
ဘေရွတ် ဖေဖော်ဝါရီ ၂၆
ဘေရွတ် ဆိပ်ကမ်းပေါက်ကွဲမှုတွင် ပျက်စီးခဲ့ရသည့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ပြန် လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကမ္ဘာ့ ဘဏ်မှ ရန်ပုံငွေစီမံကိန်းကို စတင်လိုက်ပြီဖြစ် ကြောင်း လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
အဆိုပါစီမံကိန်းသည် ပျက်စီးသွားသည့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ပံ့ပေး ရန်နှင့် အကူအညီလိုအပ်နေသည့် ပြည်သူများနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးရန် ရည်ရွယ် ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောသည်။ ပြန်လည်ပြုပြင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ကမ္ဘာ့ဘဏ်အုပ်စု၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ တို့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ လက်ဘနွန်အစိုးရ နှင့် လူမှုအဖွဲ့အစည်းတို့သည် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည့် အသေးစား လုပ်ငန်းများနှင့် အကြီးစား လုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ ၂၅ သန်း ခွဲဝေချထားပေးပြီး သုံးလအကြာ တွင် ယခုလို စီမံကိန်းစတင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ် ၄ ရက်က ဘေရွတ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပေါ်ခဲ့သည်။ မြို့အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ လူပေါင်း ၃၀၀၀၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ပြန်လည် တည်ဆောက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ဆင်ဟွာ