
အမောင်(မြန်မာပြည်သား)၊ အေးကျော်(ရူပဗေဒ)
(ယမန်နေ့မှအဆက်)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်နေ့အထိဖြစ်ပြီး ရက်ကာလအားဖြင့် များပြားသည်တော့ မဟုတ်။ အလုပ်သဘော ခရီးစဉ်ဖြစ် သည့်အတွက် ရသည့်အချိန်ကာလတို အတွင်း တွေ့ဆုံရမည့်သူများနှင့် တွေ့ဆုံ။ ဆွေးနွေးသင့်သူများ ဆွေးနွေး။ လေ့လာရမည့်နေရာများအား လေ့လာ ရသည်။ ၎င်းအပြင် အနာဂတ်မြန်မာ နိုင်ငံတော်ကြီးအား တည်ဆောက်ရာတွင် နယ်ပယ်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုးစေ ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်စေလွှတ်ထားသည့် ပညာ တော်သင် ကျောင်းသားများကိုလည်း လိုအပ်သည့်လမ်းညွှန်ဩဝါဒကို ပေးရသည်။
ပညာတော်သင်များကို
ဩဝါဒစကားပြောကြား
ရုရှားနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အသီးသီး၌ ပညာတော်သင် များအဖြစ် တက်ရောက်လျက်ရှိသည့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူ များကြား၌ အမိမြန်မာပြည်မှလည်း အများအပြား ပါဝင်သည်။ အလှမ်းဝေး ကွာလွန်းသည့် နိုင်ငံရပ်ခြားသို့ ပညာ တော်သင်အဖြစ် လာရောက်ကြသူများ ဖြစ်၍ သူတို့လည်း အမိမြေကို လွမ်းကြ သည်။ တမ်းတတတ်ကြသည်။ မိဘ ဆွေမျိုးနှင့် အသိုင်းအဝိုင်းများကို ခေတ္တ ခွဲခွာ၍ ပညာသင်အဖြစ်လာခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သတင်း စကားကို ကြားလိုသည်။ မြန်မာပြည်၏ ဒေသထွက် အစားအစာလေးများကို တမ်းတလိုသည်။ မိမိတို့အကြီးအကဲ၏ ဩဝါဒကိုလည်း နာခံလိုသည်။ ထိုသို့ သော လိုလားချက်များအပေါ် မိဘအရာ ၌ ရှိနေသည့် အကြီးအကဲသဘော ပေါက်သည်။ အမိမြန်မာပြည်မှ ဝေးကွာ နေသည့် ကာလအတွင်း မြန်မာမှုလက်ရာ မွန် မုန့်ဟင်းခါးနှင့် ရုရှားမြေတွင် ရှာဖွေ မရနိုင်သည့် မြန်မာနိုင်ငံထွက် စားသောက်ဖွယ်ရာများကို လေယာဉ်ဖြင့် တစ်ပါတည်း ယူဆောင်ခဲ့သည်။ မြန်မာ့ အစားအစာကို ငံ့လင့်နေကြမည့် ပညာ တော်သင်များကို အချိန်ရှည်စောင့်ဆိုင်း နေရန် မလိုစေရ။ လေယာဉ်ဆိုက်ရောက် သည်နှင့် သက်ဆိုင်ရာ ကျောင်းများ အလိုက် တာဝန်ခံများမှတစ်ဆင့် ပါရှိလာ သည့် မြန်မာမှု စားသောက်ဖွယ်ရာများ နှင့် မုန့်ဟင်းခါးများကို ချက်ချင်းခွဲဝေ စေ၍ ကျောင်းအလိုက် ချက်ပြုတ် ကျွေးမွေးစေသည်။ အကြီးအကဲ၏ စေတနာကား ပညာတော်သင် ကျောင်းသားများ၏ မျက်နှာထက်ရှိ အပြုံးတွင် ပိုမိုလှပနေမည်ဟု ထင်ပါ သည်။ ဤသည်ကား တာဝန်အဖြစ် သတ်မှတ်မထားသည့်တိုင် အကြီးအကဲ တည်းဟူသော အရိုက်အရာကို ယူထား သည့်အတွက် ဝတ္တရားရှိသည်ဟူသော မိဘသဖွယ်စိတ်ဓာတ်ဖြင့် ဖြည့်ဆည်း ပေးခြင်းဖြစ်သည်။ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်ရှိ ဧည့်ခန်းမဆောင် ၌ ပညာတော်သင် အရာရှိများအား ဩဝါဒအမှာစကား ပြောကြားအပြီးတွင် လည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ များကို ပေးအပ်ခဲ့ရာ ကျောင်းအလိုက် တာဝန်ခံများက ဝမ်းပန်းတသာ လက်ခံ ရယူကြသည်။ ဩဝါဒအမှာစကား ပြောကြားရာတွင် ဘာသာတရားနှင့် ပတ်သက်၍ ဗုဒ္ဓအဆုံးအမတရားတော် များနှင့်အညီ မေတ္တာတရားကို လက်ကိုင် ထား၍ မှန်ကန်စွာ ပြောဆိုနေထိုင်ရန်ဖြင့် ဩဝါဒစကားကို စတင်သည်။ အကြီး အကဲ၏ ဘာသာတရားအပေါ် အလေး အနက်ထားမှု၊ တပည့်သားသမီးအပေါ် မိဘ၊ ဆရာသမားအနေဖြင့် ကရုဏာ ထားမှုတို့က ထင်ရှားလွန်းလှသည်။ မိမိ နိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲနေမှု၊ တိုးတက် ဖြစ်ထွန်းနေမှု၊ ပါတီအဖွဲ့အစည်းအချို့၏ နိုင်ငံတော် အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခဲ့သည့် အခြေ အနေများ၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ တော်၏ တာဝန်အရပ်ရပ်ကို ခေတ္တရယူ ထိန်းသိမ်းခဲ့ရသည့် အခြေအနေများကို လည်း ထည့်သွင်းရှင်းလင်းသည်။
နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုတို့ကို မလိုလားသည့် အဖွဲ့ အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့ ၏ လှုပ်ရှားလုပ်ဆောင်နေမှုအချို့တို့ကို ပညာတော်သင် ကျောင်းသားများလည်း သတိပြုမိဟန်ရှိသည်။ အကြီးအကဲ ၏ ဩဝါဒစကားအပေါ် လေးနက် တည်ကြည်စွာ နားစွင့်နေမှုများက သက်သေဖြစ်မည်ထင်သည်။
ကြိုးစားသင်ယူရန် မှာကြား
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်မှ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံတော်အား စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးစားပေးဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို လည်း အကျယ်တဝင့်ရှင်းလင်း၍ ဩဝါဒ စကားတွင် ထည့်သွင်းပြောကြားသည်။ လက်ရှိပညာတော်သင်များနှင့် ပတ် သက်၍ အကြီးအကဲ၏ အလေးအနက် ထားမှု၊ ဖြည့်ဆည်းပေးထားမှုများ အတွက် လမ်းညွှန်မှုပြုရာတွင် အခြား သူများနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်မှ မနိမ့်ကျစေရေး ကဏ္ဍပေါင်းစုံမှ ကြိုးစား နေရန်လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်သည် နိုင်ငံတည်ဆောက် ရေးအတွက် အခြေခံအကျဆုံးရင်းမြစ် ဖြစ်သည့်အတွက် ယခုသင်ကြားနေသည့် ပညာရပ်များအလိုက် အပတ်တကုတ် ကြိုးစားလေ့ကျင့်သွားရန် လိုအပ် ကြောင်း၊ ပညာတော်သင်များအား တစ်ဦး တစ်ယောက်ချင်းစီအတွက် တပ်မတော် မှ အကုန်အကျများစွာ ကျခံ၍ ဆောင် ရွက်ပေးထားခြင်း ဖြစ်သည့်အတွက် တပ်မတော်သားများပီပီ စည်းကမ်းကို လေးစားလိုက်နာ၍ ကြိုးစားသင်ယူ သွားရန်လိုအပ်ကြောင်း မှာကြားသည်။ အကြီးအကဲ၏ စေတနာစကား လမ်းညွှန် ဩဝါဒမှာ အဓိပ္ပာယ်များစွာပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းမှသည် တပ်မတော် နှင့် နိုင်ငံတော်အတွက် တိုးတက်စေလိုမှု၊ ဘာသာတရားအပေါ် ယုံကြည်ကိုးစား စေလိုမှုတို့ဖြင့် ပြည့်သျှမ်းလျက်ရှိနေ သည်မှာ အထင်အရှားပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ် သည် ရည်ရွယ်ချက်၊ ရည်မှန်းချက် အများအပြားဖြင့် ဆောင်ရွက်ခဲ့သည် ဆိုလျှင် မှားမည်မထင်။ ခရီးစဉ် အတွင်း အစိတ်အပိုင်း တစ်ခုအဖြစ် တာတာစတန်ပြည်နယ်သို့ သွားရောက် ခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarsan ကာဇန်မြို့ ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan အကြီး အကဲ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတို့က ကြိုဆိုကြ သည်။ အကြီးအကဲ၏ ကြီးမြတ်မှုကို အလေးအနက်ပြုမှုအဖြစ် ကော်ဇောနီ ကို စနစ်တကျခင်းကျင်း၍ ဖက်လဲ တကင်းဖြင့် ရင်းရင်းနှီးနှီး လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့သည်။ ၎င်းအပြင် ဒေသ၏ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ တစ်ခုဖြစ်သည့် ဧည့်သည် အကြီးအကဲအတွက် ရည်ရွယ်၍ လတ်တလောပြုလုပ်ထား သည့် ပေါင်မုန့်ကို ဒေသ၏ အစဉ်အလာ နှင့်အညီ ဦးဦးဖျားဖျားဦးချ၍ ဧည့်ခံ သည်။ အပြန်အလှန် ရိုသေလေးစားမှု၊ ယုံကြည်မှုတို့ကို ဖော်ညွှန်းသည့် ဒေသ၏ အစဉ်အလာကား ချစ်စဖွယ်ပင်။
