
လွိုင်ကော် ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ အထိမ်းအမှတ် အလံတင် အခမ်း အနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော် မြို့ ကန္တာဟေဝန်ပန်းခြံ (ကျောက်သား ရင်ပြင်)၌ လည်းကောင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကို ပြည်နယ်ခန်းမ၌ လည်းကောင်း ကျင်းပသည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံ (ကျောက်သား ရင်ပြင်)၌ ကျင်းပရာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးမြင့်ဝေနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ဆက်လက်၍ သဝဏ်လွှာ ဖတ်ကြား ခြင်း အခမ်းအနားကို နံနက် ၇ နာရီ မိနစ် ၄၀ တွင် ပြည်နယ်ခန်းမ၌ ကျင်းပ ရာ ပြည်နယ်ခေတ္တဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများကပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်ခေတ္တဝန်ကြီးချုပ်က ဖတ်ကြား ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)