
လေရှီး မတ် ၂
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း သုံးခုနှင့် ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရ သည်။
အဆိုပါလုပ်ငန်းများကို၂၀၂၁- ၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ရှာနိုင် ကျေးရွာတွင် ရေစစ်ကန်၊ ရေပိုက် လိုင်းသွယ်တန်းခြင်းနှင့် ဂါလန် ၂၀၀၀ ဆံ့ ရေလောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းကို လည်း ကောင်း၊ ဝမ်းဘဲကွက်သစ်ကျေးရွာ ၌ ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ဂါလန် ၂၀၀၀ ဆံ့ ရေလောင်ကန် တည်ဆောက်ခြင်းကို လည်း ကောင်း၊ သာယာကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်း ကို လည်းကောင်း အသီးသီး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း အားလုံး ၉၀ရာခိုင်နှုန်းခန့် ဆောင် ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရ သည်။
အလားတူ ထိန်းဖာရံကျေးရွာ တွင် အလျားပေ ၄၀၊ အနံ ၂၂ ပေ၊ မြင့် ၁၂ ပေဖြင့် ဘက်စုံသုံးခန်းမ ဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရသည်။
ယွန်း (မုံရွာကိုယ်ပွား)