ကဏ္ဍပေါင်းစုံ ပူးပေါင်း
ဆောင်ရွက်ရေးဆွေးနွေး
တာတာစတန်ပြည်နယ်သည် ရုရှား နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုဗဟိုဒေသအဖြစ် တည်ရှိ သည်။ ယဉ်ကျေးမှု ဗဟိုဒေသဟု သတ်မှတ် ခံထားရသည်မှာလည်း ထူးတော့မထူးဆန်းလှ။ များပြားလှစွာ သော ရှေးဟောင်း အဆောက်အအုံများ၊ လမ်းများ၊ ပန်းခြံများ စသည်ဖြင့် ယခု ကာလအထိအသက်ဝင်နေဆဲ။ တာတာ စတန်ပြည်နယ်သို့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင်လည်း ရောက်ရှိသည့် ညပိုင်း၌ပင် တွေ့ဆုံဆွေးနွေးရေးကို စတင်လုပ်ဆောင်သည်။ တာတာစတန် ပြည်နယ်၏ အကြီးအကဲဖြစ်သူ Mr. Rustam Nurgaliyevich Minnikhanov နှင့် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေး သည်။ နိုင်ငံအတွက် အလုပ်သဘော ခရီးထွက်ခဲ့သည်မို့ ဆွေးနွေးချက်များမှာ နိုင်ငံတော်အတွက် အကျိုးပြုမည့် အကြောင်းအရာများသာ၊ မြန်မာနှင့် တာတာစတန်တို့ကြား စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊ ရှိရင်းစွဲ ဆက်ဆံရေး အခြေအနေနှင့် ပူးပေါင်း ဆောင်ရွက်မည့် စီးပွားရေးကဏ္ဍများ ပိုမို တွင်ကျယ်လာစေရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတို့တွင် တိုးမြှင့်ဆောင်ရွက်သွား မည့် အခြေအနေများကို အကျေအလည် ဆွေးနွေးကြသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု၊ တင်ပို့မှု စသည့် အကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးကြရာ လောင်စာများအား ဖူလုံ စွာ ပိုင်ဆိုင်နိုင်မှု၊ ရလာမည့် အခြေအနေ ကို အကဲဖြတ်မိသည်။ မင်္ဂလာမည်သည့် သတင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။ အလားတူ နိုင်ငံအတွင်းရှိ ပြည်သူလူထု များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမှု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်စေမှု၊ စီးပွားရေး တိုးတက်လာစေမှု စသည့် အကျိုးတရား များ ရရှိလာစေမည့် စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို လည်း ဆွေးနွေးကြရာ အကြီးအကဲ၏ စိတ်စေတနာ၊ ဖြစ်ထွန်းစေလိုသော ဆန္ဒ တို့ကို သတိပြုမိသည်။ အခြားသော ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီးကိုလည်း ဆွေးနွေးကြရာ အကြောင်းအရာ များပြားသည့်တိုင် တစ်ခုချင်းစီသော အကြောင်းအရာတိုင်းအတွက် ချက်ကျ လက်ကျဖြင့် ခင်မင်ရင်းနှီးစွာ အချိန်ယူ ဆွေးနွေးကြသည်များမှာ အားရဖွယ် ကောင်းလှသည်။ နိုင်ငံ့အရေးအတွက် တွင်တွင် ကျယ်ကျယ်ဖြင့် အပြန်အလှန် ပြောဆိုဆွေးနွေးလိုက်ကြသည်မှာ ရုရှား စံတော်ချိန် ည ၁၁ နာရီထိုးလုထိုးခင်အထိ ဖြစ်ခဲ့ပြီး ညစာစားချိန်နောက်ကျခဲ့သည် မှာလည်း ခရီးစဉ်အတွင်း အမှတ်တရ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
လောင်စာဆီကိစ္စ ညှိနှိုင်းဆွေးနွေး
