
ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး စတင်တည်ထောင်သည့် ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာက “ကမ္ဘာ့လေဖြတ်ရောဂါနေ့” “World Stroke Day”အဖြစ် သတ်မှတ်ကာ WHO နှင့်လက်တွဲ၍ ကမ္ဘာတစ်ဝန်းရှိပြည်သူများ လေဖြတ်ရောဂါခံစားရမှု လျော့ကျ စေရန်အတွက် ကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ရသလို ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်လည်း လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် လေဖြတ်/လေငန်းရောဂါ ဖြစ်ပွားနှုန်းများပြားနေပြီး လေ့လာမှုမှတ်တမ်းများအရ ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းက လေးဆ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းက တစ်ဆရှိကြောင်း လေ့လာသိရသည်။
ပေါက်ပေါက်
======
လေငန်းရောဂါ ကြောက်စရာ
လေဖြတ်ခံရသူများသည် အသက်ဆုံးရှုံးလျှင် ဆုံးရှုံး၊ မဆုံးရှုံးသော်ငြား စကားမပြောနိုင်တော့ ခြင်း၊ လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲလဲနေခြင်း၊ လမ်းလျှောက်နိုင်သော်လည်း တရွတ်ဆွဲနေခြင်း၊ မျက်နှာတစ်ခြမ်းစောင်း၊ ပါးစပ်ရွဲ့ခြင်း၊ စကားပြော မပီသဘဲ အာလေးလျှာလေးဖြစ်ခြင်း စသည်ဖြင့် ဒုက္ခိတဘဝရောက်ကြရသည်။ ယခင်လို အကောင်း ပကတိပြန်ဖြစ်ရန်အခွင့်အရေး လွန်စွာနည်းပါးပြီး ကံကောင်း၍ အကောင်းပကတိဖြစ်သည့်တိုင် နောက်ထပ်တစ်ဖန် လေပြန်ဖြတ်လာနိုင်ပါသေး သည်။ အသက်ကြီးရင့်လာသည်နှင့်အမျှ လေဖြတ် နှုန်းက တဖြည်းဖြည်းမြင့်တက်လာပြီး ပျမ်းမျှ အသက် (၄၅) နှစ်မှ (၈၅) နှစ်အတွင်း အသက် ဆယ်နှစ်တိုးသွားတိုင်း လေဖြတ်ရန်အခွင့်အလမ်း နှစ်ဆတိုးလာနိုင်ပါသည်။
ခန္ဓာကိုယ်ကြီးတစ်ခုလုံး သွေးလည်ပတ်မှု ညီညွတ်မျှတနေပါက လေငန်းရောဂါမဖြစ်နိုင်ပေ။ ထိုသို့ သွေးများ ကောင်းစွာလည်ပတ်နိုင်ရန်အတွက် နှလုံးကျန်းမာနေဖို့ အထူးလိုအပ်ပါသည်။ တစ်နည်း အားဖြင့်ဆိုသော် နှလုံးကျန်းမာရေးက လေငန်း ရောဂါနှင့် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ လေဖြတ် ခြင်းဝေဒနာသည် အသက်အရွယ်ကြီးရင့်သူများ တွင်သာ ဖြစ်ပေါ်ခံစားရခြင်းမဟုတ်ဘဲ ကလေး ငယ်များမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါသည်။ ကလေးလေဖြတ်ဝေဒနာသည်အများစုမှာ ဦးနှောက် အတွင်းမှ သွေးကြောတစ်ခု ပိတ်ဆို့သွားခြင်း ကြောင့် လေဖြတ်ဝေဒနာဖြစ်ပေါ်ခံစားရလေ့ရှိ သည်။ အမေရိကန်ပြည်ထောင်စုရှိ နှလုံးကျန်းမာ ရေးစောင့်ရှောက်မှုအဖွဲ့အစည်း၏ လေ့လာဆန်းစစ် မှုများအရ သက်ကြီးပိုင်းအရွယ်ရောက်ချိန်၌ ခြေထောက်တစ်ဖက်တည်းပေါ် စက္ကန့် ၂၀ ကြာ မယိုင်မလဲဟန်ချက်ညီအောင် ခက်ခက်ခဲခဲကြိုးစား ရုန်းကန်ရလေလေ ထိုသူများတွင် လေဖြတ်နိုင်ခြေ အခွင့်အလမ်းပိုများလေဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ခြေထောက်တစ်ဖက်တည်းပေါ် စက္ကန့် ၂၀ ကြာ ရပ်ကြည့်ခြင်းနည်းဖြင့် မိမိကိုယ်ကို လေဖြတ်နိုင်ခြေ ရှိ၊ မရှိ ကြိုတင်၍ ခန့်မှန်းနိုင် ပါသည်။
