လက်ရှိအနေအထားမှာတော့ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကို အောက်ဆီဂျင် အမြင့်ဆုံးအနေအထား ပေးနိုင်ပါတယ်

ထိပ်ထားနိုင်

======

 

 ကိုဗစ် - ၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုသည် ၂၀၂၁ ခုနှစ် ဇွန်လလယ်မှစတင်၍ တဖြည်းဖြည်းမြင့်တက် လာရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လတွင်  ကိုဗစ် - ၁၉ ပိုးတွေ့  အတည်ပြုလူနာ  စုစုပေါင်း ၁၁၃၅ ဦး၊ ဇူလိုင် ၁၄ ရက်အထိ ပိုးတွေ့အတည်ပြုလူနာ  စုစု ပေါင်း  ၂၉၂၂ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရ သည်။ 


မန္တလေးတိုင်းဒေသကြီးအတွင်း   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အဖြစ်   ကိုဗစ် - ၁၉ ရောဂါနှင့်သက်ဆိုင်သည့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး   ဆောင်ရွက် ခြင်း၊ ပြည်ပပြန်များအား Quarantine ထားရှိစစ်ဆေး ခြင်း၊ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုသူများ နှင့် ထိတွေ့သူ (Contact)များ ရှာဖွေဖော်ထုတ်၍  သီးခြားထားရှိ စစ်ဆေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများအား ရောဂါပြင်းထန်မှု အဆင့်အတန်းများ ခွဲခြား၍ သက်ဆိုင်ရာ ဆေးရုံ များနှင့် ကုသရေးဌာနများသို့ လွှဲပို့ကုသပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍   မန္တလေးအထွေထွေရောဂါကုဆေးရုံ အုပ်ကြီး  ဒေါက်တာသက်အောင်နှင့် သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။ 


မေး။    လက်ရှိမှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ 
    ကိုဗစ် - ၁၉ ရောဂါနဲ့ ဆေးရုံတက်နေသူ ဘယ်လောက်ရှိပါသလဲ။ သေဆုံးသူ ဘယ်လောက် ရှိပါသလဲ။ သေဆုံးသူတွေထဲမှာ ဘယ်အသက်အရွယ် တွေအများဆုံးဖြစ်ပါသလဲ။  ဆေးရုံဆင်းရတဲ့သူရော ဘယ်လောက်ရှိပါသလဲရှင့်။ 
ဖြေ။    မန္တလေးဆေးရုံကြီးမှာ        လူနာ   ၃၀၀ 
    လောက်၊  နာလန်ထပါတွက်မယ်ဆိုရင် ၃၆၀ ကျော်လောက်အထိ လက်ခံနိုင်တဲ့အခြေအနေ ရှိပါတယ်။    ဒါပေမယ့် လက်ရှိအနေအထားအရ  ဆေးရုံကြီးမှာ အောက်ဆီဂျင်ပေးပြီး အထူးဂရုစိုက် ရမယ့်   လူနာကိုသာ   လက်ခံတာဖြစ်တဲ့အတွက် အောက်ဆီဂျင်ပေးနိုင်တဲ့ အကန့်အသတ်ရှိပါတယ်။ လက်ရှိအနေအထားမှာတော့ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကိုတော့  အောက်ဆီဂျင်ကို  ကြိုးစားပြီး အမြင့်ဆုံးအနေအထားနဲ့     ပေးနေနိုင်ပါတယ်။ ပြီးတော့ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး ဆေးရုံ ကြီးမှာက အသက်လုရတဲ့လူနာတွေ လက်ခံရတာ   ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံမှာ ရှိတဲ့လူနာထဲက အယောက်တစ်ရာမှာ အယောက်နှစ်ဆယ် ဝန်းကျင် လောက်က အဖိတ်အစင်ရှိနေပါတယ်။ သေဆုံးတဲ့ လူနာအများစုက အသက် ၄၀ နဲ့ အသက် ၅၀ အထက် တွေဖြစ်ပြီး ဒီလူနာအများစုက ကိုဗစ်နဲ့အတူ နာတာ ရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊  စတဲ့ရောဂါခံတွေ   ရှိတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ အယောက် ၁၀၀ မှာ အယောက်  ၈၀ လောက်ကတော့ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းရတဲ့သူတွေ ဖြစ်ပါတယ်။ 


