
လှိုင်းဘွဲ စက်တင်ဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင် များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး မြို့နယ်အတွင်း ရှိ အလှူရှင်များနှင့်ရပ်နီး ရပ်ဝေးမှ စုပေါင်းလှူဒါန်း သည့် အောက်ဆီဂျင်စက်သည် ယမန်နေ့ကစ၍ စတင်စမ်းသပ်လည်ပတ်၍ အောက်ဆီဂျင်အိုးများ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်သည် တန်ဖိုး ငွေကျပ်သိန်း ၇၅၀၀ ရှိပြီး လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုးလေးလုံးကို စတင်စမ်းသပ် ထုတ်ယူနိုင်ခဲ့သည်။
အောက်ဆီဂျင်စက် စတင်လည်ပတ် ထုတ်ယူနိုင် ခြင်းကြောင့် လှိုင်းဘွဲမြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည် ဆောင်ရွက် နိုင်တော့မည်ဖြစ်သည်။
မြို့နယ်
(ပြန်/ဆက်)