လက်ဘနွန်နိုင်ငံ၌ ကာလဝမ်းရောဂါ ကူးစက်ခံရသူပေါင်း ၄၉၀ ရှိ

 

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကာလဝမ်းရောဂါကာကွယ်ဆေး ခြောက်သိန်း ထောက်ပံ

 

ဘေရွတ် နိုဝင်ဘာ ၁၁


နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(အိုင်စီဂျီ)က   စီစဉ်သည့် ကမ္ဘာလုံးဆိုင်ရာ         ကာလဝမ်း ရောဂါ ကာကွယ်ဆေးများ ပံ့ပိုး ပေးမှုကို  လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက  ကာလဝမ်းရောဂါ ကာကွယ်ဆေးအလုံးရေ  ခြောက် သိန်း လက်ခံရရှိကြောင်း  ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။     

 


ကာကွယ်ဆေးများကိုကျန်းမာ ရေးဝန်ကြီးဌာန၏   ဗဟိုဆေးဝါး ဂိုဒေါင်သို့        ပို့ဆောင်ပေးပြီး နိုဝင်ဘာ ၁၂ ရက်တွင်  ကာကွယ် ဆေးထိုးနှံမှုကို   စတင်မည်ဖြစ် ကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ထားသည်။ အဆိုပါ ကာကွယ်ဆေးကို  ဒုက္ခသည်များ နှင့် အသက်  တစ်နှစ်နှင့်အထက် အသက်အရွယ်အုပ်စုများကို ထိုးနှံ ရန် ရည်မှန်းထားကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က  ပြောကြား သည်။

 


ကာကွယ်ဆေးများ နိုင်ငံတွင်း အချိန်မီ     ရောက်ရှိခြင်းအတွက် လက်ဘနွန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂအေဂျင်စီ များနှင့်   ၎င်းတို့၏  လုပ်ဖော် ကိုင်ဖက်များ၏ စုပေါင်းအားထုတ် မှုကို       ကျေးဇူးတင်ကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ   တာဝန်ရှိသူ တစ်ဦးဖြစ်သူ  အက်ဒီနာဆာ အဘူ ဘာခါ က        ပြောကြားသည်။ လက်ဘနွန်နိုင်ငံ၌   နိုဝင်ဘာ ၉ ရက်အထိ           ကာလဝမ်းရောဂါ ကူးစက်ခံရသူပေါင်း ၄၉၀ ရှိပြီး အဆိုပါရောဂါဖြင့်        သေဆုံးသူ စုစုပေါင်း ၁၈ ဦးရှိကြောင်း သိရ သည်။                              

ဆင်ဟွာ