မေး။    အခုတလော ကိုဗစ် - ၁၉ ရောဂါကူးစက်မှု 
    က မြင့်တက်နေတာဆိုတော့ မန္တလေး ပြည်သူ့ဆေးရုံကြီးအနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရပါသလဲ။ ဆရာကြီးအနေနဲ့ ပြည်သူတွေ သိအောင် ဘာတွေမေတ္တာရပ်ခံချင်ပါသလဲရှင့်။ 


ဖြေ။    ကိုဗစ် လူနာတစ်ယောက်က   အခြေအနေ 


    ဆိုးလာပြီဆိုရင် တစ်နေ့ကို အောက်ဆီဂျင် ဆလင်ဒါ ၄၀ လီတာခေါ်တဲ့ အောက်ဆီဂျင် ဆလင်ဒါ အကြီး တစ်နေ့ကို လူနာတစ်ယောက်ကို ၁၅ လုံး ကနေ အလုံး ၂၀ ကြား ရှူကြရပါတယ်။ ဒါက HDU Level ပါ။ ICU Level ကျတော့ အောက်ဆီဂျင် ၂၆ လုံးထိ ပေးရတာတွေရှိတယ်။ လက်ရှိအနေအထား မှာက ဆေးရုံတက်လာတဲ့လူနာတိုင်းက မဖြစ်မနေ ပေးရတာ ဖြစ်တဲ့အတွက် ဆေးရုံကြီးမှာ လူနာ ၁၃၀ နဲ့ ၁၅၀ လောက်ကိုတော့ အောက်ဆီဂျင်ကို ကြိုးစား ပြီး အမြင့်ဆုံးအနေအထားနဲ့ ပေးနေနိုင်တဲ့ သဘော ရှိပါတယ်။          အဲဒီထက်ပိုလာမယ်ဆိုရင်တော့ အောက်ဆီဂျင်   အခက်အခဲဖြစ်တဲ့  အနေအထား တစ်ခုနဲ့  ကြုံလာနိုင်ဖွယ်ရှိပါတယ်။   ဒါကိုလည်း ပြေလည်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ မကြာခင် ပြေလည်ဖို့ မျှော်လင့်ပါတယ်။ ဒီကြားထဲ အချိန်လေးမှာ  ကျွန်တော်တို့က  ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက       ဆေးရုံကိုလာတယ်။ အောက်ဆီဂျင် ချက်ချင်းမရလို့ စောင့်ရတဲ့အခိုက် အတန့်လေးတွေကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံ ပါတယ်။ လက်ခံပြီးသားလူနာကို သူ့အောက်ဆီဂျင် လျှော့ပြီး တခြားသူပေးဖို့ မဖြစ်တဲ့အတွက် တတ်နိုင် သလောက်တော့ လူနာတိုင်း လက်ခံပေးနိုင်အောင် ကြိုးစားနေပါတယ်။ 


မေး။    ကိုဗစ် - ၁၉     ရောဂါဖြစ်ပွားနေပေမယ့် 
    အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမလာ နိုင်တာဖြစ်ဖြစ်၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူတွေ  များလာလို့ ဆေးရုံတွေပြည့်နေလို့ ဆေးရုံချက်ချင်း မတက်နိုင်တာပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေတွေ ဖြစ်ခဲ့မယ်ဆိုရင် အိမ်မှာ ဘယ်လိုနေထိုင်ပြီး ကုသ သင့်သလဲရှင့်။ 


ဖြေ။    ကိုဗစ်-၁၉ ရောဂါဖြစ်နေပေမယ့် အကြောင်း 
    ကြောင်းကြောင့် ဆေးရုံတွေ ဆေးခန်း တွေ မသွားနိုင်တာပဲဖြစ်ဖြစ်၊ အကြောင်းကြောင်း ကြောင့်    ဆေးရုံပြည့်နေလို့    ချက်ချင်းမရတာပဲ ဖြစ်ဖြစ် အဲဒီလိုအခြေအနေတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ အကြံပေးချင်တာက လူနာရဲ့အခြေအနေက အနံ့ ပျောက်ပြီး ပိုးတွေ့တယ်။ သို့သော် လူကောင်းလို  နေနိုင်မယ်ဆိုရင် အိမ်မှာ သီးခြားအခန်းနဲ့နေပေးပါ။  လူနာရဲ့      တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်း မရောစပ်ဖို့ မိသားစုတွေကလည်း Social Distancing သတ်မှတ်အနေအထားလေးမှာ နေပေးဖို့၊ နှာခေါင်း စည်းကို စနစ်တကျတပ်မယ်။ လက်ကိုလည်း စနစ် တကျ  ဆေးရမယ်။ နောက်တစ်ခုက အိပ်ရေးဝဝ အိပ်ရမယ်။ အာဟာရရှိတဲ့  အစားအစာတွေကို  စားရ မယ်။  အဲဒီလိုလေးတွေ နေထိုင်သွားမယ်ဆိုရင်တော့ ရောဂါ ကူးစက်မှုနှုန်းက သိသိသာသာကျသွားမှာပါ။ 


