
လွိုင်ကော် ဇွန် ၉
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများနှင့် ပြိုင်ပွဲ ဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကျင်းပမည့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား ထောက်ပံ့ငွေ ပေးအပ် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော် မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မျိုးတင်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ကယားပြည်နယ်မှ နိုင်ငံ့လက်ရွေးစင် ကစားသမားများက ငွေနှင့် ကြေးတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ပါသဖြင့် ပြည်နယ်၏ အားကစားသမိုင်း တွင် အားကစားသူရဲကောင်းများအဖြစ် မှတ်တမ်း တင်ဂုဏ်ပြုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား အမြောက်အမြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်မှ အားကစားအဆင့်အတန်း မြင့်မားလာ စေရေး၊ အောင်မြင်မှုရရှိရေးနှင့် အားကစားမောင်မယ် များ စိတ်ဓာတ်မြှင့်တင်စေရေးအတွက် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ထပ်ဆင့်ဂုဏ်ပြု ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံ့ ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒို အားကစားနည်းတွင် (၅၇) ကီလိုတန်း ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိသော မဒေစီဦး ဂျူးလိယက် နှင့် အလေးမပြိုင်ပွဲတွင် (၅၉) ကီလိုတန်းပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိသော မနော်တဘိုးရာတို့ အား လည်းကောင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမား လေးဦး အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ချီးမြှင့်သည်။ ဆက်လက်၍ တိုင်း ဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် တိုက်ကွမ်ဒိုနှင့် ဘော်လီဘောလက်ရွေးစင် အသင်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)