
ရောမ ဖေဖော်ဝါရီ ၂၄
အမေရိကန်ဦးဆောင်သော လကမ္ဘာစူးစမ်းလေ့လာ ရေးအစီအစဉ် Artemis ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုမည့် အာကာသယာဉ်မှူးများ နေထိုင်နိုင် သော မော်ကျူးတစ်ခုကို မီဒီယာသို့ ချပြခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ Artemis အစီအစဉ်မှာ ရာစုနှစ်ဝက်ကျော် အတွင်း ပထမဆုံးလူလိုက်ပါနိုင်သည့် လကမ္ဘာ ခရီးစဉ်ကို ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထိုအစီအစဉ်တွင် ဂျပန်နိုင်ငံလည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အစီအစဉ်အရ လကို လှည့်ပတ်နေစဉ်အတွင်း အာကာသယာဉ်မှူးများ နေထိုင်နိုင်ရန်အတွက် Gateway အာကာသစခန်းတစ်ခု တည်ဆောက်သွား မည်ဖြစ်သည်။ HALO ဟုခေါ်သော အဆိုပါ မော်ကျူး ကို အီတလီနိုင်ငံရှိ တီထွင်ရေးအဆောက်အအုံ တစ်ခု၌ ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ဆက်သွယ်ရေးစနစ်များနှင့် အသက်ကယ် ထောက်ပံ့ရေးကိရိယာများ တပ်ဆင်ထားသော အဆိုပါမော်ကျူးကို လာမည့်နှစ်မကုန်မီတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။ အလုပ် သမားများသည် HALO ၏ အပြင်ဘက် အလူမီနီယံနံရံ များ ဆောက်လုပ်မှုပြီးစီးရန် နီးစပ်လာပြီဖြစ် ကြောင်း၊ မော်ကျူးကို တပ်ဆင်ခြင်းနှင့် အတွင်းပိုင်း စမ်းသပ်မှုများပြီးဆုံးပြီးနောက် နှစ်မကုန်မီတွင် လွှတ်တင်နိုင်ရန်အတွက် အမေရိကန်သို့ ပို့ဆောင် တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
Gateway အာကာသစခန်း၏ အတွင်းပိုင်းကို ရှင်းပြနိုင်ရန်အတွက် အဆောက်အအုံတစ်ခုကို လည်း မီဒီယာသို့ ပြသခဲ့ကြောင်းနှင့် မော်ကျူး၏ အသက်ကယ်ထောက်ပံ့ရေးစနစ်အတွက် ဂျပန် နည်းပညာကို အသုံးပြုထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