လေလွင့်မှုများ မရှိအောင်

နိုင်ငံတော်အစိုးရ၏ ဝင်ငွေသည် အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှုနှင့် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက်   အခွန်ငွေကောက်ခံရရှိမှုများ  နည်းပါးလျက်ရှိကြောင်း၊   ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်၍  သက်ဆိုင်ရာဝန်ကြီးဌာနများ၊  အဖွဲ့အစည်းများအနေဖြင့်  မဖြစ်မနေသုံးစွဲရမည့်  လုပ်ငန်းကိစ္စရပ်များအပ အခြားကိစ္စရပ်များတွင် တတ်နိုင်သမျှချွေတာ သုံးစွဲရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့်  သောက်သုံးရေနှင့် လျှပ်စစ်မီး သုံးစွဲမှု များကို လေလွင့်မှုများမရှိအောင် စနစ်တကျသုံးစွဲကြရန် လိုအပ်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)