လွိုင်ကော်မြို့ လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်   ဇူလိုင်   ၉
ကယားပြည်နယ် လွိုင်ကော်မြို့ လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူ များအား     ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း       စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါကျေးရွာရှိ     သုဝဏ္ဏရာမ လွယ်ထွဲကျောင်း၌    ကျန်းမာရေး စောင့်ရှောက်မှု          လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသရေးအဖွဲ့က       ဒေသခံ ပြည်သူ  ၂၁၀  တို့ကို  သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျောက် တည်ရောဂါ၊      အရေပြားရောဂါ၊ ခါးနာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး     စစ်ဆေးကုသပေး ခြင်းများ       ဆောင်ရွက်ပေးပြီး ဆေးရုံ       တက်ရောက်ကုသရန် လိုအပ်သော        လူနာများအား နယ်မြေခံ    တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့     ဆောင်ရွက်နေမှု များကို တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်း လတ်နှင့်   အဖွဲ့ဝင်များက    သွား ရောက်           ကြည့်ရှုအားပေးပြီး သုဝဏ္ဏရာမ      လွယ်ထွဲကျောင်း ကျောင်းထိုင်      ဆရာတော်အား ဖူးမြော်ကြည်ညိုကာ     လှူဖွယ် ပစ္စည်းများ      ဆက်ကပ်လှူဒါန်း သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ ဝင်များသည်   လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူများကို    တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့်      စားသောက်ဖွယ်ရာများ ထောက်ပံ့      ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။       သတင်းစဉ်