လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်

 

နေပြည်တော်     ဇန်နဝါရီ    ၂၈


ယနေ့မြန်မာစံတော်ချိန်   ၁၂  နာရီခွဲ  တိုင်းထွာ ချက်များအရ   ဘင်္ဂလားပင်လယ်အော်  အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော   လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ  လေဖိအား နည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်  သို့    ရွေ့လျားနိုင်ပြီး   ဇန်နဝါရီ ၂၉ ရက်နေ့တွင် အားကောင်းသော  လေဖိအားနည်းရပ်ဝန်းအဖြစ် သို့လည်းကောင်း၊  ဇန်နဝါရီ  ၃၁  ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း    ပိုမို အားကောင်းလာနိုင်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံ ကမ်းခြေ အနီးသို့     ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။        

                       
မိုး/ဇလ