လေယာဉ်ပြဿနာကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး သုံးနိုင်ငံခရီးစဉ်ဖျက်သိမ်း

 

ဘာလင်  သြဂုတ်  ၁၅ 


ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲလ်ဘတ် သည်    သြဂုတ်   ၁၅  ရက်က  ၎င်း၏သြစတြေးလျ၊ နယူးဇီလန်နှင့်      ဖီဂျီနိုင်ငံတို့သို့      သွားရောက်မည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်သည်။ 


မိမိတို့အရာရာကြိုးစားခဲ့ကြောင်း၊    သို့သော် လည်း ကံမကောင်းစွာနှင့်ပဲ အခြေအနေအကြောင်း ကြောင်းတွေကြောင့် ခရီးစဉ်ဆက်လက်ထွက်ခွာရန် မည်သို့မျှ     မဖြစ်နိုင်ခဲ့ကြောင်း   အွန်လိုင်းပလက် ဖောင်းတစ်ခုဖြစ်သည့် X တွင်  ဘဲလ်ဘတ်က ပြော ကြားခဲ့သည်။ ယခုကိစ္စက ပိုပြီးစိတ်ကသိကအောက် ဖြစ်ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 


ဘဲလ်ဘတ်သည်          သြစတြေးလျနိုင်ငံသို့  လေကြောင်းခရီးသွားရာတွင်  သြဂုတ် ၁၄ ရက်က အဘူဒါဘီလေဆိပ်၌ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။     လေယာဉ်၏စက်ပိုင်းဆိုင်ရာ          ပြဿနာများကြောင့် သြစတြေးလျသို့ ဆက်လက်ထွက်ခွာမည့် အစီအစဉ် ပျက်ခဲ့ပြီး          ဝန်ကြီးများ      လိုက်ပါသွားသော အဲယားဘတ်စ် A340-300  လေယာဉ်သည်လည်း အဘူဒါဘီသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။ လာမည့် သီတင်းပတ်များတွင်   ပျက်နေသော   A340  အမျိုး အစား လေယာဉ်နှစ်စင်းကို ပြန်လည်ယူဆောင်သွား တော့မည်ဖြစ်ကြောင်း     ဂျာမနီလေတပ်က      လူမှု မီဒီယာကွန်ရက်တစ်ခုဖြစ်သော X တွင် ပြောကြား ခဲ့သည်။ 


အစိုးရလေယာဉ်များနှင့်ပတ်သက်ပြီး   ယခုလို ဖြစ်ရပ်သည်     နောက်ဆုံးဖြစ်ရပ်    တစ်ခုဖြစ်သည်။ လွန်ခဲ့သော မေလက ဘဲလ်ဘတ်၏  ကာတာအပြန် ခရီးစဉ်သည်လည်း နှောင့်နှေးကြန့်ကြာခဲ့ဖူးသည်။

 
ဆင်ဟွာ