လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

Type
၅

 

ဒေါက်တာတင်အောင်ဝင်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

(ယမန်နေ့မှအဆက်)


အဆိုပါ   မူဝါဒ၊   ဥပဒေ၊   နည်းဥပဒေများ၊  လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၊ နိုင်ငံ တကာသဘောတူညီချက်များအပေါ်  အခြေခံပြီး  လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး  သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီး၏   ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 


ထို့အပြင် လေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သယံဇာတနှင့်      သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့်  သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် အောက်ဖော်ပြပါ လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-


l    စက်မှုလုပ်ငန်းများ     အပါအဝင်      လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကြောင့် လေထု ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး    (ထုတ်လွှတ်မှု)   လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးက လိုက်နာဆောင်ရွက် စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊
l    စွန့်ပစ်ပစ္စည်းများကို ရေရှည်စနစ်တကျ စီမံဆောင်ရွက်နိုင် ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ   အမျိုးသားအဆင့်   စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ပါ ကာလတို၊ ကြားကာလ၊ ကာလရှည်များအတွက် ချမှတ်ထား သော ရည်မှန်းချက်များပါ လုပ်ငန်းများကို အကောင်အထည် ဖော်ပြီး မျှော်မှန်းထားသော ပန်းတိုင်များ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး / ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ဆက်စပ်ပတ်သက် သူများ ပူးပေါင်းပြီး ပြည်ထောင်စုနယ်မြေ / တိုင်းဒေသကြီး/ ပြည်နယ် / ခရိုင် / မြို့နယ်အဆင့်များအထိ လုပ်ငန်းစီမံချက် များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
l    ၂၀၀၃ ခုနှစ်  မတ်  ၅  ရက်တွင်  မြန်မာနိုင်ငံက သဘောတူ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့်     နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) အရ တောမီးနှင့်   အခြားမီးများကြောင့် မီးလောင်မှု Hotspot အရေအတွက်   လျှော့ချနိုင်ရေးနှင့်   မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးတို့ အတွက် တိုင်းဒေသကြီး / ပြည်နယ် များတွင် လုပ်ငန်းစီမံချက် များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
l    ရာသီဥတုပြောင်းလဲမှု   လျှော့ချရေးနှင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးအတွက် သစ်တောကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍများတွင် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်များအရ ၂၀၃၀ ပြည့်နှစ်အထိ ဆောင်ရွက် သွားမည့် ရည်မှန်းချက်များ ချမှတ်ပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်  ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
l    ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုများကို လစဉ်ပုံမှန်ဆောင်ရွက်ပြီး   မြန်မာ့အလင်းနှင့်   ကြေးမုံ သတင်းစာများတွင်  ၂၀၂၂  ခုနှစ် မေလမှစတင်၍ လစဉ် ပုံမှန်သတင်းထုတ်ပြန်ခြင်း။

 


လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု


ကျွန်ုပ်တို့ လူသားတိုင်း နေ့စဉ်ကျန်းမာစွာ အသက်ရှင်သန်နိုင်ရေး အတွက် အဓိကကျလှသော အခြေခံလိုအပ်ချက်များတွင် သန့်ရှင်းသော လေကို ရှူရှိုက်ခွင့်ရရှိရေးသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ကျွန်ုပ် တို့၏ ပတ်ဝန်းကျင်ရှိ လေထုကို ညစ်ညမ်းစေမှုသည် လူသားတိုင်း၏ ကျန်းမာပျော်ရွှင်စွာ   အသက်ရှင်နေထိုင်နိုင်ရေးကို   ထိခိုက်စေမှု၊ ကောင်းမွန်သော   သဘာဝပတ်ဝန်းကျင်ကို   ထိခိုက်ပျက်စီးစေမှုနှင့် ကျွန်ုပ်တို့ အနာဂတ်မျိုးဆက်များ၏ အကျိုးကို ထိခိုက်စေမှုပင်ဖြစ်ပါ သည်။

 


