လောက်ကိုင်တွင် တပ်မတော်မှ အဆိပ်သင့်ဓာတုဗုံးဖြင့် တိုက်ခိုက်သည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဇန်နဝါရီ     ၂
တပ်မတော်က လောက်ကိုင်ဒေသ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု   တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သား ၁၀ ဦး အဆိပ် သင့်ပြီး   ကလေးငယ်နှစ်ယောက်  သေဆုံးခဲ့ရသည်ဟု  အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာ DVB နှင့် The Kokang Facebook တို့မှ    အွန်လိုင်းမီဒီယာများတွင်       မဟုတ်မမှန် ကောလာဟလသတင်းများ  ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
ဝါဒဖြန့်တိုက်ခိုက်လေ့ရှိ
တပ်မတော်အနေဖြင့် တာရွှေထန်တွင်  အဆိပ်သင့်ဓာတုဗုံးများ     အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ကြောင်း၊  လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ယခင်ကလည်း ထိုကဲ့သို့ သတင်းအမှားများဖြင့် ဝါဒ ဖြန့်တိုက်ခိုက်လေ့ရှိပြီး ယခုတွင်လည်း ထိုကဲ့သို့ မဟုတ်မမှန် သတင်း များကို အချိန်ကိုက်လုပ်ကြံဖန်တီးကာ ဝါဒဖြန့်ချိခြင်းသာဖြစ်ကြောင်း သိရှိရသည်။
လူမှုကွန်ရက်တွင် ဖြန့်ဝေနေ
လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ ထိခိုက်ကျဆုံး မှုများပြားလာသည့် အချိန်များတွင် အခြေအမြစ်မရှိသော ကောလာ ဟလသတင်းအမှားများ   ထုတ်လွှင့်နေပြီး   အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက   တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်၍   သတင်းတု၊  သတင်းမှားများကို    လူမှုကွန်ရက်တွင်   ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။           
သတင်းစဉ်