လကမ္ဘာပေါ်သို့ အောင်မြင်စွာ ခြေချနိုင်ပြီးနောက် နေကို စူးစမ်းလေ့လာမည့် ပထမဆုံးဂြိုဟ်တုကို အိန္ဒိယ မကြာမီလွှတ်တင်မည်

 

နယူးဒေလီ   သြဂုတ်  ၂၉ 


အိန္ဒိယနိုင်ငံ၏    လသွားအာကာသယာဉ်   လပေါ် အောင်မြင်စွာဆင်းသက်နိုင်ပြီး       တစ်ပတ်မပြည့်မီ တွင် နေကိုစူးစမ်းလေ့လာမည့် ပထမဆုံးဂြိုဟ်တုကို မကြာမီလွှတ်တင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ က ပြောကြားလိုက်သည်။ 


အိန္ဒိယအာကာသ      သုတေသနအဖွဲ့အစည်း (အက်စ်ရို) က နေစူးစမ်းလေ့လာရေးယာဉ်ဖြစ်သည့် အဒိတျာ-အယ်   ၁  ကို    အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် သီရိဟာရီကိုတာကျွန်းရှိ ဆာတက်ရှ်ဒါဝမ်   အာကာသစခန်းမှ    စက်တင်ဘာ ၂        ရက်တွင်     လွှတ်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


လေးလကြာပြီးနောက် နေစူးစမ်းလေ့လာရေး ယာဉ်သည် ကမ္ဘာမှ ကီလိုမီတာ ၁ ဒသမ ၅  သန်း ကွာဝေးသော      နေရောင်ခြည်စက်ဝန်းပတ်လမ်း အတွင်း ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ  နေစူးစမ်း လေ့လာရေးခရီးစဉ်တွင်  အပူချိန်  ဒီဂရီဆဲလ်စီးယက်စ် သန်းကျော်ရှိသော နေမျက်နှာပြင်အလွှာ အထပ်ထပ် နှင့်     ပေါက်ကွဲစေတတ်သော   မီးတောက်မီးလျှံလေ့လာရေးအစီအစဉ်များလည်း       ပါဝင်မည်ဖြစ် သည်။ 


အိန္ဒိယနိုင်ငံ၏  ချန်ဒရာယန်-၃ လပေါ်သွား ယာဉ်သည် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းမျက်နှာပြင် ပေါ်သို့ သြဂုတ် ၂၃ ရက်က အောင်မြင်စွာဆင်းသက် နိုင်ခဲ့ပြီး    ဆက်လက်စူးစမ်းလေ့လာမှုများ   ပြုလုပ် လျက်ရှိသည်။ 


လ၏ တောင်ဝင်ရိုးစွန်းမျက်နှာပြင်ဒေသသည် ရေခဲပုံစံဖွဲ့စည်းလျက်ရှိပြီး      ရေပါဝင်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ 


ကမ္ဘာပေါ်တွင်  အိန္ဒိယနိုင်ငံသည် လကမ္ဘာပေါ် သို့ ခြေချနိုင်ခဲ့သည့်    စတုတ္ထမြောက်နိုင်ငံဖြစ်သည်။ လကမ္ဘာပေါ်သို့      ခြေချနိုင်ခဲ့သည့်   နိုင်ငံများမှာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊     အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြသည်။        
 

အင်န်အိတ်ချ်ကေ