လက်ရှိ ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာဘာသာရပ်တစ်ခုကို ထပ်မံဖြည့်ဆည်းဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်

 

နေပြည်တော် ဇန်နဝါရီ  ၁၄


ပညာရေးဝန်ကြီးဌာန၊   ပြည် ထောင်စုဝန်ကြီး     ဒေါက်တာ ညွန့်ဖေသည်   ယနေ့မွန်းလွဲ ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့    အခြေခံပညာ အထက်တန်းကျောင်းသို့   သွား ရောက်၍   မြို့နယ်ပညာရေးမှူး များ၊  ဆရာ   ဆရာမများနှင့် တွေ့ဆုံကာ   ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဆရာ ဆရာမများ၏    သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ         ပိုမို ကောင်းမွန်ရေးနှင့်   လိုအပ်ချက် များ       ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသည်။ 

 


ထို့အတူပြည်ထောင်စုဝန်ကြီး သည်   သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ     ယမန်နေ့က ထားဝယ်မြို့ရှိ         ထားဝယ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊   ဒုတိယပါမောက္ခ ချုပ်၊   ပါမောက္ခ/  ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ  ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံရာစဉ်  ပြည်ထောင်စု ဝန်ကြီးက   ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်း ကျင် သာယာလှပရေး၊ စိမ်းလန်း စိုပြည်ရေးနှင့်  ပညာရပ်ဝန်းကျင် ကောင်းများ   ဖန်တီးပေးကြစေ လိုပါကြောင်း၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ စာအုပ်၊ စာတမ်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရေးအတွက် ရန်ပုံငွေများ ချထားပေးလျက်ရှိ ပါကြောင်း၊ သိပ္ပံဘာသာရပ်များ အတွက် ဓာတ်ခွဲခန်းများ အဆင့် မြှင့်တင်နိုင်ရေး၊    လိုအပ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့် ဆည်းပေးနိုင်ရေးအတွက် စာရင်း ပြုစုတင်ပြပေးကြရန်နှင့်   ဝိဇ္ဇာ ဘာသာရပ်များအတွက်  လိုအပ် သော   သင်ထောက်ကူပစ္စည်း များကို စာရင်းပြုစုတင်ပြပေးကြစေလိုပါကြောင်း၊    တက္ကသိုလ် သုတေသန   ဖွံ့ဖြိုးတိုးတက်ရေး အတွက်     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်   ပေးကြစေလိုပါ ကြောင်း၊     အမှန်တကယ် တတ်မြောက်သော ပညာတတ် များကို    လေ့ကျင့်မွေးထုတ် ပေးကြစေလိုပါကြောင်း၊  လက်ရှိ ဘာသာရပ်များအပြင် စီးပွားရေး ဆိုင်ရာဘာသာရပ်     တစ်ခုကို ထပ်မံဖြည့်ဆည်း       ဖွင့်လှစ် ဆောင်ရွက်ပေး   သွားမည်ဖြစ်ပါ ကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက်     ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း    ဆွေးနွေး ပြောကြားသည်။

 


ထို့နောက်     တွေ့ဆုံပွဲသို့ တက်ရောက်          လာသူများက တက္ကသိုလ်          ဖွံ့ဖြိုးတိုးတက် ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ညှိနှိုင်းဆွေးနွေး၍  လိုအပ်သည် များ  ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် ထားဝယ်ပညာရေး ဒီဂရီ ကောလိပ်၌ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာဘာသာရပ်ဌာနမှူး များ၊   ဆရာ   ဆရာမများနှင့် တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ    ပိုမို ကောင်းမွန်ရန်   ဆောင်ရွက်ရေး မှာကြား၍      ကျောင်းအတွက် လိုအပ်သည့်      စာသင်ဆောင်၊ အိပ်ဆောင်၊ ကွန်ပျူတာ၊ အင်တာ နက် Wifi နှင့် CCTV များ တပ်ဆင် ဖြည့်ဆည်းနိုင်ရေးနှင့်   ဆရာ ဆရာမ  လိုအပ်ချက်များ  ဖြည့် ဆည်းပေးနိုင်ရေးတို့ကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးသည်  တနင်္သာရီတိုင်း ဒေသကြီး     ပညာရေးမှူးရုံးသို့ သွားရောက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်   ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ 

 


ထိုသို့  တွေ့ဆုံစဉ်     ဆရာ ဆရာမများအနေဖြင့် ကျောင်း သား ကျောင်းသူများကို အမှန် တကယ် စာတတ်မြောက်အောင် သင်ကြား၍  ပညာတတ်လူငယ် များကို မွေးထုတ်ပေးကြစေလိုပါ ကြောင်း မှာကြားကာ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်း    သာယာရေး ဆောင်ရွက်ကြရန်နှင့် ရေသန့် စက်၊   ဆိုလာစနစ်သုံး   ရေတင်  စက်နှင့်       လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တို့ကို          ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရ သည်။


သတင်းစဉ်