တာတာစတန်ပြည်နယ် အတွင်း ရောက်ရှိနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် PJSC “Tatneft” ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Mr. Nail Ultatovich MAGANOV နှင့် တာဝန်ရှိသူများက တင်ပြသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လိုသည့် အခြေ အနေနှင့် နိုင်ငံအတွက် လိုအပ်မည့် လောင်စာဆီအား ဖြည့်ဆည်းဆောင် ရွက်နိုင်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။ နိုင်ငံတစ်ခု တည် ဆောက်ရာတွင် မဖြစ်မနေလိုအပ်မည့် လောင်စာဆီကိစ္စအား ယခုကဲ့သို့ အလေး ထား ညှိနှိုင်းဆွေးနွေးနေသည်ကပင် အကြီးအကဲ၏ စေတနာအား တန်ဖိုးဖြတ် ရန် မလွယ်သည်ကို မှန်းဆနိုင်ပါသည်။
တာတာစတန်ပြည်နယ် အတွင်း ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့ သည် ရောက်နေသည့်ကာလအတွင်း မြန်မာအတွက် အကျိုးရှိမည့် အချက် အလက်၊ အကြောင်းအရာများကို အပြည့် အဝ ယူဆောင်သွားလိုသည့် သဘောရှိ သည်။ ရသရွေ့သော အချိန်ကာလအတွင်း Kazan Hi-Technology Park(IT Park) ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဘာသာရပ်ဆိုင်ရာသင်ကြား လေ့ကျင့် ပေးနေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်မှု အခြေအနေ များ၊ လိုအပ်သည့် နည်းပညာရပ်ပိုင်း ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် Smart House နည်းပညာအပါအဝင် လုံခြုံရေး၊ ထိန်းချုပ် ရေးတို့နှင့် အခြားနည်းပညာရပ်ပိုင်း ဆိုင်ရာများ တပ်ဆင်မှုများကို ကုမ္ပဏီ များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများကို သွားရောက် လေ့လာသည်။ ထို့ပြင် ၁၈၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် Kazan Federal University (Kazan State University)၊ ၁၉၅၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော ကာဇန်မြို့၏ State Museum of Fine Arts ၊ တာတာစတန်သမ္မတနိုင်ငံ၏ အမျိုးသားစာကြည့်တိုက်တို့သို့ သွား ရောက်လေ့လာ၍ ၎င်းတို့မှ အမိမြန်မာ ပြည်အတွက် ပြုပြင်ရန်ရှိ ပြုပြင်၍ အတု ယူသင့်က အတုယူရန် အသေးစိတ် လေ့လာသည်။
ရဟတ်ယာဉ်ထုတ်လုပ်မှု
ကြည့်ရှုလေ့လာ
ထိုမှသည် Kazan Aircraft Produ-ction Association သို့ ရောက်ရှိစဉ် အကြီးအကဲ၏ ပုံပန်းသွင်ပြင်ကား ပိုမို သွက်လက်လွန်းလှသည်။ တာဝန်ရှိသူ တစ်ဦး၏ ရဟတ်ယာဉ်ထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြမှုအား လေးလေးနက်နက် စိတ်ပါဝင်စားစွာ နားထောင်သည်။ မေးခွန်းပေါင်းများစွာ နှင့် မေးမြန်းဆွေးနွေးသည်။ စက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်ကအစ လေ့လာသည်။ Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ် မောင်းနှင်ခြင်းကို ကိုယ်တိုင်စမ်းသပ် မောင်းနှင်သည်။ ခေတ်မီတပ်မတော် တစ်ရပ် တည်ဆောက်ရေးသာမက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင်ပါ တွင်ကျယ်စွာ အသုံးပြုရန်အတွက် ရဟတ်ယာဉ်၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်ကို သတိပြုထားဟန်ရှိသည်။
HIMGRAD Industrial Complex တွင်လည်း စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကုန်ကြမ်းပစ္စည်း များ၊ အိမ်သုံးပစ္စည်းများ၊ ဆေးပစ္စည်း များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေး လုပ်ငန်း သုံး ဓာတ်မြေဩဇာနှင့် ဆေးဝါး ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်နေမှု၊ ဖြန့်ဖြူးမှုတို့ကို လေ့လာ ခဲ့တာတွေ့ရပြန်သည်။
နိုင်ငံတော်အဆင့်ဖြင့်ကြိုဆို
