လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား ဒိုမီနစ်ခ်ကို လီဗာပူးခေါ်ယူ

 

ပရီမီယာလိဂ်ကလပ်    လီဗာပူးအသင်းသည် ဂျာမန် ကလပ်လိုက်ပ်ဇစ် အသင်း   ကွင်းလယ်ကစားသမား မိုမီနစ်ခ်ကို  စာချုပ်လျော်ကြေး ပေါင် ၆၀ ဒသမ ၁ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။  

 


အသက်  ၂၂ နှစ်အရွယ် ဟန်ဂေရီ ကွင်းလယ်ကစားသမားသည်  ပြီးခဲ့သည့် ရာသီတွင်  လိုက်ပ်ဇစ်အသင်းကို  ဂျာမန်ဖလား   ဆွတ်ခူးရရှိ အောင် ကူညီပေးထားနိုင်သည့်အပြင်    ရာသီပိတ်သိမ်းချိန်တွင်လည်း  အဆင့် (၃) နေရာတွင် ရပ်တည်နိုင်အောင် ကူညီပေးထားနိုင်သည်။ 

 


ကစားသမား၏ ကိုယ်စားလှယ်များနှင့် အသင်း၏ ကွင်းလယ်ကို ထပ်မံဖြည့်တင်းသွားရန် ပြင်ဆင်နေသည့် လီဗာပူးအသင်းတို့ကြား တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ   အပြောင်းအရွှေ့မှာ    ယခုသီတင်းပတ်အစောပိုင်းအတွင်း ဖြစ်နိုင်ဖွယ်မရှိသော်လည်း အပြောင်းအရွှေ့  ဖြစ်မြောက်လာနိုင်ဖွယ်ရှိ ကြောင်း သိရသည်။ 


ဒိုမီနစ်ခ်၏ စာချုပ်လျော်ကြေးမှာ   ပေါင်သန်း ၆၀ ခန့်ရှိသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒက်စ် လီဂါတွင် ၃၁ ပွဲ ပါဝင်ကစားထားကာ  ခြောက်ဂိုးသွင်းယူပေးထားနိုင် ပြီး ရှစ်ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်သည်။                      

မိုးဇက်