လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၃) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနား ကျင်းပ

 

အမျိုးသမီးတိုက်လေသူရဲများအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ခြင်းသည် 
တပ်မတော်(လေ)အတွက်သာမက တပ်မတော်တစ်ရပ်လုံးအတွက်ပါ မှတ်တမ်းတင်ဂုဏ်ယူရမည်ဖြစ်

 

နေပြည်တော်   ဇန်နဝါရီ    ၆


တပ်မတော်(လေ)၏  လေယာဉ်မောင်းသင်တန်းအမှတ်စဉ်  (၈၃)  ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌   ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား   ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်  တက်ရောက်မိန့်ခွန်းပြောကြားသည်။

 


အဆိုပါအခမ်းအနားသို့   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ     ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊  ဗိုလ်ချုပ် မြင့်ကျော်ထွန်း၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီး များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ 
ဦးစွာကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက  စစ်ရေးပြ ကွင်းအတွင်း   ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြု ကြသည်။ 

 


ယင်းနောက်     ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား   ကျောင်းဆင်း တပ်ခွဲနှင့်    ဂုဏ်ပြုတပ်ခွဲများ၏  အလေးပြုခြင်းကို ခံယူ၍    ကျောင်းဆင်းတပ်ခွဲနှင့်  ဂုဏ်ပြုတပ်ခွဲများကို   စစ်ဆေးသည်။   ထို့နောက်  ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက   ကာကွယ်ရေးဦးစီးချုပ်(လေ)အား  အနှေးလျှောက်၊   အမြန်လျှောက်ဖြင့်  ချီတက် အလေးပြုကြသည်။

 


လေသူရဲတောင်ပံများအပ်နှင်း


ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊   အမြန် လျှောက်ဖြင့်   ချီတက်အလေးပြုကြစဉ်    နည်းပြ လေသူရဲများက  အမောင်းသင်ရဟတ်ယာဉ်များနှင့် အမောင်းသင်လေယာဉ်များဖြင့်     အုပ်ဖွဲ့ပျံသန်း ၍     ကာကွယ်ရေးဦးစီးချုပ် (လေ)      ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား          အလေးပြုကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်း အပ်နှင်းသည်။ 

 


ဆက်လက်၍    ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က   လေယာဉ်မောင်း သင်တန်းအမှတ်စဉ် ( ၈၃ ) မှ   စံပြလေသူရဲဆုရ လေ ၄၃၅၄  ဗိုလ်ဟိန်းမြတ်အောင်၊    လေယာဉ် မောင်းထူးချွန်ဆုရ    လေ ၄၃၅၃   ဗိုလ်ဝေယံထက်၊ စာပေထူးချွန်ဆုရ လေ  ၄၃၉၅ ဗိုလ် ဒေါ်လဲ့ဝေအောင် တို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကိုယ်စား    ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က သင်တန်းဆင်းမိန့်ခွန်း  ပြောကြားရာတွင် လေယာဉ် မောင်းသင်တန်းတွင်  သင်တန်းကာလတစ်လျှောက် အပြင်းအထန်    ကြိုးစားလေ့ကျင့်သင်ကြားတတ် မြောက်ခဲ့ကြပြီးဖြစ်သည့်အတွက်  လေသူရဲတောင်ပံ အပ်နှင်းခြင်းခံရကာ တပ်မတော်(လေ)၏  လေသူရဲ ဘဝကို  စတင်ဖြတ်သန်းကြရတော့မည် ဖြစ်ကြောင်း၊ လေသူရဲတောင်ပံအပ်နှင်းခံရခြင်းသည်   လေသူရဲ တစ်ဦးအဖြစ် သတ်မှတ်ခြင်းဟူသည့်  မှတ်တိုင်တစ်ခု မျှသာဖြစ်ပြီး  နိုင်ငံတော်မှပေးအပ်သည့်  ပျံသန်းရေး တာဝန်များကို  စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ ကောင်းမြတ်သည့်အစဉ်အလာကို  ထိန်းသိမ်းစောင့် ရှောက်လျက်  ပျံသန်းမှု  အတတ်ပညာကို  ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လေ့လာခြင်း၊  လက်ဆင့်ကမ်းဝေမျှ ခြင်းဟူသည့် လေသူရဲတစ်ဦး၏ တာဝန်ဝတ္တရားများ ကိုလည်း အထူးကျေပွန်အောင်  ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

 


စဉ်ဆက်မပြတ်လေ့လာသင်ယူ


ပျံသန်းရေးတာဝန်      ထမ်းဆောင်နေကြသည့် လေသူရဲများအနေဖြင့်  သိရှိလိုက်နာကျင့်သုံးရမည့် လေကြောင်းပညာရပ်များကို       စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်ပြီး  အရည်အချင်း၊ အရည် အသွေးပြည့်ဝသည့်    လေသူရဲကောင်းများအဖြစ် ပေးအပ်သည့်  စစ်ဆင်ရေး၊ လေ့ကျင့်ရေးတာဝန်များ ပြီးမြောက်အောင်မြင်အောင်  ပျံသန်းထမ်းရွက်နိုင်ရန် အမြဲတိုးတက်ပြောင်းလဲနေသည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြရန်    တိုက်တွန်းပြောကြား လိုကြောင်း။

