
နေပြည်တော် ဇန်နဝါရီ ၁၆
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်၊ ပြည်သူလူထု အထိတ် တလန့်ဖြစ်စေရန်နှင့် အစိုးရ အုပ်ချုပ်မှုယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများ ပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင် အခြားဘာသာဝင်များ ၏ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ ဘုရားရှိခိုးကျောင်းများ အား Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသည်။
လက်နက်ကြီးကျည်ထိမှန်ပျက်စီး
ထိုသို့လုပ်ဆောင်လျက်ရှိရာ ကယားပြည်နယ်အတွင်းရှိ KNPP အကြမ်းဖက် သောင်းကျန်းသူများ နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ် ရွှေစေတီတော် အား အဝေးမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများ ပစ်ခတ် ခဲ့သည့် လက်နက်ကြီး ကျည်များ သည် စေတီတော်ပရိဝုဏ်အတွင်း ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦ များတွင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရှိရသည်။
ကြေညာချက်များထုတ်ပြန်
ယင်းသို့ အကြမ်းဖက်သောင်း ကျန်းသူများ၏ ဘုရားစေတီများ နှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦများကို မိုက်ရိုင်းစော်ကားစွာ ဖျက်ဆီးနေမှုများကို ဗုဒ္ဓဘာသာ ဝင် ရဟန်းရှင်လူပြည်သူများက လုံးဝလက်မခံနိုင်ဘဲ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် အဖွဲ့အစည်း အသီးသီးကလည်း ကန့်ကွက် ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ထားရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်