြီး နှုန်းထားအလိုက် အတိအကျဖြစ် စေရန် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို ဦးစားပေးထိုးနှံသွားရန်နှင့် ထပ်မံရောက်ရှိလာမည့် ဆေးများအား     ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး  ကြိုတင်ပြင်ဆင်ထားကြရမည်       ဖြစ်ကြောင်း၊ တိုင်းရင်းဆေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး သုတေသနပြု စမ်းသပ်ဆောင်ရွက် နေမှုများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊            

ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းမှုမရှိနိုင်ဘဲ ရေရှည်သွားရမည့် အနေအထားတွင်ရှိသောကြောင့် ရေရှည်သုံးစွဲနိုင်သည်အထိ   ရည်ရွယ်၍   စမ်းသပ်  သုတေသနပြုမှုများကို မျက်ခြည်မပြတ်ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊   ကုန်ပစ္စည်းများအား    သက်ဆိုင်ရာ ဆိပ်ကမ်း၊ စခန်းများအလိုက် ပစ္စည်း ရောက်ရှိသည်နှင့် ထုတ်ဝေဖြန့်ဖြူးနိုင်ရေး ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   FDA  ၏ ခွင့်ပြု ချက်ဖြင့်   တင်သွင်းရမည့်    ဆေးဝါးများကိုလည်း ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်   လိုအပ် မည်ဖြစ်ပြီး မသမာမှုများမရှိစေရေး အလေးထား ဆောင်ရွက်သွားရန်   လိုအပ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းနေရသည့် အခြေခံစားကုန်၊ သုံးကုန်ပစ္စည်း များကို  ပြည်တွင်း၌ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာ ဖြင့်    ရောင်းချပေးနိုင်ရေး    လိုအပ်သည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။
ဆေးဆိုင်တွေ သီးခြားနေရာတစ်ခုသတ်မှတ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အခြေခံဆေးဝါးများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် ကာကွယ် ဆေးထိုးနှံမှု  အခြေအနေများနှင့်   ပတ်သက်၍ “ဆေးကုန်သည်ကြီးများအသင်း၊ တချို့ကုမ္ပဏီတွေ ကနေ တိုက်ရိုက်ရောင်းပေးတာရှိတယ်၊ ရန်ကုန်မှာ လည်း ကျွန်တော်တို့ ဆေးဆိုင်တွေ သီးခြားနေရာ တစ်ခု သတ်မှတ်ပြီး       ရောင်းပေးတာတွေရှိတယ်၊ ဈေးနှုန်းတွေလည်း ကျွန်တော်တို့က သတင်းစာထဲ မှာလည်း ထည့်ပေးတယ်၊ ဆေးဈေးတွေ၊ အရေးကြီး တဲ့ ဆေးတွေပေါ့။           
အဲဒီတော့ ဘာပဲပြောပြော ဆေးနဲ့ပတ်သက်ပြီး တော့ ပြည်သူတွေရဲ့ လက်ဝယ်မှာ  အတိုင်းအတာ တစ်ခုထိ၊  အဆင်ပြေသွားပါတယ်။ ဒီအတွက်ကြောင့်  ဒီဆေးနဲ့    ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကို    ကျေးဇူးတင်တဲ့အကြောင်း ကျွန်တော် ပြောလိုပါ တယ်၊ သူတို့တွေ  တကယ်ကို  စေတနာထားပြီး လုပ်ပေးပါတယ်၊   အကျိုးအမြတ်ထက်   ပြည်သူ့ အတွက်        အထောက်အကူရအောင်ဆိုပြီးတော့ လုပ်ပေးတာပေါ့၊ စီးပွားရေးဆိုတာကတော့ အကျိုး အမြတ်ရှိမှ လုပ်ချင်မှာပေါ့၊ သို့သော်လည်း ဒီဟာက  အကျိုးအမြတ်က အဓိကမဟုတ်ဘဲနဲ့ကို လက်ဝယ်ကို  ဈေးနှုန်းမှန်မှန်နဲ့ မြန်မြန်နဲ့ လုပ်ပေးတယ်၊ စေတနာ နဲ့   လုပ်ပေးတဲ့ကိစ္စရပ်ဖြစ်ပါတယ်၊   အဲဒါကြောင့် သူတို့ကို ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလို ပါတယ်။
ကြပ်ကြပ်မတ်မတ် စစ်ဆေး
 ဒီကိုဗစ်ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျလာ တယ်လို့ပြောတယ်၊ ကျွန်တော်တို့က Figure လည်း တစ်ချက်ကြည့်တာပေါ့၊ စစ်ဆေးတဲ့ အရေအတွက်၊ နောက်  တွေ့တဲ့အရေအတွက်    Percentage ၊ ကျွန်တော်တို့က ဒီဘက်က တွေ့တဲ့အရေအတွက်ကို ကြည့်တယ်၊ အဓိကကတော့ ဘာလဲဆိုတာကတော့ Field တွေမကျန်ဖို့လိုတယ်၊ ခုနက  ကျန်းမာရေး ဝန်ကြီးလည်း   ဆွေးနွေးတဲ့အထဲမှာ   ပါပါတယ်၊ Contact Person  တွေပေါ့၊   Contact Person မဟုတ်ဘဲ သူတို့နဲ့  အကြောင်းအမျိုးမျိုးကြောင့် ပတ်သက်နေတဲ့သူတွေရှိတယ်၊ တချို့လည်း အိမ်မှာ ပြန်ပြီးနေကြတယ်၊ စောစောကကျွန်တော် ပြောလိုက် တယ်၊     ဥပမာအားဖြင့်- နယ်စပ်ဒေသမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်း တချို့ဒေသတွေမှာ  ရွာတွေပြန် နေကြတယ်၊ ဘာမှမပြောဘူး၊ ဖြစ်ခါမှ အကုန်လုံးက ဖြစ်ပွားတဲ့နှုန်းက    တအားများလာတဲ့အခါကျမှ၊ စစ်ကြည့်တော့   အကြောင်းအမျိုးမျိုးနဲ့   ပြန်ရောက် လာတဲ့သူတွေက သတင်းမပို့တာ၊ မစစ်ဆေးတာတွေ တွေ့တယ်၊  ဒါကြောင့်   ဒါတွေကိုလည်း ကြပ်ကြပ် မတ်မတ် စစ်ဆေးနိုင်ဖို့လိုပါတယ်၊ အရေးကြီးတာက စစ်ဆေးမှုနယ်ပယ်တွေမှာ    မကျန်ဖို့   လိုတယ်၊ များများစစ်ပြီးတော့       အဖြေများများသိမှသာ ကျွန်တော်တို့က   ကိုဗစ်ထိန်းချုပ်ရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်၊ များများစစ်ဖို့လိုတယ်” ဟု ပြောကြားသည်။
