လဟယ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

 

လဟယ်   ဩဂုတ်   ၉


စစ်ကိုင်းတိုင်းဒေသကြီး   နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲနှင့်   စာအုပ်၊  စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက     လဟယ်မြို့ အ.ထ.ကကျောင်း  ချယ်ရီခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်        နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး  ဦးနေမင်းသူက     အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး           ဦးရှားဆက်က ဟောပြောပွဲ           ကျင်းပရခြင်း ရည်ရွယ်ချက်ကို          ရှင်းလင်းပြီး လူငယ်များအတွက်    စာဖတ်ရှိန် မြှင့်တင်ရေး     မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့်  အကျင့် စာရိတ္တ ကောင်းမွန်ရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊          မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး         ရန်အေးက ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း နှင့်ပတ်သက်၍    လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးငွေသိန်း က ကလေးသူငယ်များ အခွင့်ရေး နှင့်  ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ   ဦးကျော်ထက်အောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို           ပြောင်းလဲစေသော အကြောင်းအရာတို့ကို ဆွေးနွေး ဟောပြောခဲ့သည်။          လဟယ်မြို့ အ.ထ.က ကျောင်းအုပ်ကြီး ဦးဝင်း ဇော်ဦးက        ကျောင်းသား လူငယ်များအတွက် လူငယ်ရေးရာ နှင့်     ပတ်သက်၍   ဗဟုသုတများ    မျှဝေဟောပြော     ဆွေးနွေးပေးခဲ့သည့်    ဌာနဆိုင်ရာများအားလုံး    အထူးကျေးဇူးတင်ကြောင်း   ပြောကြားသည်။

 


ထို့နောက်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ခင်းကျင်းပြသထားသော   သုတ၊ ရသ         စာအုပ်စာစောင်များကို အခမ်းအနား တက်ရောက်လာသူ များနှင့်   ကျောင်းသား ကျောင်းသူ များက     ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။             
ယွန်း(မုံရွာ၊ ကိုယ်ပွား)