
နေပြည်တော် မေ ၉
အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် (၆) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ (၁၀.၅.၂၀၂၃) ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ကနဦးတွင် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး (၁၁.၅.၂၀၂၃) ရက်တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မြောက်- အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၁.၅.၂၀၂၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး (၁၂.၅. ၂၀၂၃) ရက်မှ (၁၄.၅.၂၀၂၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး ရာမှ လှိုင်းအလွန် ကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၇၀ မှ မိုင် ၈၀ ခန့်အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့ ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။
(၁၁.၅.၂၀၂၃) ရက်မှ (၁၅.၅.၂၀၂၃) ရက်အတွင်း နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းရသည်။
အကြုံပြုချက်
အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှား နိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် အကြံပြုအပ်သည်။
မိုး/ဇလ