
လိပ်သို ဒီဇင်ဘာ ၃
ကရင်ပြည်နယ် ဘားအံခရိုင်ရှိ တောင်ပေါ်ဒေသဖြစ်သော လိပ်သို ဒေသတစ်ခွင် ကျေးရွာအချို့၌ ကော်ဖီသီးများ ရင့်မှည့်လာပြီ ဖြစ်၍ စိုက်ပျိုးထားသူ တောင်သူ များ ကော်ဖီသီးစတင်ဆွတ်ခူး၍ ကော်ဖီသီးအစိုအတိုင်း ရောင်းချ လျက်ရှိကြသလို နေလှန်း အခြောက်ခံကာ ကော်ဖီစေ့များ ထုတ်လုပ်သူများလည်း ရှိကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကော်ဖီစိုက် တောင်သူများမှာ အာရေဘီးကား ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုးများကို စိုက်ပျိုးထား ကြပြီး အာရေဘီးကားမျိုးများမှာ စောစောရင့်မှည့်၍ စောစော ဆွတ်ခူးကြကြောင်း၊ အချို့ တောင်သူများမှာ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ၊ ကော်ဖီ သီးနှံဌာနခွဲတို့မှ အရည်အသွေး ကောင်းမွန်သော ကော်ဖီစေ့များ ရရှိရန် ကော်ဖီဆွတ်ခူးခြင်း၊ နည်းပညာ ဖြန့်ဝေပေးမှုများ အတိုင်း လုပ်ဆောင်ဆွတ်ခူးကြ သော်လည်း အချို့တောင်သူများ မှာ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် အစိုအတိုင်း ဦးစားပေး ဆွတ်ခူးကြကြောင်း တောင်သူတစ်ဦးထံမှ သိရ သည်။
လက်ရှိအချိန်တွင် ကော်ဖီသီး အစို ဝယ်ယူသူများက ကော်ဖီသီး အစို လေးထောင့်ပုံးတစ်ပုံးလျှင် ကျပ် ၅၀၀ဝ မှ ၆၅၀ဝ အထိ ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)