
ဆော်ပေါ်လို ဧပြီ ၃
ဘရာဇီးနိုင်ငံသည် နိုင်ငံတွင်းသို့ လေကြောင်းဖြင့် ရောက်ရှိလာပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် အဝ ထိုးနှံထားသော ခရီးသွားများ ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိကြောင်း အထောက်အထား စာရွက်စာတမ်းပြသခြင်းကို ဧပြီ ၂ ရက်တွင် ပယ်ဖျက်လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။
သို့သော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝမထိုးနှံ ရသေးသော ခရီးသွားများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိကြောင်း အထောက်အထား စာရွက်စာတမ်း ပြသရဦးမည် ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံထား သည့် ဘရာဇီးနိုင်ငံသားနှင့် နိုင်ငံ ခြားသားများအနေဖြင့် စာရွက် တစ်စုံတစ်ရာပြသရန် မလို ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ဆေးရုံ တက်ရောက်ကုသသည့် လူနာ အရေအတွက် ကျဆင်းလာသည့် အတွက် ထိုကဲ့သို့ ပယ်ဖျက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘရာဇီးနိုင်ငံသို့ ကုန်းလမ်း ဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဘရာဇီးနိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထား သည့် စာရွက်စာတမ်းများ ပြသရန် မလိုကြောင်းလည်း သိရသည်။
ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နောက်ပိုင်းတွင် ဘရာဇီး နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု နှုန်း ကျဆင်းလာခဲ့ကြောင်း သိရသည်။
ဆင်ဟွာ