
လီမာ ဇန်နဝါရီ ၁၂
ပီရူးနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ပုံမှန်မဟုတ်သည့် လှိုင်းလုံးကြီး များကြောင့် ဆိပ်ကမ်း ၈၅ ခု ပိတ်ခဲ့ရပြီး လူတစ်ဦး အသက် ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့ ကာကွယ်ရေး အမျိုးသားအင်စတီ ကျုက ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။ ကမ်းရိုးတန်း တစ်လျှောက် လှိုင်းကြီးနေသည် မှာ နှစ်ရက်ကြာမြင့်နေပြီဖြစ်ပြီး လှိုင်းလုံးငယ်မှ တဖြည်းဖြည်း လှိုင်းလုံးကြီးများ ဖြစ်လာသည်။
ထို့ကြောင့် ဆိပ်ကမ်းများ ပိတ်ထားရန်နှင့် ငါးဖမ်းလုပ်ငန်း များကိုလည်း ရပ်နားထားရန် အကြံပြုထားသည်။ ငါးဖမ်းလှေ ကြီးများ ဆိပ်ကမ်းသို့ ပြန်လာရန် လည်း အကြံပြုထားသည်။ ပီရူး နိုင်ငံ အနောက်မြောက်ပိုင်းဒေသ တွင် အသက် ၇၀ အရွယ် ဆန်တို့စ် ကာရာကို့စ် ကလာဗီဂျိုမှာ ငါးဖမ်း နေစဉ် လှိုင်းနောက်ပါသွားပြီး ရေနစ်မြုပ်သွားခဲ့သည်။ လှိုင်းလုံး ကြီးများကြောင့် ငါးဖမ်းလှေ နစ်မြုပ်သွားကာ ၎င်းပါရေနစ်မြုပ် သွားခြင်းဖြစ်သည်ဟု ငါးဖမ်း လှေပေါ်တွင် ၎င်းနှင့်အတူ လိုက်ပါ ခဲ့သည့် သားဖြစ်သူကပြောသည်။
ပီရူးရှိ ငါးဖမ်းသမားများသည် လှေများနှင့် ဆိပ်ကမ်းများ ပျက်စီး မှုအပါအဝင် ၎င်းတို့၏ ဆုံးရှုံးသွား မှုများကို တင်ပြခဲ့သည်။ နှစ်မီတာ အမြင့်ရှိ လှိုင်းကြီးများမှာ ကမ်းခြေ ပေါ်သို့ ရိုက်ခတ်လာသည်ကို ဆိုရှယ်မီဒီယာပေါ် တင်ထားသည့် ဗီဒီယိုများတွင် တွေ့ရသည်။ မြောက်ပိုင်းဒေသမှ ပီရူးနိုင်ငံ မြို့တော် လီမာအထိ ဒေသခံ များမှာ လှိုင်းလုံးကြီးများကြောင့် ကြောက်ရွံ့လျက်ရှိသည်။ ဆင်ဟွာ