မနားမနေသော ခရီးစဉ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံ၏ အထင်ကရ မြို့တော်၊ တစ်နည်း အားဖြင့် ရုရှားနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် စိန့်ပီတာစဘတ်သို့ ခရီးဆက် ခဲ့ရာ စိန့်ပီတာစဘတ်မြို့ ပူကောဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်နယ် အစိုးရအဖွဲ့မှ မြို့ပြင်ပဆက်ဆံရေး တာဝန်ခံ Mr. Evgeniy D.GRIGORIEV နှင့် တာဝန်ရှိသူများက ကော်ဇောနီခင်း ကာ နိုင်ငံတော်အဆင့်ဖြင့် ရိုသေလှိုက်လှဲ ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြ သည်။ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိ စဉ် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr.Alexander Beglovနှင့် အဖွဲ့ဝင်များကို တွေ့ဆုံဆွေးနွေးရာ တွင်လည်း နိုင်ငံအတွက်ထားရှိသည့် စိတ်စေတနာကို မြင်ခွင့်ရသည်။ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးနှင့် State level ၊ Regional level ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေ အနေများကို ဆွေးနွေးသည်။ ရုရှားနှင့် မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမှာ များပြားလွန်း လှသည့် အခြေအနေဖြစ်သည့်အတွက် ပိုမို၍ လျင်မြန်သော လှုပ်ရှားဆောင်ရွက် မှုတို့ ဖြစ်လာစေရန်အတွက် မြန်မာ နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်ရန် ဆောင်ရွက်နေခြင်းသည် ခေတ်စကားအရဆိုလျှင် တစ်ကွက် ရွှေ့လိုက်သည်ဟုပင် ဆိုနိုင်ပေသည်။ ဆွေးနွေးမှုများတွင် နှစ်နိုင်ငံ၏ လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို လည်း ထည့်သွင်းပြောကြားခဲ့ရာ နယ်ပယ်စုံသော ဆွေးနွေးမှုဟုဆိုလျှင် မှားမည်မထင်ပါ။ တွေ့ဆုံဆွေးနွေးမှု အပြီးတွင် စိန့်ပီတာစဘတ်မြို့အစိုးရ အဖွဲ့အကြီးအကဲက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစိုးရ အဖွဲ့ရုံးအတွင်း လှည့်လည်ပြသသည်။ လှည့်လည်ပြသသည့် ရုံးခန်းမှာလည်း ရုရှားနိုင်ငံအတွက် အထင်ကရသမိုင်း ရှိခဲ့သည့် ရုံးခန်းဖြစ်သည်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ လက်ရှိသမ္မတ Vladimir Putin အပါအဝင် အခြားနိုင်ငံ့ ခေါင်းဆောင်များအဖြစ် တာဝန်တိုးတက် ထမ်းဆောင်ခဲ့သူများ၏ ရုံးခန်းများကို အမှတ်တရပြခန်းများသဖွယ် ထိန်းသိမ်း ပြသထားရှိသည်ကို တွေ့ရသည်။ သမိုင်းကြောင်းကောင်းသည့် ရုံးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရှင်းလင်းနေမှုမှာ လေးစားအားကျဖွယ်ပင်ဖြစ်သည်။
စဉ်ဆက်မပြတ် အတူရှိနေမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၈၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် Poly-technic State University သို့ ရောက်ရှိ စဉ်တွင်လည်း တက္ကသိုလ်မှပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy နှင့် တာဝန်ရှိသူများက ဝမ်းသာအယ်လဲ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ်ဆောင်မှုအခြေအနေများကို ဦးစွာ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံမှ ပညာ တော်သင်များ ထပ်မံစေလွှတ်သင်ကြား မည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများကို ဆွေးနွေးခဲ့သည်။
