
လက်ပံတန်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ်၌ ယမန်နေ့ ည ၁၁ နာရီ က မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းအုပ်စုနှင် နဘဲကွင်း အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ် များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့် လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာအုပ်စုတွင် နေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးခြင်း နှင့် ၂၃၀ ကေဗွီ ပင်မဓာတ်အားတိုင် ပြိုလဲခြင်း၊ နဘဲကွင်းကျေးရွာ အုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေ ၄၅ လုံး ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိခိုက်ပျက်စီးသည့် ကျေးရွာ များသို့ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။ မြို့နယ်(ပြန်/ဆက်)