
နေပြည်တော် ဖေဖော်ဝါရီ ၁၁
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပ ရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို အကောင်အထည်ဖော်ခြင်းအား လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီမှ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီထံမှ ယခုစီမံချက်ကို အတည် ပြုချက်ရရှိပါက လုပ်ငန်းစီမံချက်၏ လုပ်ငန်း အစီအစဉ်တွင် ပါရှိသောအချက်တို့ကို ထိရောက်စွာ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်ဆောင် ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး၌ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃)ကို ဆက်လက်အတည်ပြု အကောင် အထည်ဖော်ဆောင်ရွက်နိုင် ရန် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်သွား မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂) အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်