လေထုညစ်ညမ်းမှုသည်          နယ်စပ်ဖြတ်ကျော်     ရောက်ရှိပြီး ညစ်ညမ်းမှုဖြစ်စေနိုင်သော သဘောသဘာဝရှိသည့်အပြင် ကျွန်ုပ်တို့ လူသားတိုင်း၊ သက်ဆိုင်ရာလုပ်ငန်း   ကဏ္ဍတိုင်း၊   ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းနှင့်သက်ဆိုင်နေသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါ သည်။   ထို့ကြောင့်   ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ချင်းအလိုက်၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်၊ နိုင်ငံအလိုက် ကြိုးပမ်း အားထုတ် မှုများမှတစ်ဆင့်   ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြမှသာ    လေထု ညစ်ညမ်းမှုကို ကာကွယ်ထိန်းချုပ်ပြီး ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။

 


လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အကြံပြုချက်များ


လေထုညစ်ညမ်းမှုကို   ကာကွယ်ထိန်းချုပ်ပြီး   ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့်  လူသားတို့၏  ကျန်းမာရေးအပေါ် ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက်   တစ်ဦးတစ်ယောက်ချင်း၊  သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရန် အကြံပြုလိုသည့် နည်းလမ်းများမှာ-


l    နေအိမ်များတွင်   နေ့စဉ်ချက်ပြုတ်မှုများအတွက်  လေထု အရည်အသွေးကို    ထိခိုက်မှု   အနည်းဆုံးဖြစ်စေနိုင်သည့် နည်းလမ်းများကို အသုံးပြုခြင်း၊
l    မော်တော်ယာဉ်အသုံးပြုမှုကို အတတ်နိုင်ဆုံးလျှော့ချခြင်း၊ 
l    စွန့်ပစ်ပစ္စည်းများကို လေဟာပြင်တွင် မီးရှို့ဖျက်ဆီးမှုများကို ရှောင်ရှားခြင်း၊
l    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသည့် နည်းပညာများ အသုံးပြုခြင်း၊
l    လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်သည့် စက်မှုကဏ္ဍနှင့်     သယ်ယူပို့ဆောင်ရေးကဏ္ဍများ   ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ခြင်း၊
l    ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ 
l    လေထုအရည်အသွေးကို  ထိခိုက်မှုအနည်းဆုံး   ဖြစ်စေနိုင် သော သန့်ရှင်းသည့် စွမ်းအင်ရရှိအောင် ဆောင်ရွက်ခြင်း၊
l    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်      ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများကို    သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ များတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊
l    ပတ်ဝန်းကျင်အရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ခြင်း၊
l    နိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးတွင် လက်ရှိဖြစ်ပေါ်နေ သည့် လေထုအရည်အသွေးကို သိရှိနိုင်ရေးနှင့် လေထုအရည် အသွေးဆိုင်ရာ   အခြေခံအချက်အလက်များ   ရရှိနိုင်ရေး အတွက် လေထုအရည်အသွေးကို စဉ်ဆက်မပြတ်စောင့်ကြည့် တိုင်းတာစစ်ဆေးပြီး လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခြင်း၊
l    လေ့လာဆန်းစစ်ပြီး  ရရှိလာသည့်  လေထုအရည်အသွေး ဆိုင်ရာ   အခြေခံအချက်အလက်များအပေါ် အခြေခံကာ လေထုအရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊
l    သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လေထုအရည်အသွေး  စံချိန်စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း။

 


ကျွန်ုပ်တို့ လူသားတိုင်း သက်ရှည်ကျန်းမာပျော်ရွှင်စွာ အသက်ရှင် နေထိုင်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ လေထုအရည် အသွေးကို ကောင်းမွန်သန့်ရှင်းနေအောင် ထိန်းသိမ်းဆောင်ရွက်ပြီး ကျွန်ုပ်တို့ လူသားများ၏ ကျန်းမာကြံ့ခိုင်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့မှုတို့ကို မျှော်မှန်းလျက် ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန်  အလေးအနက်ထား ရည်မှန်းပြီး “လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟု တိုက်တွန်း နှိုးဆော်ရင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ  ၇  ရက်တွင်  ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။       ။