အနာဂတ် မျိုးဆက်သစ်လူငယ်လူရွယ်များ၏ ရုရှား မြေတွင် လာရောက်၍ ပညာသင်ကြား နေမှု၊ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နေမှုများသည် လက်ရှိကာလတွင် တွေ့မြင်နေရသကဲ့သို့ အနာဂတ်ကာလ တွင်လည်း စဉ်ဆက်မပြတ်သည့် ဆင့်ကဲမှုဖြစ်စဉ်နှင့် အတူရှိနေမည်ကို တွေးထင်မြင်ယောင်၍ ကြည်နူးနေမိပါသည်။
အိတ်နှင့်လွယ်သည့် ဆွေးနွေးချက်
ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှု များအား Novosibirsk မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် Higher Command School မှ ကျောင်းအုပ်ကြီး၊ သိပ္ပံနှင့် နည်းပညာ၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် အခြား နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် အဆုံးသတ်သည်။ ဆွေးနွေးမှုများကား မနည်းလှ။ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်များ အပြန် အလှန် တင်ပို့ဆောင်ရွက်နိုင်မှုအခြေ အနေများ၊ ခရီးသွားလုပ်ငန်း ကိစ္စရပ် များ၊ နိုဗာစီဘစ်ရ်စ်ခ်မြို့နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲ ပျံသန်းနိုင်မည့် အခြေအနေများ၊ ဒေသ တွင် အဆင့်မြင့်တက္ကသိုလ် ၂၂ ခုရှိပြီး နိုင်ငံခြားသင်တန်းသားများကိုပါ လက်ခံ သင်ကြားပေးလျက်ရှိသည့်အတွက် ပညာ ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ သိပ္ပံနှင့် နည်းပညာဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် လေ့လာနိုင် ရေး စီစဉ်ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ ယဉ်ကျေးမှုနယ်ပယ်တွင် လည်း အပြန်အလှန်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စစ်ဘက်၊ နယ်ဘက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွား နိုင်မည့်အခြေအနေများကို အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်ခဲ့ကြသည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ်သည့် ဆွေးနွေးချက်များဟု ဆိုလျှင်လည်း ရမည်ဟု ထင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် ကာလအတွင်း လေကြောင်းခရီးစဉ်ပေါင်း ရှစ်ခု စီးနင်း ခဲ့ပြီး ကီလိုမီတာအားဖြင့် ၁၈၇၃၁ ဒသမ ၈ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၂၂၈၃ မိုင် အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကာလတိုအတွင်း အထက်ပါ အတိုင်း တစ်နေရာမှ တစ်နေရာ ဟိုမှ သည်သို့ ကူးလူးသွားလာ၍ တွေ့ဆုံ ဆွေးနွေးမှုများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တက္ကသိုလ်များသို့ သွားရောက်လေ့လာ မှုများ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မျှော်ကိုးဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့ ဆွေးနွေးခဲ့သည့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် စစ်ဘက်-နယ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး၊ နည်းပညာပိုင်း၊ စိုက်ပျိုးမွေးမြူရေး စသဖြင့် မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံ တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနှင့်ပင် ရာနှုန်းပြည့် သေချာ နေတော့မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ဘက်မလိုက်သော ကြားနေမူဝါဒ ကျင့်သုံးသည့်နိုင်ငံတစ်ခု အဖြစ်၊ ခိုင်မာသည့် မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
- Log in to post comments