
လေးမျက်နှာ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး လေး မျက်နှာမြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇နာရီက လေး မျက်နှာမြို့နယ်အတွင်းရှိ အောင် မင်္ဂလာစျေး၊ အမှတ်(၃)ရပ်ကွက် လမ်းဆုံနှင့် မြို့အဝင် အထွက် တို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့် နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်- ၁၉ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက် စီမံကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအဖွဲ့တို့က ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် နေအိမ် ပြင်ပသို့ ထွက်ခွာသူများ၊ ဈေး ရောင်းချသူများနှင့် ဈေးသွား၊ ဈေးလာများ နှာခေါင်စည်း မဖြစ် မနေ တပ်ဆင်ရေး၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြား ချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့ကို အသိ ပညာပေး ဟောပြောခဲ့ပြီး တစ်ခါ သုံး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)