 


တပ်မတော်(လေ)အနေဖြင့်    မျိုးဆက်သစ် လေသူရဲများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရာ တွင် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၇၉)အထိ အမျိုးသားလေသူရဲများကိုသာ  လေ့ကျင့် သင်ကြားပေးရာမှ   လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၀)မှစတင်၍  အမျိုးသမီးလေသူရဲများ ကိုပါ  လေ့ကျင့်သင်ကြားပေးခဲ့ရာ  ယခုလေယာဉ် မောင်းသင်တန်း အမှတ်စဉ်(၈၃) အထိ အမျိုးသမီး လေသူရဲ  စုစုပေါင်း (၂၀) အထိ    အောင်မြင်စွာ    လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊  လေယာဉ်မောင်းသင်တန်းကို      အောင်မြင်စွာ  တက်ရောက်ခဲ့ကြသည့်  အမျိုးသမီးလေသူရဲများ သည်  တာဝန်ကျရာ ပျံသန်းရေးအုပ်များတွင်  ပျံသန်း ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးတာဝန် များကို   ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

 


ပထမဆုံးအမျိုးသမီးတိုက်လေသူရဲများ


ယခုသင်တန်းဆင်းမည့်     လေယာဉ်မောင်း သင်တန်း အမှတ်စဉ်(၈၃) တွင်  ထူးခြားချက်အနေဖြင့် တိုက်ခိုက်ရေး  လေယာဉ်မောင်းနှင်မည့်  အမျိုးသမီး တိုက် လေသူရဲ(၂) ဦးဖြစ်သည့်  ဗိုလ် ဒေါ်ဝါဝါမော်နှင့် ဗိုလ် ဒေါ်လဲ့ဝေအောင်တို့ကို  အောင်မြင်စွာ သင်ကြား ပေးနိုင်ခဲ့သည့်အတွက်   တပ်မတော်(လေ) ၏ ပထမ ဆုံး အမျိုးသမီးတိုက်လေသူရဲများအဖြစ် ပျံသန်းရေး တာဝန်များကို   စတင်ထမ်းဆောင်နိုင်တော့မည်ဖြစ် ကြောင်း၊     ယခုကဲ့သို့     အမျိုးသမီးတိုက်လေသူရဲ များအဖြစ်    လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ခြင်းသည် တပ်မတော် (လေ)အတွက်သာမက    တပ်မတော် တစ်ရပ်လုံးအတွက်ပါ   မှတ်တမ်းတင်ဂုဏ်ယူရမည် ဖြစ်ပြီး တပ်မတော် (လေ)၏  သမိုင်းစာမျက်နှာသစ် တစ်ခုကို  ထပ်မံဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ အမျိုးသမီး     လေသူရဲများအနေဖြင့်    မိမိတို့၏ အောင်မြင်မှုနှင့်    တာဝန်ပေးအပ်ခြင်းခံရမှုအတွက် ဂုဏ်ယူတတ်ရန်လိုသကဲ့သို့      ပေးအပ်လာသည့် တာဝန်များကို အမျိုးသားလေသူရဲများနှင့်  တန်းတူ ရင်ပေါင်တန်း   ကျေပွန်စွာ   ထမ်းဆောင်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။ 

 


ယနေ့ဖြစ်ပွားနေသည့်  ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံအပါအဝင်     ကမ္ဘာ့နိုင်ငံအများစုကို ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊  “တိုင်းရင်းသား ပြည်သူလူထုရဲ့ ကျန်းမာရေးထက်  အရေးကြီးတာ မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ  ဘာကန့်သတ်ချက်မှမထားရှိဘဲ ရှိသမျှသော လူစွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်း အားတွေနဲ့   စုပေါင်းကာကွယ်ကြရမယ်”   ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏  မူဝါဒလမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါကို   အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်     ပြည်သူလူထုအားလုံး   ပူးပေါင်းပါဝင် တိုက်ထုတ်ကြရမည်ဖြစ်ကြောင်း။  နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊   တပ်မတော်နှင့်   သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံး    လက်တွဲပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းစဉ်များတွင် စုပေါင်းညီညွတ်စွာ ရင်ဆိုင်ကျော်လွှားလျက်ရှိသကဲ့သို့ မိမိတို့တပ်မတော်(လေ)အနေဖြင့်  တာဝန်ကျရာ အခန်းကဏ္ဍမှ   တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက် လျက်ရှိကြောင်း။

 


ကျေပွန်စွာထမ်းဆောင်


တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝ  တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ   တပ်မတော်(လေ)အနေဖြင့် ပေးအပ်လာသည့်တာဝန်များကို ဦးလည်မသုန် ပါဝင် ထမ်းဆောင်လျက်ရှိပြီး ပျံသန်းရေးအပြင် အထက် က ပေးအပ်လာသည့် တာဝန်၊ အမိန့်နှင့်ညွှန်ကြားချက် များအပေါ် ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် တိကျ စွာ လိုက်နာသွားကြရန် အလေးအနက်ထား မှာကြား လိုကြောင်း ပြောကြားသည်။

 


ယနေ့    လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့်    သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့် မြင့်သင်တန်းများ     ဆက်လက်တက်ရောက်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်