နည်းစနစ်တကျ  ဆောင်ရွက်
ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့ ဆေးစစ် ဆေးမှုလုပ်ငန်းများ   ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ရှည်စွာဖြင့် နည်းစနစ်တကျ     ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောသူများသည် အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ် ခံယူရမည်ကို ကြောက်ရွံ့ထိတ်လန့်မှုများ ရှိသဖြင့် စစ်ဆေးမှုခံယူသူများကိုလည်း ကြောက်ရွံ့မှု မရှိစေရန် နားလည်သဘောပေါက်အောင် ရှင်းပြပေး ရမည်ဖြစ်ကြောင်း၊   ဆေးစစ်မှုလုပ်ငန်းများသည် အသက်အန္တရာယ်ကို         ကာကွယ်ပေးနိုင်ရေး လုပ်ဆောင်ပေးသည့် လုပ်ငန်းဖြစ်သဖြင့် စစ်ဆေးမှု လုပ်ဆောင်ရန်     လိုအပ်သူများ     မကျန်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သည့် ဗီဇပြောင်းရောဂါပိုးသည် ဖြစ်ပွားမှုနှုန်းမြန်ဆန် ပြီး    သေဆုံးမှုများသည့်အတွက်    ပေါ့ဆစွာဖြင့်   နေထိုင်သွားလာမှုများမရှိစေရေး      ကျန်းမာရေး အသိပညာပေးသည့်     လုပ်ငန်းများကို    တိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊      ဖြစ်ပွားသည့် လက္ခဏာများကို  ရပ်ကွက်၊  ကျေးရွာများအတွင်း လိုက်လံဆော်ဩရာတွင်လည်း အချက်အလက်တိကျ စွာဖြင့် အသိပညာပေးရမည်ဖြစ်ကြောင်း၊ ရုပ်မြင် သံကြားများတွင် ဖော်ပြပေးရာ၌ နှုတ်ဖြင့်သာမက စာဖြင့်ပါ  ဖော်ပြပေးရန်လိုကြောင်း၊  ကျန်းမာရေး ဆိုင်ရာအသိပညာပေးမှုနှင့် ပတ်သက်ပါက မှန်ကန် သည့် အသိပညာများရရှိအောင် လုပ်ဆောင်ပေးနိုင်ရ မည်ဖြစ်ကြောင်း။
ဖြေလျှော့မှုများကို လုပ်ဆောင်
ကိန်းဂဏန်းအချက်အလက်များအရ   ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း   လျော့ကျလာပြီး   အဆိုပါ အချက်အလက်များသည်   မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းလာမှသာလျှင်    တင်းကျပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ ပေးနိုင်မည်ဖြစ်ကြောင်း၊   ဒုတိယလှိုင်း၌   ရောဂါ ကူးစက်မှုနှုန်းလျော့ကျစဉ်   ပေါ့ဆစွာဖြင့်  နေထိုင် သွားလာခဲ့ခြင်းကြောင့်    တတိယလှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံ၊ အလုပ်ရုံများကို စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပေါ်မှု အခြေအနေများအရ ရုံးပိတ်ရက် ကြေညာထားသည် ဖြစ်သော်လည်း အစိုးရဝန်ကြီးဌာနများမှ တာဝန် ရှိသူများအနေဖြင့် လုပ်ဆောင်ရန်လိုအပ်သည်များကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ဆောင်နေရမည်ပင်ဖြစ် ကြောင်း၊ ရောဂါကူးစက်ဖြစ်ပေါ်မှုများကို မျက်ခြည် မပြတ်စောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာ ဖြေလျှော့ မှုများကို လုပ်ဆောင်ပေးနိုင်ရေး   စဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့်    ရောက်ရှိလာမည့်  ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက်များ အလိုက်   ထိုးနှံပေးနိုင်ရေး      လုပ်ဆောင်ပေးရန် လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေး နေရသူများ၏     လုံခြုံရေးအတွက်   တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက ဒေသခံပြည်သူ လူထုကပါ       ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊     အောက်ဆီဂျင်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ် သဖြင့် ပြည်ပမှတင်သွင်းရန်  အမှန်တကယ် လိုအပ်မှ သာ အရန်အနေဖြင့် တင်သွင်းဆောင်ရွက်ကြစေလို ကြောင်း၊    ဝန်ကြီးဌာနများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး၊ ဒေသခံပြည်သူလူထု၏   လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စီမံခန့်ခွဲမှုကောင်းစွာဖြင့် လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့်   ပြောကြားခဲ့ကြောင်း   သတင်းရရှိ သည်။                                              သတင်းစဉ်