မေး။    လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါရဲ့ 
    လက္ခဏာပုံစံနဲ့ ရောဂါပိုးအခြေအနေလေး ပြောပြပေးပါရှင့်။ ပြီးတော့ အခု ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားတဲ့သူ အများစုက အသက်ရှူမဝတဲ့ ဝေဒနာ တွေ   ခံစားနေရတာဆိုတော့   လူတစ်ယောက်ရဲ့ အောက်ဆီဂျင်   Level က  ဘယ်လောက်ရှိသင့် ပါသလဲရှင့်။ 


ဖြေ။    ဒီတစ်ခေါက်ဖြစ်တဲ့ ကိုဗစ် - ၁၉ ရောဂါပိုး က ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြတ်သန်းစဉ်ကထက်  ဝေဒနာပိုပြီးပြင်းထန်ပါတယ်။ တကယ်လို့ ကိုဗစ်- ၁၉ ရောဂါဖြစ်လာရင် သို့မဟုတ် ကိုဗစ်-၁၉ ရောဂါ ဖြစ်တဲ့သူနဲ့ ထိစပ်မှုဖြစ်လာရင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရမယ်။   ဒါမှမဟုတ်  အနံ့ပျောက်တယ်။ ကိုယ်လက်မအီမသာတွေဖြစ်လာတယ်။ ဒါတွေက  ကိုဗစ်-၁၉ ရောဂါတွေရဲ့ လက္ခဏာတွေပါ။ အခုက လည်း ရာသီတုပ်ကွေးကာလဆိုတော့ ရာသီတုပ်ကွေး  လက္ခဏာဆင်ဆင်တွေလည်း  ဖြစ်တတ်ပါတယ်။ ဒါပေမယ့်  ပုံမှန်တုပ်ကွေးခံစားရတာနဲ့  မတူဘူး။ ပိုပြီးပင်ပန်းတယ်။ ပိုပြီးအားကုန်လာတတ်ပါတယ်။ အခုရက်ပိုင်းတွေဆိုရင် နည်းနည်းဝမ်းလျှောတာ တွေပါ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ချိတ်ဆက်ပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ 
ပြီးတော့  လောလောဆယ်  ကိုဗစ်က နာမည် ဆိုးနဲ့ ကျော်နေတာကတော့  ကိုဗစ်အဆုတ်ရောင် ရောဂါပါ။ အခုလက်ရှိ ကိုဗစ် - ၁၉ လူနာတော်တော် များများ ခံစားနေရတာက အသက်ရှူမဝတဲ့ ဝေဒနာ ခံစားနေရပါတယ်။  အဲဒီတော့ အောက်ဆီဂျင်က ၉၂ ရာခိုင်နှုန်းအောက်    ကျပြီဆိုရင်    ကျွန်တော်တို့ ဆေးရုံကြီးမှာဆိုရင်တော့ အောက်ဆီဂျင် စပေးပါ တယ်။ အောက်ဆီဂျင်က ကျလာလေလေ ခန္ဓာကိုယ် က  အင်္ဂါတွေကို  ထိခိုက်လေလေဖြစ်တဲ့အတွက် ကြောင့် အောက်ဆီဂျင်က ၉၅ ရာခိုင်နှုန်းရဲ့အထက် ရှိနေရင်တော့ အကောင်းဆုံးပါ။ သို့သော် ၉၂ နဲ့ ၉၅ ကြားဆိုရင်တော့ သာမန်ပါ။


မေး။    ကိုဗစ် - ၁၉  ရောဂါ        ကူးစက်မှုကနေ 
ကာကွယ်နိုင်ဖို့  ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လေးကို ပြည်သူတွေသိအောင် အကြံပြုပေးပါဦးရှင့်။ 
ဖြေ။    ကိုဗစ် - ၁၉ ရောဂါ        ကူးစက်မှုကနေ 


