လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ၌ ဆိုင်ခန်း ၁၃၀ကျော်ပါရှိသည့် နှစ်ထပ်ဈေးသစ် ဖွင့်လှစ်

 

ဘားအံ အောက်တိုဘာ ၁၆


ကရင်ပြည်နယ်           ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် အောက်တိုဘာ ၁၅ ရက်က ဘားအံခရိုင်    လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာတွင်   နှစ်ထပ်ဈေး သစ်ကို ဖွင့်လှစ်ပေးသည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များသည်  ထီလုံကျေးရွာနှစ်ထပ် ဈေးသစ်ဖွင့်ပွဲသို့    တက်ရောက် ကြပြီး    ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်    ဦးစော မြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊    ပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ် ဦးသိန်းကိုကို၊        လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊      စီးပွားရေးရာ ဝန်ကြီး    ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော် ဝင်း၊ အမှတ်(၂)နယ်ခြားစောင့်တပ် နယ်မှူး      ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊    ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့   ညွှန် ကြားရေးမှူး    သူရမြင့်သူတို့က ဈေးသစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 


လှိုင်းဘွဲမြို့နယ်     ထီလုံ ကျေးရွာ  ထီလုံနှစ်ထပ်ဈေးသစ်ကို ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ငွေလုံး ငွေရင်းအသုံးစရိတ်  ရန်ပုံငွေကျပ် ၃၈၀  ဒသမ  ၀၇၄    သန်းဖြင့် အလျား ၉၈ ပေ၊ အနံ ၁၂၃ ပေ၊ အမြင့် ၃၆ ပေရှိ သံကူနှစ်ထပ် ရေ/မီးပါ     ဆိုင်ခန်း ၁၃၇ ခန်းအား ဆောက်လုပ်ပြီးစီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ဖွင့်ပွဲအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ ဈေးသစ်ကို    လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍   ပြည်နယ်ဝန် ကြီးချုပ်နှင့်အဖွဲ့သည်        လူဝင်မှု  ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၊    လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ       ပန်းခင်းစီမံချက် ဖြင့်  ထီလုံအထက်တန်းကျောင်း၌ အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးနေမှုအား  သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး  ထီလုံကျေးရွာအုပ်စု ရှိ   ကျေးရွာသုံးရွာမှ ‌   ဒေသခံ ပြည်သူများအား     ပလတ်စတစ် လောင်းပြီး   နိုင်ငံသားစိစစ်ရေး ကတ်ပြား ၈၃ ကတ်အား လက် ဝယ်အရောက် ပေးအပ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)