အမျိုးသမီးများနှင့် လေငန်းရောဂါ
ကမ္ဘာတစ်ဝန်းပြောင်းလဲလာသည့် လူမှုရေး စနစ်များကြောင့် မြန်မာနိုင်ငံတွင်လည်း အမျိုးသမီး ငါးဦးလျှင်တစ်ဦးနှုန်း လေဖြတ်နိုင်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ဆေးလိပ်သောက် ခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါး များ သုံးစွဲလာခြင်းတို့ ပြုလုပ်လာသည်ကို ယခင် ထက် ပိုမိုတွေ့ရှိရလာပြီး ယင်းအချက်အလက်များက အမျိုးသမီးများ လေဖြတ်ရောဂါကို ပိုမိုဖြစ်ပွားစေ ပါသည်။ ထို့ပြင် လေဖြတ်ရောဂါဖြစ်စေသည့် အခြေ အနေများဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောရောင်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နှလုံးခုန် မမှန်သည့်ရောဂါနှင့် စိတ်ကျရောဂါသည် အမျိုးသမီး များတွင် လေဖြတ်နိုင်ခြေ ပို၍အဖြစ်များလေ့ရှိ ကြောင်းသိရသည်။ သွေးကြောဖောင်းခြင်းသည် သွေးများက သွေးကြောနံရံကို အကြိမ်ကြိမ်တိုးခြင်း ကြောင့်ဖြစ်ပြီး ထိုသို့ မကြာခဏဖြစ်ပေါ်ခြင်းဖြင့် သွေးကြောနံရံပါးပြီး ပေါက်နိုင်ပါသည်။ သွေးကြော နံရံများပေါက်ထွက်ပါက လေဖြတ်ခြင်းနှင့် နှလုံး သွေးကြောပေါက်ခြင်းကို ဖြစ်ပေါ်စေသည်။
ကိုယ်ဝန်ဆောင်များလည်း လေဖြတ်နိုင်
“အမျိုးသမီးတွေဟာ သန္ဓေတားဆေးတွေ အသုံးပြုကြပြီး သဘာဝအရ ကိုယ်ဝန်ဆောင်မှုတွေကို ရှောင်လွှဲကြပါတယ်၊ ကိုယ်ဝန်သည်တွေဟာ လေဖြတ်ရောဂါဖြစ်နိုင်ခြေ ပိုများပြီး ကိုယ်ဝန်ဆိပ် တက်ခြင်း၊ အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးကြောပေါက်ခြင်း၊ နှလုံးရောဂါရှိခြင်း၊ သွေးချို ရှိခြင်းနဲ့ သွေးပျစ်ခြင်းတို့ကြောင့် ကိုယ်ဝန်သုံးလက နေ ခုနစ်လကြားမှာ လေဖြတ်ခြင်းဖြစ်ပေါ်စေနိုင်ပါ တယ်” ဟု မြောက်ဥက္ကလာပဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုထား သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ လက်ရှိမြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ် လေဖြတ်ခြင်းကြောင့် သေဆုံးသူမှာ လေးရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာကာ လေဖြတ်ပြီး သေဆုံးသည့် လူနာ ၁၀ ဦးလျှင် ခြောက်ဦးမှာ အမျိုး သမီးများဖြစ်ကြောင်း သိရသည်။
လေဖြတ်ခါနီး ကြိုတင်နိမိတ်များ
လေဖြတ်ခံရသူတချို့၌ ရက်လကြာရှည် တဖြည်းဖြည်းအရှိန်ယူ၍ ရောဂါကြီးထွားကာ လေဖြတ် ကြသည်။ သို့သော် ဝေဒနာသည်အများစုကမူ ရုတ်ခြည်းဆိုသလို လေဖြတ်ခါနီး ကြိုတင်နိမိတ်များ ပြလာကာ လေဖြတ်လေ့ရှိကြသည်။ လေဖြတ်နိုင်မည့် ရှေ့ပြေးလက္ခဏာများမှာ ရေချိုးပြီးနောက် မျက်စိ နီရဲခြင်း၊ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မျက်ခွံနှင့် မျက်နှာကြွက်သားများ ဆတ်ခနဲလှုပ်ခြင်း၊ မကြာခဏဝမ်းချုပ်ပြီး ဗိုက်ထဲတွင်လေပွခြင်း၊ ည အချိန် ထုံကျဉ်ပြီးလန့်နိုးခြင်း၊ ညအိပ်ပျော်နေစဉ် လျှာကိုက်မိခြင်း၊ ဆီး(ကျင်ငယ်) အနီရောင်သွားခြင်း၊ ပစ္စည်းများကိုင်တွယ်ရာမှာ မကြာခဏလွတ်ကျတတ် ခြင်း၊ ဖိနပ်ကျွတ်ထွက်ခြင်း၊ လက်မောင်းကိုက်ခဲပြီး လက်မတွင်ထုံကျဉ်ခြင်း၊ ခြေတရွတ်ဆွဲ၍ လေးလံ ခြင်း၊ စကားပြောလေးခြင်း (အာလေးလျှာလေး ဖြစ်ခြင်း)၊ အသက် (၄၅) နှစ်ကျော် အမျိုးသားများ နေ့ရက်ကြာမြင့်စွာ ခြေနှင့်လက်များထုံကျဉ်ခြင်း၊ အမျိုးသမီးများသွေးဆုံးပြီးနောက် ခြေ၊ လက်များ ထုံကျဉ်ခြင်း၊ မျက်စိအမြင်ဝေဝါးခြင်း (သို့မဟုတ်) ရုတ်တရက် မှောင်မည်းသလိုဖြစ်ပြီးမှ ပြန်မြင်ရခြင်း စသည်တို့ဖြစ်သည်။
လေငန်းရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နည်းလမ်းကောင်းများ
v ဆေးလိပ်နှင့် အရက်တို့ကို နှစ်ရှည်လများ စွဲမြဲ သောက်ခြင်းက နှလုံးကို ဆိုးဆိုးရွားရွား ဒုက္ခ ပေးနိုင်သည်။ ထို့ပြင် လူမှုရေးနယ်ပယ်တွင် ထိခိုက်စေတတ်သည့် ဆေးလိပ်၊ အရက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
v ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန် လုပ်ခြင်း၊ ပြုပြင်ဖန်တီးကာ ဓာတ်ပြောင်းလဲ ထားသည့်အစားအသောက်များကို ရှောင်ရှား ခြင်း၊ အာဟာရပြည့်အစားအစာများကိုသာ ရွေးချယ်စားသောက်ခြင်း၊ အဆီဓာတ်များ သော အစားအစာများရှောင်ခြင်း၊ သဘာဝ အော်ဂဲနစ်သစ်သီးများကိုသာ စားသောက် ခြင်း စသည့်အလေ့အကျင့်ကောင်းများကို မွေးမြူပါ။ “ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်း ထက် ပိုမိုကောင်းမွန်၏” ဟူသော ကျန်းမာ ရေးဆောင်ပုဒ်ကို အမြဲသတိရှိနေစေလိုပါသည်။
v သွေးတိုးရောဂါမဖြစ်အောင် နေထိုင်စား သောက်ပါ။ နာတာရှည်သွေးတိုးရှိသူများက သွေးတိုးအတက်အကျကို မကြာခဏတိုင်းတာ စစ်ဆေးပါ။ သွေးထဲရှိ မကောင်းသော LDL ကိုလက်စထရောပမာဏ လျော့ကျအောင် မိမိအသက်အရွယ်အလိုက် သင့်တော်မည့် လေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးပါ။
v သကြား၊ သကြားလုံး၊ ခရင်မ် စသည့်အချို ဓာတ်ကဲသော အစားအစာများကို မစားပါနှင့်။ ပြုပြင်ဖန်တီးထားသော သစ်သီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များကို လျှော့သောက်ပါ။
v မကြာခဏ မူးဝေနောက်ကျိခြင်း၊ မျက်နှာ၊ လက်မောင်း၊ လက်ဖဝါးများတွင် ချွေးစေးများ ထွက်ခြင်း၊ မကြာခဏဆိုသလို ခေါင်းကိုက် ခြင်း၊ လမ်းလျှောက်သည့်အခါ ဖြောင့်ဖြောင့် မလျှောက်နိုင်ဘဲ ယိမ်းယိုင်ခြင်းတို့က လေငန်း ရောဂါ၏ ရှေ့ပြေးနိမိတ်များဖြစ်၍ သတိပြုပါ။
ရုတ်တရက် လေဖြတ်ခံရသည့်လူနာကို ရှေးဦးသူနာပြုစုနည်း
လေဖြတ်နေသည့်လူနာကို ဆေးရုံ၊ ဆေးခန်း သို့မပို့မီ အောက်ပါရှေးဦးသူနာပြုစုနည်းများဖြင့် အချိန်မီပြုစုထားခြင်းဖြင့် အကြောသေခြင်း၊ ကိုယ် တစ်ခြမ်းသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကား မပီသခြင်း စသည်တို့လုံးဝမဖြစ်နိုင်ကြောင်း တရုတ်ရိုးရာ အပ်စိုက်ကုသနည်းဆေးကျမ်းများ တွင် အခိုင်အမာအကြံပြုထားပါသည်။ ထို့ကြောင့် မိသားစုနှင့် မိမိပတ်ဝန်းကျင်ကို ကယ်ဆယ်နိုင်ရန် အတွက် အောက်ဖော်ပြပါ ရှေးဦးသူနာပြုစုနည်းများ ကို လေ့လာမှတ်သားထားဖို့လိုပါလိမ့်မည်။
