
လက်ပံတန်း ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကွမ်းသီးတပင်ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပသည်။
အခမ်းအနားကို ကျေးရွာထရန်စဖော်မာရှေ့တွင် ကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာမီးလင်း ရေးကော်မတီဥက္ကဋ္ဌ ဦးစံငြိမ်းနှင့် ကျေးရွာတာဝန်ရှိသူများက ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက အမှာစကားပြောကြားပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမင်းဗညားအောင်ဆန်းလင်းက လျှပ်စစ်ဓာတ်အားပေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ညောင်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးကို နိုင်ငံတော်မှ ၁၁ ကေဗွီလိုင်း ပေ ၆၈၀၀ နှင့် ၁၀၀ ကေဗွီ အေ ထရန်စဖော်မာတစ်လုံး ထောက်ပံ့ပေးခဲ့ပြီး ၄၀၀ ဝပ် ဓာတ်အား လိုင်းဖြင့် ကျေးရွာအတွင်း အိမ်ခြေ ၁၁၀ ကို မီတာတပ်ဆင်နိုင်ရန် ငွေကျပ်သိန်း ၁၉၀ဖြင့် ဆောင်ရွက်ထားရှိကြောင်းကျေးရွာမီးလင်းရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)