လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၆


လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ် အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်   ဒုတိယဝန်ကြီးများ၊   အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊     ဌာနဆိုင်ရာတာဝန်ရှိသူများ၊     မြန်မာနိုင်ငံ လက်ဖက်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု စိတ်ဝင် စားသူများက     အွန်လိုင်းစနစ်ဖြင့်     တက်ရောက်ကြ သည်။


အရေးပါသောအခန်းကဏ္ဍက ပါဝင်


ဆွေးနွေးပွဲတွင်       ပြည်ထောင်စုဝန်ကြီးက လက်ဖက် စိုက်ပျိုးထုတ်လုပ်သော နိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး   ကမ္ဘာ့လက်ဖက်   စိုက်ပျိုး ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို လုပ်ကွက်ငယ် တောင်သူများက ထုတ်လုပ်နေခြင်းဖြစ်၍ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း။


မြန်မာနိုင်ငံသည် လက်ဖက်စတင် ပေါက်ရောက် ရာ မူရင်းဒေသများအနက် တစ်ခုဖြစ်ပြီး မိရိုးဖလာ စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ရှမ်းပြည်နယ်တွင်   အများဆုံးစိုက်ပျိုး၍    မန္တလေး နှင့်   စစ်ကိုင်းတိုင်းဒေသကြီးများတွင်လည်း   စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ် စာရင်း များအရ စုစုပေါင်း လက်ဖက်အထွက် ပိဿာ (၆၉) သန်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ဖက်ကို ပြည်ပသို့   တင်ပို့ရောင်းချမှုမှ   အမေရိကန်ဒေါ်လာ (၂ ဒသမ ၅) သန်းခန့် ရရှိခဲ့သည်ဟု သိရှိရကြောင်း။


၁၉၉၁-၁၉၉၂ ခုနှစ်မှ စတင်၍ လက်ဖက်တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို   အမျိုးသားစီမံကိန်းအစီ အစဉ်ဖြင့်  ကာလတို   (၅)နှစ်  စီမံကိန်းများ   ချမှတ် ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ထိ လက်ဖက် စိုက်ဧရိယာ ဧက (၂ ဒသမ ၃၉) သိန်း စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧရိယာ ဧက(၂ ဒသမ ၄)သိန်းအထိ       တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ စီမံကိန်း မစတင်မီ ပိဿာ   (၂၃၀) ခန့်    ထွက်ရှိရာမှ    စီမံကိန်းကာလ နောက်ပိုင်းတွင် (၂၇၅) ပိဿာခန့် ထွက်ရှိလာသည်ကို တွေ့ရှိရသော်လည်း   နိုင်ငံတကာ  အထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊  စိုက်ဧရိယာများ တိုးချဲ့သကဲ့သို့  တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်    မျိုးပြောင်းလဲခြင်း၊   စိုက်ပျိုး နည်းစနစ်များ၊ သွင်းအားစု ထည့်သွင်းမှုများ၊ အပင် ပိုးမွှားရောဂါ    ကာကွယ်နှိမ်နင်းခြင်း၊     မြေဆီလွှာ ထိန်းသိမ်းခြင်းတို့တွင် နည်းပညာပေးခြင်း၊ ကိုင်းဖြတ် ပြုပြင်ခြင်း၊       ရိတ်သိမ်းချိန်လွန်နည်းပညာများ လိုက်နာဆောင်ရွက်ခြင်း၊ စက်ကိရိယာများ ပိုမိုသုံးစွဲ ခြင်း    စသည့်လုပ်ငန်းများ     ထိထိရောက်ရောက် ဆောင်ရွက်လာကြစေရန် ကြိုးပမ်းရာတွင် အဓိကကျ သော ပုဂ္ဂလိကအခန်းကဏ္ဍဖြစ်သည့်  မြန်မာနိုင်ငံ လက်ဖက်အသင်းနှင့်    ဝန်ကြီးဌာနတို့     ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း။


အလားတူ     လက်ဖက်များကို    လက်ဖက်အစို၊ လက်ဖက်အခါးခြောက်၊   လက်ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊    လက်ဖက်ဝိုင်    စသော တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်   ဆန်းသစ်တီထွင် သော နည်းလမ်းများဖြင့် ထုတ်လုပ်ရန်လည်း လိုအပ် လျက်ရှိကြောင်း၊     ယခု    အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့်      မိမိတို့၏ ကျွမ်းကျင်မှု      အတွေ့အကြုံများကို     အခြေခံပြီး လက်ဖက်တစ်ဧကအထွက်နှုန်း တိုးတက်စေရေးနှင့် တန်ဖိုးမြင့်လက်ဖက်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် နည်းပညာပိုင်း၊ မူဝါဒပိုင်းနှင့် နည်းဗျူဟာပိုင်း အားကောင်းလာစေရန် ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအကြံပြုပေးကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ရှင်းလင်းဆွေးနွေး


ထို့နောက် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊   စားသုံးမှု၊   ပြည်ပ တင်ပို့မှု၊ မျိုး၊ မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေ သနရှုထောင့်မှ အမြင်များကို ရှင်းလင်းဆွေးနွေးကြ ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက်အသင်းမှ တာဝန်ရှိသူများက  မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနှင့်     ပတ်သက်၍ သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များ၊ ဖြည့်စွက် မွမ်းမံ     သင်ကြားပေးနိုင်သော   ဘာသာရပ်များနှင့် စိုက်ခင်းစတင်ချိန်မှစ၍ ကြုံတွေ့ရသည့် ပြဿနာ များကို ဇီဝဗေဒ၊ လူမှုရေး၊ စီးပွားရေး ရှုထောင့်ပေါင်းစုံ မှ တင်ပြဆွေးနွေးကြသည်။


ပါဝင်ဆွေးနွေး


ယင်းနောက် အုပ်စုအလိုက် ဆွေးနွေးခြင်း(SWOT Analysis)အစီအစဉ်တွင်     ပြည်တွင်း    စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊    မျိုး၊   မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေသနဆောင်ရွက်မှု၊ ပြုပြင် လုပ်ဆောင်ခြင်း၊     အရည်အသွေးထိန်းသိမ်းခြင်း နှင့်  အစားအစာ   ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ပြည်တွင်းအသုံးပြုမှုနှင့် ပြည်ပကုန်သွယ်မှုခေါင်းစဉ် များဖြင့် ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလက်ဖက်အသင်းမှ ကျွမ်းကျင်သူများနှင့် လက်ဖက်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍    စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က မြန်မာနိုင်ငံ လက်ဖက်တန်ဖိုး ကွင်းဆက် မြှင့်တင်ရေး လမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 


တိုးချဲ့စိုက်ပျိုးနိုင်ရေး


အမယ်သစ် ပြည်ပပို့ကုန်အဖြစ် အလားအလာ ကောင်းသည့်   လက်ဖက်သီးနှံကို  ဇုန်နယ်မြေများ သတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးနိုင် ရေးအတွက် လက်ဖက်တန်ဖိုး ကွင်းဆက်တစ်လျှောက် အားသာချက်၊   အားနည်းချက်၊   အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်းနှင့် လက်ဖက်တန်ဖိုး ကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံ ရေးဆွဲခြင်းကို ဝန်ကြီးဌာန လက်ဖက်ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍ မှ   လက်ဖက်ပညာရှင်များ   ဆွေးနွေးအဖြေရှာပြီး အသေးစိတ်အစီအစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို      ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                               

သတင်းစဉ်