လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ဘေရွတ်     မတ်   ၂၈ 
လက်ဘနွန်နိုင်ငံ   တောင်ပိုင်းရှိ ကျေးရွာနှင့်       မြို့နယ်အချို့ကို ပစ်မှတ်ထားကာ  အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည့်အတွက်   ကိုးဦးသေဆုံးပြီး     ခုနစ်ဦး     ဒဏ်ရာရရှိခဲ့သည်ဟု   မတ်   ၂၇ ရက်တွင်      လက်ဘနွန် တပ်ဖွဲ့      အရင်းအမြစ်များက  ဆင်ဟွာသို့ ပြောသည်။ 
အဆိုပါ     တိုက်ခိုက်မှုမှာ လက်ဘနွန်နိုင်ငံ     အနောက် တောင်ပိုင်းရှိ တေဟာဖာကျေးရွာ ကို    ပစ်မှတ်ထားကာ   တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး       ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား    နှစ်ဦးနှင့် အစ္စလာမ္မစ်       ကျန်းမာရေး အာဏာပိုင်အဖွဲ့မှ   အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ရသည်။     အရပ်သား သုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။
နောက်ထပ်စီးနင်း တိုက်ခိုက် မှုတစ်ခု လက်ဘနွန်နိုင်ငံအနောက် တောင်ပိုင်း    နာကိုရာမြို့တွင် ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ အရပ်သားလေးဦး   ဒဏ်ရာရရှိခဲ့ သည်။       တစ်ချိန်တည်းတွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ၎င်းတို့ ၏ တိုက်ခိုက်ရေးသမားများသည်       အစ္စရေးတို့၏ တပ်မဟာ (၇၆၉)ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး အစ္စရေးတပ်ဖွဲ့၏ အချို့သော နေရာများကိုလည်း    ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။
၂၀၂၃ ခုနှစ်  အောက်တိုဘာ  ၈ ရက်မှစတင်ကာ   လက်ဘနွန်-  အစ္စရေးနယ်စပ်တွင်    တင်းမာမှု များမြင့်မားလာခဲ့ပြီး ဟစ်ဇ်ဘိုလာ တို့သည် အစ္စရေးဘက်သို့ ဒုံးကျည် များဖြင့်     ပစ်ခတ်တိုက်ခိုက်ခဲ့ ကာ      အစ္စရေးဘက်ကလည်း   လက်ဘနွန်နိုင်ငံ   တောင်ပိုင်းသို့ အမြောက်ကြီးများဖြင့်   ပစ်ခတ် တိုက်ခိုက်ခဲ့သည်။   ဟစ်ဇ်ဘိုလာ နှင့်အစ္စရေးတို့  ထိပ်တိုက်ရင်ဆိုင် တွေ့မှုကြောင့် လက်ဘနွန်ဘက်မှ ၃၈၈ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၂၄၇ ဦးနှင့်   အရပ်သား ၇၃ ဦးတို့ ပါဝင်သည်ဟု   လက်ဘနွန်လုံခြုံ ရေး      သတင်းအရင်းအမြစ်က ပြောသည်။        ဆင်ဟွာ