လှိုင်းဘွဲ၌ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးဆောင်ရွက်

 

လှိုင်းဘွဲ  ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်  လှိုင်းဘွဲမြို့နယ်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လျှပ်စစ်ဓာတ်အားစဉ်ဆက် မပြတ်ရရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေ‌ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ပိုင်ထူးနှင့် လျှပ်စစ်ဝန်ထမ်းများက   ကြီးကြပ်ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ရပ်၊ ပျက်၊ နှေး မီတာများကို  လဲလှယ်တပ်ဆင်ခြင်း၊ သုံးစွဲယူနစ် မှန်ကန်စေရေး အတွက် မီတာများကွင်းဆင်းဖတ်ရှုခြင်း၊ ဓာတ်အားလိုင်းများနှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီထရန်စဖော်မာများကို  စစ်ဆေးပြုပြင်ခြင်း၊ ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဘီ