လွိုင်ကော်မြို့နယ်ရှိ တပ်မတော်ဆေးရုံနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၅ ကယားပြည်နယ် လွိုင်ကော် မြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိ သော အရာရှိ၊ စစ်သည်၊ မိသားစု များအား ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မျိုးတင်နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု နှင့် ကျန်းမာရေးတိုးတက်မှုအခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက နည်းပညာတက္ကသိုလ် (လွိုင်ကော်)အနီးရှိ နေရပ်ပြန် ပြည်သူများ စိစစ်လက်ခံရေးနေရာ သို့ သွားရောက်၍ ပြန်လည် ဝင်ရောက်လာသော ပြည်သူ များနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု နှင့် ကျန်းမာရေးတိုးတက်မှုအခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး (အပေါ်ပုံ) စားသောက်ဖွယ်ရာများ ပေးအပ် သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်