v လူနာကို ရွှေ့ပြောင်းသယ်မခြင်း မပြုပါနှင့်။ ထိုသို့ ချက်ချင်းရွှေ့ပြောင်းလှုပ်ရှားမှုများက ဦးနှောက်သွေးကြောငယ်များကို လျင်မြန်စွာ ပေါက်စေပြီး လူနာ၏ အခြေအနေကို ပို၍ ဆိုးရွားသွားစေနိုင်ပါသည်။
v လူနာကို လေဖြတ်သည့်နေရာမှာပင် အသာ မထူပေးပြီး ပြန်လဲမကျအောင် ဘေးကနေ ထိန်း၍ ထိုင်ခိုင်းထားပေးပါ။
v သတိမေ့မြောနေသည့် လူနာအတွက် လက်ချုပ်အပ် (သို့မဟုတ်) တွယ်ချိတ်ကို အရက်ပြန်ဆွတ်၍ လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်၍ ညှစ်ထုတ်ပေးပါ။
p စာမျက်နှာ ၁၆ မှ
ထိုသို့သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
v လူနာပါးစပ်ရွဲ့သွားပါက လူနာ၏နားရွက် နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့်ခပ်သာ သာ ပွတ်ဖိချေပေးပါ။ ပြီးနောက် နားရွက် အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ)ကို အရက်ပြန်ဆွတ်ထားသော လက်ချုပ်အပ် (သို့မဟုတ်) တွယ်ချိတ်ကိုသုံး၍ နားတစ်ဖက် လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက် နှစ်ဖက်စလုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပါက မိနစ်ပိုင်းအတွင်း ရွဲ့နေသော ပါးစပ်ပြန်တည့်သွားပါလိမ့်မည်။
လေဖြန်းခြင်းအတွက် မျက်နှာလေ့ကျင့်ခန်း
v ပါးဖောင်းလေ့ကျင့်ခန်းကို တစ်ခါလုပ်လျှင် ဆယ်ကြိမ်နှုန်းဖြင့် တစ်နေ့သုံးခါလုပ်ပါ။
v သွားစိလေ့ကျင့်ခန်းကို တစ်ခါလုပ်လျှင် ဆယ်ကြိမ်နှုန်းဖြင့် တစ်နေ့သုံးခါလုပ်ပါ။
v ပါးလျှာထိုး ဘယ်ညာလေ့ကျင့်ခန်းကို တစ်ခါ လုပ်လျှင် ဆယ်ကြိမ်နှုန်းဖြင့် တစ်နေ့သုံးခါ လုပ်ပါ။
v နှုတ်ခမ်းစူလေ့ကျင့်ခန်းကို တစ်ခါလုပ်လျှင် ဆယ်ကြိမ်နှုန်းဖြင့် တစ်နေ့သုံးခါလုပ်ပါ။
အချုပ်အားဖြင့်ဆိုသော် လေဖြတ်လေငန်း ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်တတ် သောရောဂါဖြစ်သော်လည်း ထိုရောဂါက ဝေဒနာ သည်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို အတိဒုက္ခဖြစ်စေသဖြင့် အန္တရာယ်ရှိသည့်ရောဂါ ဖြစ်ပြီး လူ့ဘဝသက်တမ်းကို တိုတောင်းစေပါသည်။ သုတေသနရလဒ်များအရ အကယ်၍လေငန်း ရောဂါခံစားရသူတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရပါက သာမန်လူများထက် သေဆုံးနိုင်ခြေ ၂ ဒသမ ဝ၂ ဆပိုကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ မိမိ ကိုယ်တိုင်လည်း လေငန်းမဖြစ်အောင် နေ့စဉ် ဘဝမှာ ကျန်းမာရေးနှင့်အညီ နေထိုင်ပြုမူ စားသောက်သင့်ပြီး အကယ်၍ မိသားစုထဲတွင် လေငန်းရောဂါခံစားနေရသူရှိပါက လူသားချင်း စာနာစိတ်ဖြင့် အစဉ်သဖြင့် ဖေးမစောင့်ရှောက် ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
n