လက်ရှိဘဏ္ဍာနှစ်ပထမဆုံးကိုးလအတွင်း ဆိုက်ဘာတိုက်ခိုက်မှု ၅၈၅၆ ကြိမ်ရှိကြောင်း အီသီယိုးပီးယားပြော

 

 

အဒစ္စအဘာဘာ     မေ   ၈
အီသီယိုးပီးယားနိုင်ငံ၌   လက်ရှိ   အီသီယိုးပီးယား   ဘဏ္ဍာနှစ်၏ ပထမဆုံးကိုးလအတွင်း ဆိုက်ဘာ တိုက်ခိုက်မှု   ၅၈၅၆  ကြိမ်  ရှိ ကြောင်း မေ ၇ ရက်တွင် တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ သို့သော်လည်း အဆိုပါတိုက်ခိုက် ခံရမှု၏ ၉၇ ဒသမ ၇ ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့ကြောင်း      အီသီ ယိုးပီးယားသတင်းအချက်အလက် ဆိုင်ရာ    လုံခြုံရေးအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဆိုလိုမွန်ဆိုကာက   ပြောကြား သည်။ 
အီသီယိုးပီးယားနိုင်ငံကို ပစ် မှတ်ထားတိုက်ခိုက်သည့် ဆိုက်ဘာ တိုက်ခိုက်မှု   အရေအတွက်သည် ယမန်နှစ်က   ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၄၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အီသီယိုးပီးယား ရုပ်သံထုတ်လွှင့် မှုကို ကိုးကား၍ ဆိုကာက ပြော ကြားသည်။ 
ဆိုက်ဘာ   တိုက်ခိုက်မှုသည် ပထဝီဝင်နိုင်ငံရေး၊   နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင်   ရည်ရွယ် ချက်အမျိုးမျိုးရှိကြောင်း ဆိုကာ က ပြောကြားသည်။ အီသီယိုးပီး ယားသည် ဆိုက်ဘာနည်းပညာကို အဓိကအစိတ်အပိုင်းအဖြ စ် အသုံး ပြုကာ   ကြီးမားသော   အခြေခံ ဝန်ဆောင်မှု အဆောက်အအုံများ နှင့်    အစိုးရဗျူရိုကရေစီများကို အဆင့်မြှင့်တင်နေကြောင်း သိရသည်။                                                                  ဆင်ဟွာ