လက်ဘနွန်နိုင်ငံရှိ ဆီးရီးယားဒုက္ခသည်များနှင့် လက်ဘနွန်နိုင်ငံသား ၁ ဒသမ ၉၈ သန်း အစားအစာမလုံလောက်မှုနှင့် ရင်ဆိုင်နေရ

 

ဘေရွတ်   ဇန်နဝါရီ    ၁၉


လက်ဘနွန်နိုင်ငံရှိ    ဆီးရီးယား ဒုက္ခသည်များနှင့်     လက်ဘနွန် နိုင်ငံသား    ၃၇   ရာခိုင်နှုန်းခန့် သို့မဟုတ် ၁ ဒသမ ၉၈ သန်းခန့် သည် ကြီးမားသည့် အစားအစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရ ကြောင်း        လက်ဘနွန်နိုင်ငံ  ဆိုင်ရာ ကုလသမဂ္ဂအထူးညှိနှိုင်း ရေးမှူး အင်ရန် ရီဇာက ဇန်နဝါရီ  ၁၈ ရက်တွင် ပြောကြားသည်။

 


လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်၌ကျင်းပသည့်  လက် ဘနွန်နိုင်ငံ စားနပ်ရိက္ခာ  မလုံ လောက်မှုညီလာခံတွင်  ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း    ဖြစ်ကြောင်း   အမျိုးသား သတင်းအေဂျင်စီက   ထုတ်ပြန်ထားသည်။
လက်ဘနွန်နိုင်ငံသား       စုစု ပေါင်း   ၁  ဒသမ  ၂၉  သန်းနှင့် ဆီးရီးယား  ရွှေ့ပြောင်းနေထိုင်သူ ခုနစ်သိန်းမှာ   ယခုအခါ   အကူ အညီများ     လိုအပ်နေကြောင်း၊   ယခုနှစ်    ဇန်နဝါရီလမှ     ဧပြီလ အတွင်း   လက်ဘနွန်နိုင်ငံသား  ၁ ဒသမ ၅  သန်းနှင့် ဆီးရီးယား  ရွှေ့ပြောင်းနေထိုင်သူ     ရှစ်သိန်း အထိ အကူအညီ တိုးမြှင့်လိုအပ် လာဖွယ်ရှိကြောင်း  ၎င်းက ပြော သည်။                        

ဆင်ဟွာ