
နေပြည်တော် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်အတွင်းရှိ ကျွဲဒုံးကျေးရွာ အုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ကျုံနတ္တော်ကျေးရွာ အုပ်စု၊ စမ်းချောင်းကျေးရွာ အုပ်စု၊ ဆိပ်သာကျေးရွာအုပ်စု၊ ဘီလင်း ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာ အုပ်စု၊ ရွှေလှေသောင်းကျေးရွာ အုပ်စု၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းတေးကျေးရွာအုပ်စု၊ အင်းမ ကျေးရွာအုပ်စုနှင့် ညောင်ပင်ဂရက် ကျေးရွာ အုပ်စုများ၌ မေ ၁၆ ရက် ညနေပိုင်းတွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နေအိမ် ၁၃၀ အမိုးလန် ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့် ကျေးရွာအုပ်စုများ၌ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လေဘေးသင့်ပြည်သူ များကို ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်