
အန်းဒရွိုက်ဖုန်းတွေရဲ့ အစောပိုင်းခေတ်က နာမည်ကြီးခဲ့တဲ့ Tumple Run နဲ့ Subway Surfer တို့လို အပြေးဂိမ်းဖြစ်တဲ့ Street Chaser ဟာ ပြေးရတာချင်းတူပေမယ့် ထွက်ပြေးရတာ မဟုတ်ဘဲ လိုက်ဖမ်းရတဲ့ဂိမ်းဖြစ်ပါတယ်။ ပိုက်ဆံအိတ်လုပြီးထွက်ပြေးတဲ့ လူဆိုးတွေကို လမ်းတွေပေါ်မှာ ပြေးလွှားရင်း အတားအဆီး တွေကိုရှောင်တိမ်းရင်း လိုက်ဖမ်းရမှာဖြစ်ပြီး ပြေးရင်း လမ်းမှာတွေ့တဲ့ပစ္စည်းတွေကိုသုံးပြီး လူဆိုးတွေကို ပစ်ဖမ်းနိုင်တာက ပိုကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ဒီဂိမ်းကို အော့ဖ်လိုင်းအနေနဲ့ ကစားနိုင် သလို လိုင်းဖွင့်ပြီး ကစားသူရှစ်ယောက်အထိ ချိတ်ပြီး ကစားနိုင်ပါတယ်။ အွန်လိုင်းကစားရင် ရလာတဲ့ Coin တွေကို စုစည်းပြီး ပါဝါပိုတိုးလာ အောင်လုပ်နိုင်သလို Daily Mission အသစ် တွေကိုလည်း ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်း ဟာ လက်တစ်ဖက်တည်းနဲ့ ကစားနိုင်လို့ အပျင်းပြေကစားလို့ရသလို တဖြည်းဖြည်းခက် လာတဲ့ Level တွေကြောင့် စိတ်ပါလက်ပါ ကစားလို့လည်းရတဲ့ဂိမ်းမျိုး ဖြစ်ပါတယ်။ ဂိမ်းပလေးပိုင်း ခက်ခဲတာကြောင့် ကစားလို့ ကောင်းပေမယ့် ဇာတ်ကောင်တွေရော၊ နောက်ခံ တွေရော ရုပ်ထွက်ပိုင်းမကောင်းတာက အား နည်းချက်ဖြစ်ပါတယ်။ ဖိုင်ဆိုက်က 90MB ရှိပြီး ပလေးစတိုးမှာ Street Chaser iGold Technologies လို့ ရိုက်ရှာပြီး ဒေါင်းယူနိုင် ပါတယ်။ ကျော်ဇင်ဦး