
လွိုင်လင် သြဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပန်မုန့်ကျေးရွာအုပ်စု ပေါင်းလိုင်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်း ခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း များ၊ လွိုင်လင်မြို့ အမှတ်(၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မွမ်းမံရန်ပုံ ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ မြို့နယ်ဦးစီးဌာနမှ သိရသည်။
ပေါင်းလိုင်ကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အရှည် တစ်မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၀၇ သန်းဖြင့် တင်ဒါအောင်မြင်သောကုမ္ပဏီက လည်း ကောင်း၊ လွိုင်လင်မြို့ အမှတ်(၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း အနက် ပေ ၃၀၀ ရှိ အဝီစိစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ မွမ်းမံရန်ပုံငွေ ကျပ် ၄ ဒသမ ၅ သန်းဖြင့် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင် နီယာများက ယခုနှစ် ဇွန်လအတွင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုအချိန်တွင် လုပ်ငန်းများ ၈၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်မင်း ထိုက်က ပြောသည်။
ငြိမ်းသူ