လောင်စာဆီလျင်လျင်မြန်မြန်ဖြန့်ဖြူးရန် သီရိလင်္ကာသမ္မတ ဝစ်ကရမ်ဆင်း ညွှန်ကြား

 

ကိုလံဘို   ဇူလိုင်  ၂၃


သီရိလင်္ကာသမ္မတ      ရာနေးလ် ဝစ်ကရမ်ဆင်းသည် လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်းကို   အရှိန် မြှင့်တင်ပြီး  ကျောင်းနှင့်   အများ ပြည်သူ    သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်   အဓိကထား ပံ့ပိုးပေးနိုင်ရေးအတွက် တာဝန်ရှိ သူများအား            စနေနေ့က ညွှန်ကြားလိုက်ကြောင်း    သိရ သည်။ 

 


လောင်စာဆီ အကျပ်အတည်း ကို     ဖြေရှင်းရန်ပြုလုပ်သော အစည်းအဝေးအတွင်း   ၎င်းက ထိုကဲ့သို့  ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။  လောင်စာဆီပြတ် လပ်မှုကြောင့်          စာသင် ကျောင်းများ    ရက်သတ္တပတ် များစွာ    ပိတ်ထားခဲ့ရပြီးနောက်     ပြန်လည်     ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင်    သမ္မတသည်   ရေလုပ်သားများ၊   လယ်သမားများနှင့် ခရီးသွား လုပ်ငန်းတွင်   လုပ်ကိုင်ဆောင် ရွက်နေသူများအား  လောင်စာ ဆီကို  လုံလုံလောက်လောက် ထောက်ပံ့ပေးရန်     လိုအပ် ကြောင်းလည်း  ညွှန်ကြားထား သည်။ 

 


နိုင်ငံအတွင်း   လောင်စာဆီ မှောင်ခိုဈေးကွက်ကို  ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန်နှင့်   စုံစမ်း စစ်ဆေးမှုများ   လုပ်ဆောင်ရန်      ရဲတပ်ဖွဲ့အား    သမ္မတ ဝစ်က ရမ်ဆင်းက   ညွှန်ကြားထား သည်။ သီရိလင်္ကာနိုင်ငံသည်   နိုင်ငံခြား အရန်ငွေပြတ်လပ်မှု ကြောင့်    ယခုနှစ်     အစောပိုင်း ကတည်းက    လောင်စာဆီ  ပြတ်တောက်မှုနှင့်    အကြီး အကျယ်   ရင်ဆိုင်နေရသည့် နိုင်ငံ ဖြစ်သည်။                  

ဆင်ဟွာ