
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်
နေပြည်တော် ဧပြီ ၈
လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ (နောင်တရား) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါလက်ဖက်အချိုခြောက် နှင့် သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား)သို့ ရောက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ၊ ဒုတိယဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ လက်ဖက်အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်ပွဲအခမ်းအနား အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များက လက်ဖက် ရွက်စိမ်းများအား ဘတ်ကွန်ပေယာဇယားအတွင်းသို့ ထည့်သွင်းကြပြီး စက်ရုံအား စတင်လည်ပတ်စေ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် လက်ဖက်အချို ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) မုခ်ဦးရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး စက်ရုံအတွင်း သစ်သီးအခြောက်ခံမှုလုပ်ငန်း အဆင့်ဆင့်နှင့် လက်ဖက်အချိုခြောက်ထုတ်လုပ်နေမှု အဆင့်ဆင့်တို့အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်ရုံမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အခမ်းအနားအစီအစဉ်အရ စက်ရုံရှင်းလင်း ဆောင်၌ လက်ဖက်အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား)ဆိုင်ရာ Docum-entary Video Clip အား ပြသသည်။ ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးကျော်လင်းက စက်ရုံဆိုင်ရာ အချက် အလက်များအား ရှင်းလင်းတင်ပြသည်။
အမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလခရီးစဉ်တွင် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး နောင်တရားဒေသအတွင်း လက်ဖက်အခြောက်ခံစက်ရုံဖွင့်လှစ်ရေး လမ်းညွှန် ချက်နှင့်အညီ လက်ဖက်အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား)ကို ဖွင့်လှစ်ခြင်း ဖြစ်၍ ပအိုဝ်းဒေသတိုင်းရင်းသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဒေသတွင် လက်ဖက်ကို လွန်ခဲ့သည့် ရှေးနှစ်ပေါင်း ၂၀၀ ခန့်က စတင်စိုက်ပျိုးခဲ့ကြပြီး အသက်မွေး ဝမ်းကျောင်းအတွက် အဓိကကျသော လုပ်ငန်း တစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဖြည့်စွက်သီးနှံအနေဖြင့် စိုက်ပျိုးခဲ့ကြကြောင်း၊ အရွက်အညွှန့်များ ခူးရာတွင် လည်း ထွက်ရှိသရွေ့ မခူးနိုင်ဘဲ ဝယ်လိုအားအရသာ ခူးဆွတ်၍ ရသည့်ဈေးဖြင့်သာ ရောင်းချခဲ့ရကြောင်း၊ နောင်တရားပတ်ဝန်းကျင် ကျေးရွာအုပ်စု ရှစ်စုတွင် လက်ရှိလက်ဖက်စိုက်ဧက စုစုပေါင်း ၄၅၂၆ ဧကခန့် နှင့် တစ်ဧကပျမ်းမျှ လက်ဖက်ရွက်စိမ်း ပိဿာ၆၀၀ ခန့် ထွက်ရှိပြီး တစ်နှစ်စုစုပေါင်း လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်း ပိဿာခန့် ထွက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ်အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကမှ တစ်နှစ်လက်ဖက်ရွက်စိမ်း ပိဿာ ၆၆၁၀၂၀၀ ခန့် ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံး တွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုအနေဖြင့် ပိဿာ ၉၃၂၅၈၀၀ (၁၅၃၃၈)တန် ထွက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ ဒေသအတွင်း သရက်၊ နဂါးမောက်၊ လိမ္မော်၊ ထောပတ်၊ နာနတ်နှင့် ငှက်ပျောသီးများထွက်ရှိပြီး ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးမြို့များသို့ တင်ပို့ ရောင်းချမှုရှိသော်လည်း အဓိကအားဖြင့် ပင်လောင်း မြို့ ဈေးကွက်အတွင်းကိုသာ တင်ပို့နိုင်ကြောင်းကို တွေ့ရှိရကြောင်း၊ လက်ဖက်ခြောက်နှင့် သစ်သီး အခြောက်ခံ စက်ရုံ(နောင်တရား)ကို တည်ဆောက်ပြီး တန်ဖိုးမြင့် လက်ဖက်အချိုခြောက်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် နောင်တရားနှင့် ပင်လောင်း ဒေသ အနီးပတ်ဝန်းကျင်မှ ထွက်ရှိသည့် လက်ဖက် ရွက်စိမ်းများကို ထွက်ရှိသလောက် ဆွတ်ခူးရောင်းချ နိုင်မည်ဖြစ်ပြီး ဒေသခံလက်ဖက်စိုက် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာ မည်ဖြစ်သလို ဒေသအတွင်း၌ စိုက်ပျိုးသည့် အသီး များကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ သစ်သီး ခြောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့် အတွက် ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ဖက်အချိုခြောက်ထုတ်လုပ်ရာတွင် မိရိုးဖလာ ထုတ်လုပ်မှု Orthodox နည်းစနစ်နှင့် CTC ခေတ်မီ နည်းစနစ်ဟူ၍ နည်းစနစ် နှစ်မျိုးရှိသည့်အနက် ယခုစက်ရုံ၏ တပ်ဆင်ထားသည့်စနစ်မှာ CTC(Crush, Tear, Curt) စနစ်ဖြစ်ပြီး လက်ဖက်အချို ခြောက်၏ အရည်အသွေးကို မြင့်မားစွာထုတ်လုပ်နိုင် သည့်အပြင် အလေအလွင့်နည်းပါးစွာဖြင့် ထုတ်လုပ် နိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးအရ ပိုမိုတွက်ခြေ ကိုက်မှာဖြစ်ကြောင်း၊ တစ်ရက်လျှင် ၈ နာရီ ကုန်ကြမ်း ၅ တန် ကြိတ်ဝါးပါက ကုန်ချော ၁ ဒသမ ၁ တန် ထွက်ရှိမည့် CTC အချိုခြောက်စက်များ တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း (တောင်ကြီး)ခရိုင် ပင်လောင်းမြို့နယ် မှာရှိသည့် နောင်တရားမြို့အတွင်း ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား)ဒေသ ၊ ပင်လောင်းဒေသနှင့် အနီးဝန်းကျင်ဒေသများ တွင် ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေပြီး ဝင်ငွေတိုးပွားစေရန်ဖြစ်ကြောင်း၊ ပင်လောင်း- နောင်တရားဒေသများသည် ပတ်ဝန်း ကျင်ရှိ ရွာငံ၊ ပင်းတယမြို့များထက် စိုက်ဧကများ သော်လည်း အကျိုးမြတ်ရရှိမှုနည်းသဖြင့် လက်ဖက် ခြံလုပ်ငန်းများနှင့် အသီးခြံလုပ်ငန်းများ စွန့်ခွာမည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ စက်ရုံမှဝယ်ယူ မည့် လက်ဖက်နှင့် သစ်သီးကုန်ကြမ်းဝင်ငွေပုံမှန် ရရှိလာမည်ဖြစ်၍ လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်း များ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း။
ရေရှည်ရပ်တည်နိုင်ရေး ထိန်းသိမ်း
လက်ဖက်ရွက်စိမ်းများနှင့် ဒေသထွက် သစ်သီး ဝလံများ ဈေးကွက်ခိုင်မာရှင်သန်လာသည်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာပြီး ပအိုဝ်းဒေသတွင် အစားထိုးလက်ဖက်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာခြင်းနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာနိုင်ခြင်းစသော အကျိုးကျေးဇူးများမှ တစ်ဆင့် နိုင်ငံသာယာဝပြောရေး၊ စားရေရိက္ခာပေါများ ဖူလုံရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည့်အတွက် လက်ဖက် အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား)အား ရင်းနှီးမြှုပ်နှံမှုပမာဏများစွာ ဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဖွင့်လှစ်လိုက်သည့် လက်ဖက်ခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား)သည် နောင်တရား မြို့အပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် အဆင့်အတန်းမြင့်မား၍ ဂုဏ်ယူဖွယ်ကောင်း သော စက်ရုံကြီးအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ ဒေသအတွက်အများနှင့် သက်ဆိုင်သော ပထမဆုံး တစ်ခုတည်းသော စက်ရုံကြီးဖြစ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဖြစ်ပေါ်လာ မည့် အသီးအပွင့်အခွင့်အလမ်းများကို လက်ဝယ် ပိုင်ပိုင်ရယူကြရန် တစ်နည်းအားဖြင့် မိမိလုပ်အားနှင့် ညီမျှသည့် ငွေကြေးထုတ်ပေးရာ စက်ရုံလည်းဖြစ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုသော စက်ရုံ၏ ရေရှည်ရပ်တည်နိုင်ရေး မိမိပိုင်စက်ရုံ ကဲ့သို့သဘောထား၍ ဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
အထိမ်းအမှတ်တံဆိပ်ပေးအပ်
ထို့နောက် ဒေသခံပြည်သူတစ်ဦးက စက်ရုံတည် ဆောက်ခြင်းနှင့် ပတ်သက်၍ ဒေသအတွင်း ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ယင်းနောက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လက်ဖက် အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား) ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ထံ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆိုပါလက်ဖက်အချို ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) စက်ရုံတည်ဆောက်ပြီး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော နိုင်ငံခြားသားပညာရှင်များ အား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ လက်ဖက်အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား)မှ တစ်ရက် ၈ နာရီ တစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ် နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက်ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ကီလို ဂရမ် ၄၈၈၀၀၀(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်