လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အနီး၌ တစ်ရွာတည်းနေ အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ကလေးငယ် တစ်ဦးသေဆုံး

 

နေပြည်တော် စက်တင်ဘာ  ၂၅


တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး တစ်ရွာတည်းနေအကြမ်းဖက်လူတစ်စုက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် အပြစ်မဲ့ ကလေးငယ် တစ်ဦး မိုင်းစထိမှန် သေဆုံးခဲ့သည့်ဖြစ်စဉ်  ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်  သောကြာပြင်ကျေးရွာ   ဆင်မင်းရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ   ဒေါ်ကြည်ဌေး (ဘ)ဦးအေးရှီနှင့်   တူမဖြစ်သူ    မအိအိငယ်(ဘ)ဦးမောင်လေး(အသက် ၁၃ နှစ်) တို့သည်  စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် နေအိမ်ရှေ့ ခြံစည်းရိုး အနီး၌ ပန်းခူးနေစဉ် တစ်ရွာတည်းနေ အကြမ်းဖက် သူများထောင်ထားသည့်   မိုင်းပေါက်ကွဲမှုကြောင့် မအိအိငယ်သည်   ဖြစ်စဉ်နေရာ၌ပင်  မိုင်းစထိမှန် ဒဏ်ရာများဖြင့်  သေဆုံးခဲ့ပြီး  ဒေါ်ကြည်ဌေးသည်မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့်    ထားဝယ်ပြည်သူ့ ဆေးရုံသို့  ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်နှင့်  ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက  တရားခံများအား  ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ   စက်တင်ဘာ  ၂၂ ရက် ညပိုင်းတွင်   တစ်လမ်းတည်းနေထိုင်သူ  စိုးမင်းထွေး (ဘ)ဦးလှရွှေအား ဦးစွာဖော်ထုတ်  ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အဆိုပါဖြစ်စဉ်၌ ကျေးရွာ နေသူများဖြစ်သည့် ဟိန်းသူအောင် (ဘ)ဦးအောင်ဖေ၊ ကျော်စိုး(ဘ)ဦးလှရှိန်နှင့် စောရွှေ(ဘ)ဦးလှရှိန်တို့ သုံးဦးပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ      ဖမ်းဆီးရမိသူအား  ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးနှင့်  ပါဝင်ပတ်သက်သူ များအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည်များ ဆက်လက်      ဆောင်ရွက်လျက်ရှိကြောင်း     သိရ သည်။


သတင်းစဉ်