လေးမျက်နှာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး တာဝန်ရှိသူများ Quarantine Center ပြင်ဆင်ထားရှိမှု လိုက်လံကြည့်ရှုစစ်ဆေး

လေးမျက်နှာ  ဇူလိုင်  ၁၁
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်   လေးမျက်နှာမြို့၌ ကိုဗစ် -၁၉ ရောဂါ   ကြိုတင်   ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး တာဝန်ရှိသူများက  အားကစားခန်းမတွင်Quarantine Center ပြင်ဆင်ထားရှိမှုကို  ယနေ့ နံနက် ၈ နာရီ၌  လိုက်လံကြည့်ရှု စစ်ဆေးသည်။
လေးမျက်နှာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာများအား ကုသရေးနှင့် အသွားအလာကန့်သတ်ထားရှိရေး တို့အတွက်     ကြိုတင်ပြင်ဆင်     ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍      မြို့နယ်စည်ပင်သာယာရေးအဖွဲ့    တာဝန်ခံ အင်ဂျင်နီယာဒေါ်ရွှေစင်က      ရှင်းလင်းတင်ပြမှုများအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင် နှင့်အဖွဲ့ဝင်များက  လိုအပ်သည်များကို   တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လေးမျက်နှာမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးကူးစက်ခံထား ရသူများ ယမန်နေ့အထိ  ၇၈ ဦးရှိခဲ့ပြီး  လေးမျက်နှာဆေးရုံ ၌ ၃၆ ဦး၊   မြို့ဦးဓမ္မာရုံ၌ ၁၁ ဦး၊  အိုင်သပြုဆေးရုံ၌ ၂၄ ဦး၊ အချုပ်ခန်း ငါးဦး၊   အောက်ဆီဂျင် တစ်ဦး   ပေးထားရကာ   ဆီးချိုလူနာ နှစ်ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)