    ကာကွယ်နိုင်ဖို့  လက်စနစ်တကျဆေး၊ စနစ်တကျ နှာခေါင်းစည်းတပ်၊ Social Distancing  တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေထိုင် အဲဒါတွေ ကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီနေရာမှာ နှာခေါင်းစည်းတပ်တာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ချင်တာက    နှာခေါင်းစည်းကို   စနစ်တကျတပ်ဖို့ လိုသလို လူနှစ်ဦး တွေ့ဆုံတဲ့နေရာမှာ တစ်ယောက်က နှာခေါင်းစည်းတပ်ပြီး တစ်ယောက်က နှာခေါင်းစည်း မတပ်ဘူးဆိုရင်လည်း ရောဂါကာကွယ်ရာမှာ မထိ ရောက်ပါဘူး။    နှစ်ဦးနှစ်ဖက်လုံးတပ်မှသာလျှင်  ရောဂါကာကွယ်တာက ထိရောက်တာ ဖြစ်ပါတယ်။ 
နှာခေါင်းစည်းတပ်တဲ့သူက တပ်၊ နှာခေါင်းစည်း မတပ်တဲ့သူက မတပ်ဆိုရင် ရောဂါကာကွယ်တာ မထိရောက်ဘူးလို့   ကျွန်တော်က  ထောက်ပြပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ New Living Style လူနေမှုပုံစံအသစ်နဲ့ နေမှလည်း အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ အခုဆို သက်ကြီးရွယ်အိုတွေ  ကိုဗစ်- ၁၉ ရောဂါဖြစ်ပြီး သေဆုံးတာတွေ ရှိနေပါတယ်။     သူတို့က  အပြင်မသွားပေမယ့်  သူ့မိသားစုတွေက  ကိုဗစ်-၁၉ ပိုး သယ်လာတာရှိပါတယ်။ မိသားစုဝင် တွေက ကျန်းမာသန်စွမ်းတဲ့အခါကျတော့ သူတို့မှာ  ပိုးရှိသော်လည်း ရောဂါဝေဒနာခံစားရတာ မသိလိုက် ဘဲနဲ့ သာမန်လူကောင်းလို ရောဂါပျောက်သွားနိုင်တာ တွေလည်း အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှ ရှိနေတဲ့လူတွေထဲမှာ အားလုံးသည် ကူးစက်ခံထားရတယ်လို့ အမြင်မျိုးနဲ့ ကိုယ်ကလည်း သူများကို ကိုဗစ်-၁၉ ရောဂါကူးသွားနိုင်သလိုသူများ  ကလည်း  ကိုဗစ်-၁၉ ရောဂါ ကူးသွားနိုင်တယ်လို့ အမြင်မျိုးနဲ့ပဲ New Normal Living Style လူနေမှု ပုံစံအသစ်နဲ့ ပြောဆိုဆက်ဆံကြမှသာ အပြန်အလှန် စိတ်ချပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ပေါ်တွင် ကိုဗစ် - ၁၉ ရောဂါ သံသယ ရှိသူများအနေဖြင့်  ရောဂါပိုးရှိ၊ မရှိကို  မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး    အရေးပေါ်ဌာန၊  နဒီမြန်မာ  Test Centre ၊     မြို့တော်ဆေးရုံတို့မှာ  စစ်ဆေးနိုင်ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ များနှင့်  ကိုဗစ် - ၁၉ အတည်ပြုလူနာနှင့် ထိတွေ့ သူများအား ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော် ကြီး)မှာ  Quarantine ထားရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ပေးနေသည့်အပြင် လက်ရှိ ကိုဗစ် - ၁၉  ရောဂါ ဖြစ်ပွားကူးစက်မှု မြန်ဆန်များပြားလာသည့် အတွက်  ကိုဗစ် - ၁၉ ကုသရေးဌာန (တီဘီဆေးရုံ၊ အထက်မြန်မာပြည်)နှင့် ကိုဗစ် - ၁၉ ကုသရေးဆေးရုံ (ခုတင် (၃၀၀) သင်ကြားရေးဆေးရုံကြီး)၊ ကိုဗစ်-၁၉ ကုသရေးဌာန(အမရပူရ)များနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများကို ရောဂါအဆင့် သာမန်(Mild)၊ အလယ် လတ်  (Moderate) များ  လက်ခံကုသနိုင်ရန်နှင့်   ကိုဗစ်-၁၉ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာပြသခြင်း မရှိသူများ (Positive Asymptomatic)၊  အနံ့ပျောက် လက္ခဏာခံစားရသူများ (Anosmia) ကို ဇီဝိတဒါန  သံဃာ့ဆေးရုံတွင်    ထားရှိနိုင်ရန်     ပြင်ဆင်ထား ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ  သိရသည်။